LMBF(Final)

15.9K 717 20
                                    

'မင်း လက်ချောင်းလေးတွေကလှလိုက်တာ'

'ဟင် ဟုတ်လား'

တွဲထားတဲ့လက်တစ်စုံကိုငုံ့ကြည့်ရင်း သူအမေးပြန်ထုတ်လိုက်မိသည်

'အင်း'

ခပ်ဖွဖွပြုံးရင်းပြောလာတာကြောင့် တွဲထားတဲ့သူ့လက်တွေကို ခပ်တင်းတင်းညှစ်လိုက်မိသည်

'ရှင်း'

'အွန်း'

လူကိုကြည့်လာတဲ့မျက်ဝန်းနွေးနွေးတွေကြား ခုန်နှုန်းမြင့်လာတဲ့ရင်ဘတ်ကိုထိန်းဖို့ရာ အောက်နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လိုက်မိသည်

'ငါလေ ဟာ'

ပြောလို့ပင်မဆုံးသေး တဖွဲဖွဲနဲ့ရွာကျလာတဲ့မိုးစက်တွေကြောင့် ရှင်းလက်ကိုဆွဲကာ ဧရာဆောင်အောက်သို့ မိုးခိုရန်အရင်ပြေးရတော့လေသည်
ဟူး ငါ့ကိုRoခွင့်လေးတော့ပေးပါဦးမိုးရယ်

'ဟူး ဒီမိုးနဲ့ အချိန်အခါမဟုတ်!စိုသွားသေးလားငယ်'

ခေါင်းပေါ်က မိုးရေစက်တွေကို လက်ချောင်းရှည်ရှည်တွေကဖယ်ခါပေးနေကာ အကဲပိုစွာမေးပြန်လေသည်
ဒါပေါ့ ကျွန်တော်သိပ်သဘောကျနေတာပေါ့

'ဘာလဲကွာ ကျောင်းပိတ်ရက်လေး ကျောင်းလာပြီးအမှတ်တရတွေ ပြန်တူးဆွပါ့မယ်ဆို မိုးကဖျက်ပြီ'

'ဟား ရှင်းရာ အဲ့ဒါကြောင့်ငါ့ကို ချက်ချင်းကြီး ကျောင်းသွားရအောင်ပြောတာလား'

'မဟုတ်ပါဘူး'

'ဟုတ်ပါတယ် ဟုတ်တယ်မလား'

'အေး ဟုတ်တယ်ကွာ မင်းနဲ့ငါ ရည်းစားဖြစ်ပြီးနောက်ပိုင်း လာချင်နေခဲ့တဲ့နေရာ ငါတို့ကျောင်းကိုပဲ'

'ဟားဟား ဖြစ်ရမယ် ငါ့ရှင်းကတော့လေ ကျောင်းလာပြီးချိန်းတွေ့ချင်တာလားမင်းက ကျောင်းအုပ်ကြီးငါတို့၂ယောက်ကို လိုက်ရိုက်ရင်ဘယ်လိုလုပ်မလဲ ဟား'

စနောက်ကာ တဟားဟားရယ်ရင်းပြောမိတော့ မျက်နှာနီနီလေးက မျက်မှောင်ကြုတ်ကာ လူကိုဆွဲထိုးတော့မယ့်အကြည့်တွေနဲ့ကြည့်လာတာကြောင့် သူ့မှာဇက်လေးပုကာ ဆက်မစရဲတော့ပါ တကယ်ထထိုးမှဒုက္ခ ငရှင်းဆိုတာလေးက အစတည်းကလူဆိုးလေး

『Loving My Best Friend』Where stories live. Discover now