LMBF(25)

9K 785 35
                                    

'ချစ်တယ်လို့'

'အင်း သိပါတယ်ဆိုကွာ'

'ဟာ!လွန်းငယ် ငါ့ကိုfeelငုတ်အောင်လုပ်နေတာလား ပြန်ပြီးပြောလေကွာ'

'ဪ ခက်ပါရော ငါပြန်ဖြေတယ်လေ သိတယ်လို့'

ရယ်ချင်နေတဲ့စိတ်ကိုမနည်းထိန်းရင်းလွန်းငယ်သူ့ကိုစနေမိသည်

'ဟာ အဲ့လိုနော်'

'အေး အဲ့လိုပဲ'

'အေး!ရတယ်နော်ဟေ့ရောင် အဲ့လိုပဲဆိုလည်း သွား မုမု ငါ့ဘေးမှာလာမအိပ်နဲ့ သွား'

ကုတင်ပေါ်ကနေအတင်းကာရောလူကိုကန်ထုတ်နေပြန်တာကြောင့် လွန်းငယ် ခေါင်းခါကာရယ်လိုက်မိသည် ကလေးလိုဂျစ်တိုက်နေတာ
တစ်ဆိတ်လောက် သူချစ်ဖို့ကောင်းလွန်းမနေဘူးလား

'ကန်တယ်နော် ရတယ် မအိပ်နဲ့ဆိုလည်းမနေတော့ဘူး အိမ်ပဲပြန်တော့မယ်'

'ဘာ!လွန်းငယ် မင်း!ဟာ ငါကွာ ငါ့ကိုချော့ရမှာလေ မင်းကဘာလို့ပြန်မှာလား အူကြောင်ကြောင် အရူးရဲ့'

'ဟုတ်တယ်လေ အိမ်ရှင်ကအတင်းကန်ထုတ်နေတာကို ငါကဘယ်လိုဆက်နေရမလဲ'

'မင်းချော့တာခံချင်လို့လို့ပြောပြီးပြီပဲ'

'မသိဘူး အိမ်ရှင်ကတောင်နှင်ထုတ်နေတဲ့အိမ်မှာငါကဘာလို့ဆက်နေရမှာ အ့'

လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် လူကကုတင်ပေါ်သို့ပြန်ပြီးလှဲချလိုက်သလိုပင်
သေပါပြီ ငါ့လက်ကောက်ဝတ်တော့
ဒီငရှင်းတစ်ယောက်နဲ့တော့ ငါလုပ်လိုက်ရ
ဟင်း မလုပ်ရက်လို့သာနော် လူဆိုးကောင်

'တော်တော်ပြန်ချင်နေတယ်ပေါ့ ဟုတ်လား ပြော ငါ့ဆီကပြန်ပြီးဘယ်သူနဲ့သွားတွေ့ချင်နေတာလဲ'

'ဘယ်သူနဲ့တွေ့တွေ့ပေါ့ မင်းကိုဘာလို့ပြောရမှာလဲ'

'လွန်းငယ်!ငါကမင်းချစ်သူအရင်းခေါက်ခေါက်ကြီးနော်'

'အရင်းမကလို့ အဖျားဖြစ်ဖြစ် လွှတ် ငါထတော့မယ်'

'မလွှတ်ဘူးကွာ အဲ့လောက်ပြန်ချင်နေတာ တွေ့မယ်'

'အ့ ရှင်း အာ ငါ့ကိုဘာတွေလာလုပ်နေတာတုန်း'

လူကိုစောင်နဲ့ပတ်ကာပိုးတုံးလုံးလိုလုပ်နေတဲ့သူ့ကြောင့်

『Loving My Best Friend』Donde viven las historias. Descúbrelo ahora