LMBF(15)

12K 1K 50
                                    

'ဆရာလွန်းမာန်'

'ဪ ဆရာမ'

လွန်းငယ် ကျောင်းတံခါးအပေါက်ဝကနေ ခေါ်သံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်လေသည်

'ဆရာနဲ့တွေ့ချင်နေတာအတော်ဖြစ်သွားတယ်'

စာအုပ်အိတ်တစ်ဖက်ရယ် ဆွဲခြင်းတောင်းတစ်ဖက်ရယ်နဲ့ သူ့နားလျှောက်လာတဲ့bioဆရာမလေး

'ဘာကိစ္စရှိလို့လဲဆရာမ'

'ကျွန်မကလေးတစ်ယောက်အမေကphysics guideလိုချင်လို့တဲ့ဆရာ ကလေးကစာတော်ပေမဲ့ နည်းနည်းပြောစကားနားမထောင်ချင်ဘူး အဲ့ဒါကလေးအမေဖြစ်သူက ကျောင်းကဆရာကိုguideခေါ်ပေးပါလို့ပြောလာလို့ဆရာရယ် တကယ်လို့များဆရာဝိုင်းချိန်အားသေးတယ်ဆို ကျွန်မကိုသင်ပေးလို့ရမလား စာမေးပွဲကြီးကလည်းနီးနေပြီဆိုတော့ ကူညီပေးပါလားဆရာ'

စာအုပ်ထုပ်ကအတော်လေးပုံရသည် ဆရာမကအတန်ငယ်လေးနေဟန် မောနေတဲ့လေသံနဲ့ပြောနေတာကြောင့် မကောင်းတတ်တာရော မိန်းကလေးတစ်ယောက်တည်းမနိုင်မနင်းတွေဖြစ်နေတာကြောင့် စာအုပ်ထုပ်ကိုဝိုင်းသယ်ပေးရင်း ဧရာဆောင်ဘက်ဘေးတံခါးဆီကနေထွက်လာလိုက်ကြသည်

'ဝိုင်းချိန်ကတော့မအားတော့ဘူးဆရာမ ဒါပေမဲ့ ကျွန်တော်၈နာရီနောက်ပိုင်း ကျွန်တော့်ကျူရှင်ချိန်တွေပြီးချိန်တွေသင်ပေးမယ် စာမေးပွဲကအရမ်းနီးနေတော့guideရှာဖို့မလွယ်လောက်တော့ဘူး'

ပိုက်ဆံရတာကနောက်ထား ပင်ပန်းမည်မှာဧကန်ပင် ဒါပေမဲ့လည်း ကလေးတစ်ယောက်ကို လက်လွတ်စပယ်နဲ့မသင်ပေးဘဲလည်းမနေနိုင် အခုလိုအချိန်မှာ guideသင်တဲ့ကလေးတွေကိုတောင်ခေါ်ဖို့မလွယ်လောက်

'အို ကျေးဇူးတင်လိုက်တာဆရာရယ် အဲ့ဒါကြောင့်ကျွန်မထင်ပါတယ် ဆရာကတော့ကူညီပေးမှာပဲလို့'
ခပ်ပြုံးပြုံးပြောလာတဲ့ဆရာမရဲ့စကားကြောင့် ခေါင်းငြိမ့်ရင်းပြုံးလိုက်မိသည်

'ကလေးကဉာဏ်တော့အတော်ကောင်းတယ်ဆရာ ဒါပေမဲ့ စာလုပ်ရမှာပျင်းတော့ ထင်သလောက်ခရီးမပေါက်ဘူးပေါ့ဆရာရယ် သူ့အမေကလည်းဒီသားလေးပဲရှိတော့စိုးရိမ်နေရှာတာ'
ရခိုင်သူမို့ခပ်ဝဲဝဲလေသံနဲ့ရှင်းပြနေတဲ့ဆရာမရဲ့စကားကို ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ရင်း လမ်းထိပ်ကိုလျှောက်ခဲ့ကြသည်

『Loving My Best Friend』Donde viven las historias. Descúbrelo ahora