Uni 441~450

132 17 0
                                    

အပိုင်း (၄၄၁)
" ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို နဲ့ ငရဲကို သွားရအောင်။"
Translator: Sparrow Translations Editor: Sparrow Translations
လှိုဏ်ခေါင်းရဲ့ အဆုံးက အလင်းရောင်။ ဘ၀ တ၀က်လောက် အချိန် ကုန်သွားသလိုပဲ။ အနည်းဆုံးတော့။ ဒါက ဖန်ကျန်းရှီ ရဲ့ ခံစားချက်ပဲ။ သူ့ရဲ့ နှလုံးသား တစ်ခုလုံး တုန်ယင်လာခဲ့တယ်။ ကောင်းကင်တာအို။ ကောင်းကင်တာအို။ အချိန်တိုလေး အတွင်းမှာ ဒါကို အပြည့်အ၀ နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လည်း အကုန်လုံးကို နားမလည်ဘည်း ကိစ္စ မရှိပါဘူး။ ကောင်းကင်တာအိုက စကြဝဠာထဲမှာ ရှိတဲ့ အရာ အားလုံး ပါ၀င်နေတာ။ ဖန်ကျန်းရှီ အခုချိန်မှာ ဘာလုပ်ရမလဲ။ သူ့ရဲ့ အချုပ်အနှောင်ကို ဖြေရမယ်။
ဒါကြောင့် အရာ အားလုံးကို ထိန်းချုပ်နိုင်ဖို့ မလိုအပ်ဘူး။ သူ့ရဲ့ ဘေးပတ်လည်က လေဟာနယ်ကို နားလည်ဖို့ပဲ လိုတယ်။ ချန့်ယန်း ။ သူ့ ပတ်၀န်းကျင် က လေဟာနယ်ကို ပဲ ထိန်းချုပ်နိုင်ဖို့ လိုတယ်။ ချန့်ယန်းက သူ့ ဘေးက လေဟာနယ်ကို ပြောင်းလဲပြီးတော့ချုပ် နှောင် ထားတာ။ ချန့်ယန်း ဘယ်လို ပြောင်းလဲ နေလဲ။ သူ့ ကိုယ် နဲ့ ဘယ်လို ထိန်းချုပ် ထားတာလဲ။ ဒါတွေကို နားလည်မှပဲ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်နိုင် လိမ့်မယ်။
" လေဟာနယ်။ လေဟာနယ်။ လေဟာနယ်တွေကို ပေါင်းစပ်တယ်။ " ဖန်ကျန်းရှီ သူ့ကိုယ်သူ ထပ်ခါ ထပ်ခါ ပြောနေတယ်။ သူ့ ရဲ့ စိတ် အာရုံ နယ်မြေထဲမှာ တာအိုတွေ ရာနဲ့ ချီပြီး ရှိတယ်။ ကြယ်တာရာတွေ။ နေ။ သဘာ၀ ။ လေ ။ ရေ ။ မြေ ။ မီး။ .... ဒါပေါ့။ လေဟာနယ်တွေ လည်း သူ့မှာ ရှိတယ်။ လေဟာနယ် ဆိုတာ ရှင်းလင်းချက်တွေ အများကြီးရှိတယ်။ အရာ၀တ္ထုတွေ တည်ရှိဖို့ကို ခွင့်ပြုပေးတယ်။ ဒီလေဟာနယ်တွေကို သူ မေ့ထားခဲ့တာ။ သူ့ရဲ့ ဘေးပတ်၀န်းကျင်ကိုပဲ အာရုံ စိုက်နေခဲ့တယ်။ လေ။ လေ နဲ့ လေဟာနယ်က သဘောတရားချင်း မတူဘူး။ လေမှာ။ နိုက်ထရို၈ျင် ၇၈%။ အောက်ဆီဂျင် ၂၁%။ ၀.၉၄% ကာဗွန်ဒိုင် အောက်ဆိုဒ်။ ၀.၀၃၂% နိုက်ထရိုဂျင် အောင်ဆိုဒ် တို့ ပါ၀င်တယ်။ ဒါက အကုန် မဟုတ်သေးဘူး။ အကယ်၍ လေဟာနယ်ကသာ လေတွေနဲ့ ပြည့်နေ တယ်လို့ တွေးမိနေရင်။ ဖန်ကျန်းရှီ ကျောင်းမှာ သင်ခဲ့ သမျှ အကုန်လုံးက အလကား ဖြစ်သွားမှာပေါ့။ သူ့ပတ်၀န်းကျင်မှာ ရှိတဲ့ လေဟာနယ် တွေကို ပေါင်းစပ်ဖို့က ။ လေရဲ့ သိပ်သည်းဆ။ လူ တစ်ယောက်ရဲ့ စွမ်းအား။ ဖိအား နဲ့။ တခြားသော ပြောင်းလဲမှု တွေ လိုတယ်။
ဖန်ကျန်းရှီ သူ့ ကိုယ်သူ စွမ်းအားတွေကို နားလည်ဖို့ နဲ့။ သူ့ ပတ်၀န်းကျင်မှာ ရှိတဲ့ လေထုကို နားလည် ဖို့ လုပ်တယ်။ အဲ့ဒီ့နောက် တစ်ခု ချင်း စီ နဲ့ လိုက်လျော ညီထွေ ဖြစ်စေဖို့ ကြိုးစားနေတယ်။ ဒါက ခက်ခဲ ရှုပ်ထွေးပေမယ့်။ သူ အခု လုပ်နေတဲ့ အရိုင်းဆန်ဆန် လုပ်ရပ် ထက်တော့ ကောင်းပါသေးတယ်။ ဖန်ကျန်းရှီ နောက်ထပ် တွေဝေ မနေတော့ဘူး။ မျက်လုံးတွေကို မှိတ်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ ခန္ဒာကိုယ် ပတ်လည်မှာ ရှိတဲ့ အရာ၀တ္ထုတွေ ပြောင်းလဲ နေမှုကို ခံစားကြည့်နေတယ်။ ဒီလို လုပ်ဖို့ အတွက်။ သူ့ ရဲ့ စိတ်နှလုံး အေးချမ်းဖို့လည်း လိုတယ်။ ချီကူယန် ရဲ့ အသံက သူ့ နားထဲမှာ ဆက်တိုက်၀င်လာခဲ့တယ်။ သူ့ နှလုံးသား ဖြည်းဖြည်းချင်း ငြိမ်းချမ်းလာတယ်။ ဖန်ကျန်းရှီ သူ့ ခန္ဒာကိုယ်က ဆဲလ်တွေ ခုန်ပေါက်နေတာကို ခံစားမိနေတယ်။ ပတ်၀န်းကျင် ရဲ့ တုံ့ပြန်မှုတွေကို သူ ခံစား နေ နိုင်တယ်။
ရေကန်ကြီးထဲမှာ ရောက်နေသလိုပဲ။ ဒါပေမယ့်။ ဒီ ရေကန်ကြီးက မတည်ငြိမ်ဘူး။ မရေမတွက် နိုင်တဲ့ ရေဝဲ တွေက သူ့ရဲ့ ခန္ဒာကိုယ်ကို နေရာပေါင်းစုံကနေ ဆွဲငင်နေတယ်။ ဒါပေမယ့်။ ထူးဆန်းတာက။ ဒီရေဝဲတွေ မျှခြေ အခြေမှာ ရှိနေတာပဲ။ ဘယ်ဘက် ရေဝဲက သူ့ကို ဘယ်ဘက်ဆိ ဆွဲယူတဲ့ အချိန်မှာ။ ညာဘက် ရေဝဲက သူ့ကို ပြန်ဆွဲရင်း ထိန်းညှိထားတယ်။ ရေဝဲတွေ အကုန်လုံးက။ တစ်ခုကို တစ်ခု ထိန်းချုပ်ထားတယ်။ ရေဝဲတွေက သူ့ရဲ့ ကိုယ်ကို ဆွဲငင်နေတယ်။ တူညီတဲ့ နေရာကနေ မရွေ့လျားနိုင်အောင် လုပ်ထားခဲ့တယ်။
" ငါ နားလည်ပြီ... သူက လေဟာနယ်တွေကို ပေါင်းစပ်တာ မဟုတ်ဘူး။ လေဝဲတွေ ကို ဖန်တီး ပြီးတော့ ။ ငါ့ကို ချုပ်နှောင်ထားတာပဲ။ ဒါဆိုရင်။ ဒီ မျှခြေ အခြေအနေကို ငါ ဖျက်ပြစ်မှ ရမယ်။"
ဒါပဲ။ နောက်ဆုံးတော့ အစ ဆွဲထုတ်နိုင်ပြီ။ ပတ်၀န်းကျင်ကို အဆက်မပြတ် ခံစားနေရင်း နဲ့။ သူ့ ပတ်၀န်းကျင်က ပြောင်းလဲ နေတဲ့ လေဟာနယ် သဘော တရားကို။ ဖန်ကျန်းရှီ တဖြည်းဖြည်း နားလည်စ ပြုလာတယ်။ ဒါကြောင့်။ လွတ်မြောက်ဖို့ ယုံကြည်ချက်လည်း ပြင်းထန်လာတယ်။
...
ကောင်းကင်က မှောင်မည်းလာသလို။ တိုက်ပွဲလည်း ပြင်းထန်လာတယ်။ ရှင်းယွမ်ကောင်းရဲ့ ဦးဆောင်မှု အောက်မှာ။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ တို့။ စစ်မြေပြင်ကို ဆက်ပြီး ထိန်းထား နိုင်ခဲ့တယ်။ အလောင်းတွေ တောင်လို ပုံလာခဲ့တယ်။ သွေးနံ့တွေက လေထဲမှာ ပြည့်နေခဲ့တယ်။ ချီကူယန် အတွက်တော့ ။ ငွေရောင် အလင်းတန်းတွေ မြေပြင်ကို စီး၀င်သွားတာ သူမ မြင်နေရတယ်။
" ရွှမ်ယွမ် ကောင်းကင်တာအိုက အနိုင်ယူဖို့ မလွယ်ကူဘူးပဲ။" ချန့်ယန်းက ကောင်းကင်ကို ကြည့်နေခဲ့တယ်။ သူနဲ့ ယွင်ချင်းဝူ ဆီကို ကျလာတဲ့ ငွေရောင် အလင်းတန်းတွေကို သူ စုပ်ယူနေခဲ့တယ်။ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို မကြည့်ဘူး။ ကောင်းကင်ကနေ တိုက်ခိုက်နေတဲ့ မိုးတွေကို ကြည့်နေခဲ့တယ်။ သူမ ကြည့်ရတာ အရမ်းကို တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ မျက်၀န်းတွေက မနာလို ၀န်တိုမှုတွေနဲ့ တောက်ပနေတယ်။ ဒီ ငွေမိုးတွေကို ရွာချနေတဲ့သူက သူမ ဖြစ်ဖို့ အိမ်မက် မက်နေသလိုပဲ။ ယွင်ချင်းဝူ ( သူမက ပြည်နှင်ခံထားရတဲ့ နတ်ဆိုး တစ်ယောက်ပဲ။) သူမက ချီကူယန်လို ပါရမီ မရှိဘူး။ သူမရဲ့ အပြု အမူတွေ စွမ်းအားတွေအရ။ ကြယ်တာရာ စုဝေးမှု ကနဦး အဆင့်ပဲ ရှိသေးမှန်း သိသာတယ်။
ရိုးရိုးရှင်းရှင်း ပြောရရင်။ ယွင်ချင်းဝူက ပင်းယန် ကိုတောင် အနိုင် မတိုက်နိုင်ဘူး။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ ချီကူယန် ရဲ့ ပါရမီကို ယွင်ချင်းဝူက မနာလို ဖြစ်နေခဲ့တယ်။ ရွှမ်ယွမ် ကောင်းကင် ခန္ဒာ ။ သူမရဲ့ ပါရမီက မြင့်မားလွန်းတယ်။
အေးခဲ မျောက်မင်းဒေသ တိုက်ပွဲမှာ ယွင်ချင်းဝူ အဆုံးရှုံး များခဲ့ရတဲ့။ အဓိက အကြောင်းရင်းက ချီကူယန်ပဲ။ ရွှမ်ယွမ် ကောင်းကင် တာအိုက ချီကူယန် အင်အားကြီးနေရတဲ့ အကြောင်းရင်းပဲ။ ငွေရောင် အလင်းတန်းတွေက တဖြည်းဖြည်း ပို သိပ်သည်းလာခဲ့တယ်။ ရေတံခွန် တစ်ခုလိုပဲ။ ကောင်းကင်က စီးကျလာတဲ့ ငွေ ရေတံခွန်ကြီး။ နတ်ဆိုးတွေက ကောင်းကင်က တိုက်ခိုက်မှုကို တလေးတစား နဲ့ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။ ဖန်ကျန်းရှီက မျက်လုံး တွေကို ပိတ်ထားခဲ့တယ်။ အိပ်ပျော်နေတဲ့ အတိုင်းပဲ။
" ဒီကောင် လက်လျှော့သွားပြီလား။"
" ဒီကောင် အားကုန် သွားပြီ ထင်တယ်။ ဟ ဟား ...."
" ဒီလို ကောင်မျိုး အတွက် ချီကူယန် အားထုတ်နေတာ။ နှမြောစရာကြီးပဲ။ ဒီကောင် အရှက်မရှိဘူးလား။"
နတ်ဆိုးတွေ ဘေးပတ်လည်မှာ ဆွေးနွေးနေခဲ့တယ်။ သူတို့တွေက ဖန်ကျန်းရှီကို ထပ်မကြည့်တော့ဘူး။ သူ့ကို ကြည့်ရတာ အချိန်ဖြုန်းရုံ သက်သက်ပဲ။ သေလူတစ်ယောက်ကို ကြည့်ရတာ ဘာထူးမှာလဲ။ အာရုံစိုက်ဖို့ကို မလိုဘူး။
ညအချိန် ရောက်လာတော့။ အလင်းရောင် ထွက်လာတဲ့ နေရာက နှစ်ခုပဲ ရှိတယ်။ ချီကူယန် ရဲ့ တိုက်ခိုက်မှုက ငွေရေတံခွန် အလင်းရောင် နဲ့။ သံတောင်ကုန်း ဒေသက ပြင်းထန်တဲ့ တိုက်ပွဲ ရဲ့ အလင်းရောင်တွေပဲ။ ဘယ်သူမှ ဖန်ကျန်းရှီကို မကြည့်ကျတော့ဘူး။ သူ့ကို မေ့ထားလိုက်ပြီ။ ဖန်ကျန်းရှီကတော့ သေးသေးလေး လှုပ်ရှားလိုက်တယ်။ သူ့ရဲ့ ညာဘက် လက်မလေး ဖြည်းဖြည်းချင်း မြောက်တက်လာတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ရပ်တန့်သွားခဲ့တယ်။ တစ်ခဏ ကြာပြီးတဲ့နောက်။ သူ့ရဲ့ လက်ညှိုးလေး လှုပ်ရှားလာတယ်။ လှုပ်ရှားမှုက သေးငယ်လွန်းလို့။ လူ အနည်းစုပဲ သတိထားမိကြတယ်။ တိုက်ပွဲက ပြင်းထန် လွန်းနေတော့။ အော်ဟစ်သံတွေ့ လေထုထဲမှာ ပြည့်နေခဲ့တယ်။
တိုက်ပွဲဆိုတာ။ သေခြင်းတရားတွေ။ သွေးတွေ။ မီးတောက်တွေ နဲ့ ပြည့်နေခဲ့တယ်။ မရေမတွက်နိုင်တဲ့ လူတွေ တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာ။ သမိုင်းတစ်လျှောက်လုံး ပြည့်နေခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲအောင်နိုင်မှုကတော့ ဂုဏ်ရှိလွန်းလှတယ်။ တိုက်ပွဲ တိုက်မှာ။ သွေးချွေးတွေကြား မရေ မတွက်နိုင်တဲ့ စစ်သည်တော်တွေ အသက်ရှင်သန်ကြတယ်။ ဒီ တိုက်ပွဲ ကြောင့်ပဲ သူတို့တွေ ပို သန်မာလာကြတယ်။
" သေစမ်း။"
" တောင်ပိုင်းသားတွေနဲ့ အတူတူ ငါတို့ သေမယ်။"
" ငါတို့ မိဘတွေ။ ညီနောင်သားချင်းတွေ အကုန်လုံး ဒီမှာ ရှိနေတာ။ နတ်ဆိုးတွေ ကို ၀င်ခိုင်းစေလို့ မဖြစ်ဘူး။ "
သူတို့ရဲ့ အသံတွေနဲ့ အတူ မြားတွေလည်း ကျလာခဲ့တယ်။ မြေပြင်တစ်ခုလုံး မြားတွေ ဖွေးဖွေး လှုပ်နေခဲ့တယ်။ အနက်ရောင် နံရံကြီးပေါ်မှာ မီးထွန်းလိုက်တဲ့ အချိန် ။ မြေပြင်ပေါ်က နီရဲနေတဲ့သွေးတွေကို မြင်ရတယ်။ သတ်ဖြတ်မှု အသံတွေက စက္ကန့်နဲ့ အမျှ ပို ကျယ်လောင်လာခဲ့တယ်။ သံတောင်ကုန်း ဒေသထဲက ခုခံနေမှုကြီးက ။ အဓိက ဂိတ်တံခါးကြီးဆီ ဦးတည်လာနေစေတာ သိသာလွန်းတယ်။ ရှန်လင်း နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်။ သူ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပြီ။ ဒီအသံတွေက ဘာကို ဆိုလိုချင်လဲ သူတို့ သိတယ်။
" တောင်ပိုင်းဒေသ က တကယ်ပဲ ကျရှုံးတော့မှာလား။ " ရှန်လင်း ဒါကို လက်မခံနိုင်ဘူး။
" အရှင်မင်းသား။ ထွက်ခွာသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံ ကို ဒီကိစ္စပြီးမှ ပြန် တည်ဆောက်လို့ ရပါတယ်။ နတ်ဆိုးတွေ လိုက်မလာ နိုင်အောင် သစ်တောထဲကို ဆုတ်ခွာဖို့ လိုပါတယ်။ " ရှန်လင်း ဘေးကနေ အသံတစ်သံ ထွက်လာခဲ့တယ်။
" ပါးစပ်ပိတ်ထားစမ်း။" ရှန်လင်းရဲ့ မျက်လုံးတွေ သွေးနီရောင် တောက်လာတော့တယ်။ အခုချိန်က ဘယ်လို အခြေအနေ ဖြစ်နေမှန်း သူသိတယ်။ ဒါပေမယ့် သူ နောက်ပြန်ဆုတ်လို့ မရဘူး။ သူက တောင်ပိုင်းဒေသရဲ့ အိမ်ရှေ့စံပဲ။
"အရှင့်သား။"
" ငါနဲ့ အတူ တိုက်ကြ။ ငါသေဖို့ လိုတယ် ဆိုရင်။ ဒီမှာပဲ သေမယ်။"
" အမိန့်တော် အတိုင်းပါ။"
သွေးတွေ ကောင်းကင်ကို ပန်းထွက်လာတယ်။ မျက်လုံး တစ်စုံ ဖြည်းဖြည်းချင်း ပွင့်လာခဲ့တယ်။ ဒါကို တိုက်ပွဲထဲက ဘယ်သူမှ သတိမထားမိဘူး။ ဒါပေမယ့်။ မျက်လုံး တစ်စုံကတော့ သူ့ ပတ်၀န်းကျင်ကို အကဲခတ်နေခဲ့တယ်။ ခေါင်းပေါ်မှာ တောက်ပနေတဲ့ ငွေရောင် အလင်းတန်းကို ကြည့်တယ်။ တိုက်ပွဲ အော်သံတွေ နဲ့။ ကောင်းကင်က တဖျပ်ဖျပ် တောက်ပနေတဲ့ ကြယ်တွေကို ကြည့်နေခဲ့တယ်။
" ဘွန်း။"
ကြောက်မက်ဖွယ် အင်အားလှိုင်းတွေ ထွက်ပေါ်လာပြန်တယ်။ ပတ်၀န်းကျင် တစ်ခုလုံးကို တုန်ခါ သွားစေတယ်။ လူအများစုရဲ့ စိတ်အာရုံကို ဒီလှုပ်ရှားမှုက ဖမ်းစား သွားတယ်။
" ဒီကောင် အခုထိ လက်မလျှော့သေး ဘူးလား။"
" နောက်ဆုံးထိတောင် ဒီ ကောင်း လက်မလျှော့သေး ဘူး။"
" ကိစ္စ မရှိပါဘူး။ ဒီကောင့်ကို ဆက်ပြီးတော့ ရုန်းကန် ခိုင်းလိုက် စမ်းပါ။ ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ချက်ကို ဒီကောင် ဖျက်စီး နိုင်မယ် ထင်နေတာလား။"
" ဟ ဟ ား ... ဒီကောင် လုပ်နိုင်ခဲ့ရင်။ အနောက်အရပ် က နေထွက် လာလိမ့်မယ်။"
နတ်ဆိုးတွေ အားလုံး စိတ်ပျက် လက်ပျက် ခေါင်းခါ ယမ်းနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ အရင် ကြိုးစားမှုတွေက အသုံး မ၀င်ခဲ့ဘူးလေ။ ဒါကြောင့် ဒီတစ်ကြိမ်လည်း ထူးခြား လိမ့်မယ်လို့ သူတို့ မထင်ဘူး ။ ရုန်းကန်တာ။ ရုန်းကန်တာက အသုံးမ၀င်ဘူး။ သူ့ကံကြမ္မာက ပြောင်းလဲ မှာမှ မဟုတ်ဘဲ။ ဒါက ကောင်းကင် တာအိုလေ။ လွတ်မြောက်ဖို့ ဆိုတာ အိမ်မက် တစ်ခုလိုပဲ။
ဘယ်နတ်ဆိုး ကမှ သူလုပ်နိုင် လိမ့်မယ် လို့ မယုံကြည်ဘူး။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့တောင် ။ ဖန်ကျန်းရှီကို မယုံကြဘူး။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ တိုက်ခိုက် မှု အင်အားလှိုင်းတွေက လူတွေ ရဲ့ စိတ်အာရုံကို ဖမ်းစားသွားပေမယ့် ။ အချိန် ခဏလေးပဲ ကြာမြင့်ခဲ့တယ်။ ဘယ်သူကမှ ဒုတိယ တစ်ခေါက် မကြည့်ကြဘူး။ အကျိုးမရှိတဲ့ လုပ်ရပ်ပဲလေ။ အင်အားလှိုင်းတွေက ယွင်ချင်းဝူရဲ့ အ၀တ်စတွေကို တုန်ခါစေတယ်။ သူမရဲ့ ၀တ်ရုံက နောက်ကို ေ၇ွ့သွားခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူ ကတော့ ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မကြည့်ဘူး။ ငွေရေတံခွန်ကိုပဲ ကြည့်နေခဲ့တယ်။
ချန့်ယန်းကတော့ အင်အားလှိုင်းတွေကို တစ်ချက်လေးတောင် အာရုံ မစိုက်ဘူး။ ယွင်ချင်းဝူရဲ့ ဆရာအနေနဲ့။ သူက အလေးစားခံရဆုံး နတ်ဆိုးတွေ ထဲက တစ်ယောက်ပဲ။ နတ်ဆိုး အရှင်သခင်တောင်မှ သူ့ကို။ သွေးအရိပ်မြို့တော် ရှေ့တံခါးမှာ ထွက်ကြို ရတယ်။ ဒါပေမယ့် ချန့်ယန်း နားလည်ထားတာ တစ်ခုရှိတယ်။ သူ ဘယ်လောက်ပဲ အင်အားကြီးပါစေ။ ဘယ်လောက်ပဲ လေးစားခံရပါစေ။ သူက နတ်ဆိုး တစ်ယောက် ဖြစ်နေတုန်းပဲ။ ယွင်ချင်းဝူက သူ့ရဲ့ အရှင်သခင်ပဲ။
ချန့်ယန်း က ဖန်ကျန်းရှီကို သေစေချင်တယ်။ ဖန်ကျန်းရှီကို စတွေ့တဲ့ အချိန် တည်းက သေစေချင်နေတာ။ ဒါပေမယ့် ယွင်ချင်းဝူက အမိန့်မပေး သရွေ့။ ဖန်ကျန်းရှီကို သတ်လို့ မရဘူး။ အနည်းဆုံးတော့ အခုချိန်မှာ သတ်လို့ မရသေးဘူး။ ချန့်ယန်းက အမြင်အာရုံ ကင်းမဲ့နေပင်မယ့်။ အသက်ရှင်ရတာ နှစ်တွေ အများကြီး ကြာပြီးနောက်မှာတော့။ လောကကြီးကို မမြင်နိုင်ပေမယ့် ခံစားကြည့်နိုင်တယ်။ သူကပတ်၀န်းကျင်မှာ ရှိတဲ့ အရာအားလုံးကို သူသိတယ်။ သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေ ပြောင်းလဲမှုတွေ အားလုံးကို သူ ခံစားနိုင်တယ်။ ရလဒ် အနေနဲ့ တခြားသော လူတွေ ဖွင့်ချင်နေတဲ့ မရေမတွက်နိုင်တဲ့။ တံခါးတွေကို သူ လိုသလို ဖွင့်နိုင်တယ်။ ပြန်လည် မွေားဖမှု ကောင်းကင်တာအို။
" မိုးမေလင်းလိုက်။" အော်သံကျယ်ကြီး လေထဲက နေ ထွက်လာခဲ့တယ်။ အတော့်ကို စိတ်လှုပ်ရှား တက်ကြွ နေတဲ့ အသံပဲ။ အချုအနှောင်ကနေ လွတ်မြောက်လာလို့ ပျော်နေတဲ့ အသံပေါ့။ လေပြည်ညှင်းက ဖြတ်သန်းတိုက်ခတ်နေတယ်။ အပြာရောင် အကျီ လက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ အကျီ လက်ရှည်လိုပဲ။
အပိုင်း(၄၄၁) ပြီး၏။

Pageမှာ pdf ဝယ်လိုပါက အပိုင်း 550 ထိ ဝယ်ယူနိုင်ပါပြီ။

pdf18 (426-450)
pdf19 (451-475)
pdf20 (476-500)
pdf21 (501-525)
pdf22 (526-550)

Wunzinnမှာလည်းရနေပြီနော်။ 15ပိုင်း ပါ တအုပ်ကို 500ကျပ်။ စာစဉ် 36 (526-540)ထိ ဝယ်ယူလို့ရနေပါပြီ။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now