'ဘုန်းပိုင်'
ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်လေတော့ ဆံပင်ခပ်ရှည်ရှည်နဲ့ကောင်မလေးတစ်ယောက်ကသူ့ကိုပြုံးကာကြည့်နေလေရဲ့
'ဟို ငါ ဒါလေးပေးချင်လို့'
သူမကခေါင်းလေးငုံ့ကာလက်ထဲကဘူးပန်းရောင်လေးကိုအရှေ့ကိုတိုးကာပေးလေသည်
'ဘာလဲ'
'ဟင် အာ ချော ချောကလက်'
သူ့အမေးကိုထစ်ထစ်အအပြန်ဖြေတဲ့ထိုကောင်မလေးကိုကြည့်ရင်းသူတစ်ချက်ရယ်လိုက်မိတော့ သူမကခေါင်းလေးမော့ကာပြန်ကြည့်လာလေသည်
'ဪ အင်း ကျေးဇူးပဲ'
သူမကမ်းပေးထားတဲ့ဘူးကိုလှမ်းယူရင်းကျေးဇူးတင်စကားဆိုမိတဲ့အခါ သူမကနှစ်လိုဖွယ်အပြုံးတစ်ခုကိုပြုံးပြရင်းခေါင်းလေးငြိမ့်ကာရှက်ကိုးရှက်ကန်းလေးနဲ့ထွက်သွားလေသည်
လက်ထဲကသေသပ်စွာထုပ်ပိုးထားတဲ့ဖဲကြိုးအဖြူလေးနဲ့ဘူးလေးကိုကြည့်ကာလွယ်အိတ်ထဲထည့်လိုက်လေသည် အဲ့ဒါမှဒုက္ခပဲ!တစ်နေ့လုံးလာပေးတဲ့ချောကလက်ဘူးတွေထည့်ထားရတာနဲ့ ကျောပိုးအိတ်တောင်ဇစ်ပိတ်လို့မရတော့
'Yo Man!ဟိုးဟိုး ဟုတ်လှချည်လား ချောကလက်တွေငါ့ကျွေးစမ်းပါ'
ခုံပေါ်မှာတင်ထားတဲ့ချောကလက်ဘူးတစ်ခုထဲမှ ချောကလက်တွေကိုနှိုက်စားနေတဲ့ငထူး
'သူများတွေများသနားစရာကောင်းလိုက်တာ ဒီလိုနေ့မျိုးမှာချောကလက်လေးတစ်ခုတောင်မရရှာဘူး ကျွတ်ကျွတ် so sadပါကွာ'
ငထက်၏ခနဲ့တဲ့တဲ့ တိုက်ရိုက်ဖဲ့နေတဲ့အသံကြောင့် ချောကလက်ဘူးကိုရင်ဝယ်ပိုက်ကာ တစ်ခုပြီးတစ်ခုနှိုက်စားနေတဲ့ငထူးတစ်ကောင် နဂါးမျက်စောင်းဖြင့်ကြည့်လေသည်
'စောက်ပိုတွေသိပ်မပြောနဲ့ဟေ့ရောင် မင်းတောင်ရလို့လား'
'ဟဲ မရဘူးလေ အဲ့ဒါကြောင့် သနားစရာကောင်းတဲ့ငါ့ကိုလည်းနည်းနည်းကျွေးလို့ ဟီး'
'ငလူး အဲ့ဒါများ လေကြီးမိုးကြီးလာပြောနေသေးတယ် ရော့'
ဘေးနားကချောကလက်တစ်ဘူးကိုကမ်းပေးလိုက်တဲ့ငထူးသည် မသိဒီချောကလက်ဘူးတွေရဲ့ပိုင်ရှင်ဟာသူလိုလိုဘာလိုလိုနဲ့
'ငါသွားတော့မယ် ဟေ့ရောင်တွေ'
ရှင်းဘုန်းပိုင်ထိုင်နေရာမှထလိုက်လေသည်
YOU ARE READING
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .
