အပိုင်း(၄၆၆)
" ကံကြမ္မာ အလှည့်အပြောင်း"
ဘာသာပြန်သူ - Enri Thaw
" လူတစ်ယောက်ကို ငါး ပေးတာထက်။ ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်။ ဒါကို အရင်က ကြားဖူးတယ် မလား။" ချီကူယန်က ပင်းယန်ကို မေးလိုက်တယ်။
" ဒါပေါ့။ ငါးပေးတာက လတ်တလော ပြဿနာကိုပဲ ဖြေရှင်းနိုင်မယ်။ ဒါပေမယ့် ရေရှည်အတွက် မကောင်းဘူး။ သူ့ တစ်ဘ၀လုံး အသက်မွေးဖို့ အတွက်က။ ငါးဖမ်းနည်း သင်ပေးမှ ဖြစ်မယ်။ မှန်ရဲ့လား။" ပင်းယန် ပြန်ဖြေတယ်။
"မှန်တယ်။" ချီကူယန် ခေါင်းငြိမ့်တယ်။
" ဒါပေမယ့် ပင်းယန် နားမလည်သေးဘူး။ ဒီ ဆိုရိုးစကားနဲ့။ ချန့်ယန်းက ဖန်ကျန်းရှီကို မသတ်တာနဲ့ ဘာဆိုင်လဲ။" ပင်းယန်က စိတ်ရှုပ်ထွေးမှုကြောင့် မျက်တောင် တဖျပ်ဖျပ် ခတ်နေခဲ့တယ်။
" ဒီပုံပြင်မှာ နောက်ထပ် မူကွဲတစ်ခုလည်း ရှိသေးတယ်။ ဆရာက သူက တပည့်အတွက် လမ်းဖောက်ပေးတဲ့ ပုံပြင်ပေါ့။"
"လမ်း.... ဟုတ်လား။"
" ချန့်ယန်းက ဆရာကောင်းတစ်ယောက်ပဲ။ ယွင်ချင်းဝူ အတွက် လက် စားချေပေးဖို့ အခွင့်အရေးကိုတောင် သူ စွန့်လွှတ်ခဲ့တယ်။"
"ယွင်ချင်းဝူ အတွက် လက်စားချေဖို့ အခွင့်အရေးကို စွန့်လွှတ်တယ်။ ယန်လေး ဘာတွေ ပြောနေတာလဲ၊"
"ဟုတ်တယ်။ ချန့်ယန်းက ယွင်ချင်းဝူ အတွက် အခြေခံ အုတ်မြစ် ချပေးနေတာ။"
" အခြေခံ အုတ်မြစ် ဟုတ်လား။" ပင်းယန်က တော်တော်လေးကို စိတ်ရှုပ်ထွေးနေတာ။
" အကယ်၍ ငါသာ မှန်မယ်ဆိုရင်။ ချန့်ယန်းမှာ အသက်ရှင်ဖို့ အချိန်နည်းနည်းလေးပဲ ရှိတော့မယ်။" ချီကူယန်က ခပ်ဝေးဝေးမှာ ရှိတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ပြောတယ်။ တစ်ယောက်က အပြာရောင် ၀တ်ထားတယ်။ နောက်တစ်ယောက်က အဖြူရောင်။
လူနှစ်ယောက်က။ စစ်မြေပြင် အလယ်မှာ တိတ်တဆိတ် ရပ်နေခဲ့တယ်။ တစ်ယောက်ကတော့ အတော့်ကို တည်ငြိမ်နေတယ်။ နောက်တစ်ယောက်ကတော့ မလိုလားတဲ့ ပုံစံ ရှိနေတယ်။
"ယန်လေး ပြောတာ.... အဲ့ဒီ့ မျက်မမြင်ကြီးက သေတော့မှာ ပေါ့။ ဖြစ်နိုင်မယ် မထင်ဘူးနော်။ သူက သုခမိန်လေ။ သူ့ရဲ့ သက်တမ်းကလည်း တိုးသွားမှာပဲ။" ပင်းယန် ပြောတယ်။
" ပုံမှန် အတိုင်းဆိုရင်တော့။ ဒီလိုပဲ ဖြစ်မှာပေါ့။" ချီကူယန် ခေါင်းငြိမ့်တယ်။
" ပုံမှန် အတိုင်းဆိုရင် ဟုတ်လား။ သုခမိန် အဆင့်ကို သူက တကယ်ပဲ မရောက်ဘူးပေါ့။ အတင်းကာရော ဖြတ်ကျော်တိုးတက် လိုက်တာပေါ့။" ပင်းယန် ထိတ်လန့်သွားတယ်။
"ပြန်လည် မွေးဖွားမှု အဆင့်မှာ တာအိုကြီး ခြောက်ခု ရှိတယ်။ ကောင်းကင်တာအိုကို နားလည်သွားတာနဲ့။ သုခမိန် အဆင့်ကို ရောက်ဖို့ လမ်းတ၀က်ကို ရောက်နေပြီ။ ချန့်ယန်းက ကောင်းကင်တာအိုကို နားလည်နေတာ ဆယ်စုနှစ် ကျော်နေခဲ့ပြီ။ သုခမိန် အဆင့်ကို သူ စောစောတည်းက မရောက်တာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။"
"အဲ့တာ ဘာလဲ။"
" သူက တာအို တစ်ခုတည်းကိုပဲ ကျင့်ကြံထားတာ။ "
" တာအို တစ်ခုတည်း ဟုတ်လား။ အမ်..... ယန်လေးပြောတာ။ သူက ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို ကို။ ကြယ်တာရာစုဝေးမှုတွေ။ ကောင်းကင်ရောင်ပြန်တွေ။ သဘာ၀လွန်တွေ အဆင့်တစ်ခုကိုမှ မဖြတ်ပဲနဲ့ ရောက်လာတယ် တဲ့လား။ အဲ့တာ ဘယလို ဖြစ်နိုင်မှာလဲ။" ချီကူယန် ဆီက ဒီစကား ကြားရတာတောင် ပင်းယန် မယုံနိုင်သေးဘူး။
"လူသားတွေ အတွက်တော့ မဖြစ်နိုင်လောက်အောင် ခက်ခဲ ပေမယ့်။ နတ်ဆိုးတွေအတွက်တော့ မဖြစ်နိုင်တာ မဟုတ်ဘူးလေ။ သူတို့တွေက မွေးတည်းက တာအိုကို နားလည်တာ။ "ချီကူယန် စိတ်ရှည် လက်ရှည်နဲ့ ရှင်းပြနေတယ်။
" နားမလည်တာက တော့ နားမလည်တာပဲ။ သူက သုခမိန် မဖြစ်နိုင်ဘူးဆိုတာ သိရဲ့ သားနဲ့။ ဘာလို့ ကိုယ့်ကိုယ်ကို ဖိအားပေးပြီးတော့ အဆင့်တက်အောင် လုပ်တာလဲ။" ပင်းယန် ထပ်မေးတယ်။
" သူ့မှာ နေဖို့ အချိန် သိပ်မကျန်တော့ တာကြောင့်ပဲ ။ "
"အို...." ပင်းယန် တိတ်ဆိတ်သွားတယ်။ အကယ်၍ ချီကူယန်ပြောသာတာ မှန်မယ်ဆို၇င်။ တောင်ပိုင်းဒေသ မှာ နတ်ဆိုးတွေ ရောက်နေတာ အကြောင်းကိစ္စကြီးတစ်ခု ရှိလိမ့်မယ်။
ချန့်ယန်း က အချိန် ကုန်နေပြီ။ ဒါက သူ့ အစီအစဉ်မှာ အစွမ်းကုန် အသက်ရင်းပြီးတော့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းပဲ။ ဒီလိုဆိုတော့။ ချန့်ယန်း သုခမိန် ဖြစ်အောင် လုပ်ခဲ့တာလည်း အစီအစဉ်ထဲမှာ ပါတယ်လား။ ပင်းယန်ရဲ့ မျက်နှာက ထိတ်လန့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
ယွင်ချင်းဝူ က နတ်ဆိုးအရှင်သခင်ငယ် ဖြစ်နေတာ မဆန်းတော့ပါဘူးလေ။ အနာဂတ်ကိုတောင် ကြိုခန့်မှန်းနိုင်နေတာ။ ဒါပေမယ့် ဖန်ကျန်းရှီကိုတော့ သူ့ရဲ့ ညီမျှခြင်းထဲမှာ ထည့်မတွက် မိဘူး။ အကယ်၍ သူမ လုပ်ခဲ့ရင်တောင်။ ဖန်ကျန်းရှီမှာ အဆုံးမဲ့လောက ရှိတာကိုလည်း သူမ မသိခဲ့သလို။ ချန့်ယန်းကို တိုက်ခိုက်နိုင်မယ်လို့ လဲ မထင်ခဲ့ဘူး။
ဒါက တော့ ကောင်းကင်ရဲ့ ဆန္ဒပဲ။ ယွင်ချင်းဝူ ရဲ့ အစီအစဉ်နဲ့တော့ မဆိုင်ဘူး ။
" ငါနားလည်သွားပြီ။ ချန့်ယန်း စိတ်ပူနေတာက။ နတ်ဆိုးတွေ ကြားမှာ ယွင်ချင်းဝူရဲ့ နေရာကို ထိခိုက်လာမှာကိုပဲ။ သူက ယွင်ချင်းဝူရဲ့ ဘေးမှာ ဆက်ရှိမနေနိုင်တော့တဲ့ အတွက်။ ဒီကိစ္စကို အတော့်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာပဲ။ " ပင်းယန်နောက်ဆုံးတော့ အလင်း၀င်သွားခဲ့ပြီ။
" အင်း။" ချီကူယန်ခေါင်းငြိမ့်တယ်။
ယွင်ချင်းဝူပဲ ကောင်းကောင်း နားလည်နိုင်မယ့်။ ချည်မျှင်တစ်ချောင်း ကို ချန်ရစ်ထားခဲ့တယ်။ နတ်ဆိုး အဖွဲ့ အစည်းမှာ ယွင်ချင်းဝူ ဆက်ပြီးတော့ နေနိုင်အောင် လုပ်ပေးတာပဲ။
ဖန်ကျန်းရှီကို အသက်ရှင်လျက်ထားထားခဲ့တာ။ အကြောင်းရင်းရှိတယ်။ သူ့စိတ်ထဲမှာတော့ ။ ဖန်ကျန်းရှီ က နတ်ဆိုးတွေကို နောက်ထပ် အန္တရာယ် မပေးနိုင်တော့ဘူးဆိုတာ သေချာနေလို့ပဲ။ နောက်တနည်းနဲ့ ပြောရရင်။ ဖန်ကျန်းရှီက ....။
ချီကူယန်က ဖန်ကျန်းရှိကို ကြည့်နေခဲ့တယ်။ သူမ မျက်လုံးတွေ တလက်လက် တောက်ပနေသလို။ ပါးစပ်ကလည်း လှုပ်ရှားနေခဲ့တယ်။ တစ်ခုခု ပြောချင်နေတဲ့ပုံစံပဲ။ ဒါပေမယ့် စကားသံ ထပ်မထွက်လာတော့ ဘူး။
ချီကူယန် တွေးနေတာကို ဖန်ကျန်းရှီသိတယ်။ ဒါပေမယ့် အဖြေကိ်ု သူစဉ်းစားလို့မရဘူး။ သူ့ရဲ့ တာအို သစ်သီးတွေကို စားလိုက်တော့ကော ဘာများ ထူးသွားလို့လဲ။ ဘယ်သူမှ မသိဘူး။
အဖြေရဖို့ အတွက်လည်း လမ်းမရှိဘူး။ သူသိတာက ။ ချန့်ယန်း သူ့ရင်ဘတ်ကို ဖိနှိပ်လိုက်တည်းက ။ သေပြီမှတ်ခဲ့တာ။ ဒါပေမယ့် ချန့်ယန်းက သူ့ကို မသတ်ခဲ့ဘူး။
ယွင်ချင်းဝူကြောင့်လား ဆိုတာကိုတော့ သူလည်း မတွေးတတ်ဘူး။ ဒါပေမယ့် သူ ဂရုလည်း မစိုက်ပါဘူး။ သူသိတာကတော့။ အကယ်၍ ချ န့်ယန်းသာ သူ့ကို မသတ်ရင် သူလည်း သတ်မှာ မဟုတ်ဘူး။ လုံလောက်ပြီလေ။ ကျန်တာက သူ့ အပေါ်မှာ မူတည်တယ်။
" မြင့်မြတ်ဂုဏ်ခံတွေအကြောင်း ငါတ်ို့ ဆက်ပြောကြရင်ကော ဘယ်လိုလဲ။ ငါသာ နေရာရသွားရင်။ နယ်မြေ အပိုင်စားလေး ဘာလေးမရဘူးလား။ ကိုယ်ပ်ိုင်သက်တော်စောင့်လေးကော မရဘူးလား။" ဖန်ကျန်းရှီ ဆက်တိုက် မေးနေခဲ့တယ်။ တစ်ယောက်ယောက်ကို လက်ထပ်ရမယ်။ လုပ်သင့်တာပေါ့။
မဟုတ်ရင်။ ဘယ်သူကများ ဒီသူရဲကောင်း မျိုးရိုးကို ဆက်ခံတော့မှာလဲ။ ချီကူယန်ကိုတော့ လက်မထပ်ဘူး။ ယွင်ချင်းဝူကိုကော..... ဖွီ။ ဒါကတော့ တော်တော်ဆိုးတယ်။ အဲ့ဒီ့အစား ဘလိုင်းဒိတ်ပဲ သွားချင်တော့တယ်။ သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ကောင်မလေး တစ်ယောက်တော့ ကောင်းကောင်းရနိုင် မှာပါ။
နေစမ်းပါအုန်း။ ဒီ မြင့်မြတ်ဂုဏ်ခံ မိသားစုက အမျိုးသမီးတွေက မောက်မာပြီးတော့။ ဘာအလုပ်မှ မလုပ်ကြဘူး မလား။ အိမ်မှုကိစ္စတွေ လုပ်နိုင်တဲ့ တစ်ယောက်ယောက်ကို ရှာရမှာ မဟုတ်ဘူးလား။ ဟုတ်တယ်။ ဒါက ပိုအရေးကြီးတယ်။ ဖန်ကျန်းရှီက သူ့ဘ၀ ေ၇ှ့ရေးအတွက် စဉ်း စားနေခဲ့တယ်။ ပင်းယန်ကတော့ စိတ်ပျက်လက်ပျက် နဲ့ ကြည့်နေခဲ့တယ်။ သူမက သူ့ရဲ့လုံခြုံမှု အတွက် စဉ်းစားပေးနေတာ။ သူကတော့ နယ်မြေတွေ ။ သက်တော်စောင့် တပ်ဖွဲ့တွေပဲ အာရုံစိုက်နေခဲ့တယ်။
" နင် နည်းနည်းပါးပါးတောင်။ လေးစား သမှု မရှိနိုင်ဘူးလား။ " ပင်းယန် ပွစိပွစိ ပြောနေခဲ့တယ်။
ယွင်ချင်းဝူ နဲ့ ချန့်ယန်း ရဲ့ နောက်မှာ စစ်သည်တစ်သိန်း နီးပါး ရှိနေသေးတယ်။ သူတို့ရဲ့ သံချပ်ကာ တွေ တလက် လက် တောက်ပနေခဲ့တယ်။ ရင်ဆိုင်တိုက်ခိုက်ဖိ့ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ တပ်ကြီးတစ်ခုပဲ။
" ဟဟား.... မင်းဘာသိလို့လဲ။ ငါ ဒီကပ်ဘေးကနေ လွတ်အောင်လုပ်ပေးတဲ့ အတွက် ဆုတော့ ရသင့်တယ်လေ။ " ဖန်ကျန်းရှီ ပင်းယန်ကို နောက်ထပ် ဆက်မပြောတော့ဘူး။ အခုက အချိန်ကောင်းပဲ။
တခြားကိစ္စတွေကို အကုန်လုံးကို သူ လျစ်လျူရှုထားခဲ့တယ်။ ဒါပေါ့။ သူ အာရုံစိုက်တာ နောက်တစ်ယောက်တော့ ရှိပါသေးတယ်။ ရန်ရွယ်ပဲ။ ဖန်ကျန်းရှီ လှည်မေးတယ်။
" ရန်ရွှယ် ဘယ်မှာလဲ မင်းတို့ သိကြလား။"
" ရန်ရွှယ်လား။ သူ အအနောက်ပိုင်း လျန်ဒေသကို ပြန်သွားပြီလေ။" ပင်းယန် ၀င်ဖြေတယ်။
" သူက ပြန်သွားပြီလား။ ကောင်းပြီလေ။..." ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တန်ရှီရှန်းဆီကနေ သူ သတင်းကြားလိုက်သေးတယ်။ အေးခဲ မျောက်မင်း တိုက်ပွဲမှာ ရန်ရွှယ် ဒဏ်ရာ ပြင်းပြင်းထန် ရခဲ့တယ်တဲ့။ ပြန်ကုသဖို့ အနောက်ပိုင်း လျန်ဒေသကို ပြန်တယ်ဆိုတာ ဖြစ်သင့်တာပဲလေ။
ရန်ရွယ့်ဆီ သွားလည်ဖို့ အချိန်ယူရမယ်။ ပြဿနာ တစ်ခုကတော့ အဲ့ဒီ့အချိန်ထိ အသက်ရှင်ဖို့ အချိန် မကျန်တော့မှာကိုပဲ စိုးရိမ်ရတယ်။ ဖန်ကျန်းရှီ ခေါင်းခါတယ်။
တောင်ပိုင်းဒေသ စစ်သည်တော်တွေကတော့ သူ တို့ သုံးယောက် ကပ်လာတာကို မြင်တော့ ။ ဘေးမှာ ရပ်စောင့်နေကြတယ်။ သုံးယောက်လုံး နယ်မြေထဲကို ၀င်သွားတော့တယ်။ နန်ကုန်းဟောင်ကတော့ ပန်းနုရောင် ၀တ်ရုံနဲ့ လူကို ကြည့်ရင်းနဲ့ ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ အဲ့ဒီ့နောက် ရှင်းယွမ်ကောင်းကို သူ ပြောတယ်။
" စစ်သူကြီး။ ကျွန်တော် ပြန်လှည့်ဖို့ လိုနေပြီ။"
" ပြန်လှည့်မယ်ဟုတ်လား။" နန်ကုန်း မိသားစု အိမ်တော်ကို ပြန်တော့မယ် အကြောင်း ပြောမှန်း ။ ရှင်းယွမ်ကောင်းသိတယ်။
"ဟုတ်တယ်။ ကျွန်တော့်ညီ ကျွန်တော့်ကို စောင့်နေလောက်ပြီ။ ဒါက တောင်ပိုင်းဒေသ နဲ့ သဘောတူ စာချုပ်ပါ။ ဧကရာဇ်ကို ကျွန်တော့်အစား ဆက်သပေးပါ။ တစ်လအတွင်း ကျွန်တော့် ညီနဲ့ မြို့တော်ကို ပြန်လာခဲ့ပါမယ်။ "
နန်ကုန်းဟောင်က စာလွှာကို ကမ်းပေးလိုက်တယ် ။
"ငါနားလည်ပြီ" ရှင်းယွမ်ကောင်း ခေါင်းငြိမ့်တယ်။ စာလွှာကို ယူလိုက်တယ်။
...
အချိန်တွေကုန်ဆုံးလာတယ်။ သိပ်မကြာခင်မှာပဲ။ စစ်ကူတွေ ရောက်လာခဲ့တယ်။ ဒါက အေးခဲ မျောက်မင်းဒေသ မှာ ရှိတဲ့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ တပ်တွေပဲ။ ရှန်လင်းကတော့ ဒါကိုမြင်ရတ ပျော်မနေခဲ့ဘူး။
လေးနာရီကြာပြီးနောက်မှာတော့။ ကျန်တဲ့ စစ်ကူတွေ ရောက်လာခဲ့ပြီ။ စစ်သည်တော်တစ်သိန်းနဲ့ ဆိုရင်။ သူတို့ရဲ့ စိတ်ဓာတ်အင်အားကလည်း မြင့်တက်လာခဲ့တယ်။
အဲ့ဒီ့နောက် နယ်မြေ အပြင်က စစ်တပ်ကို မြင်တော့ ။ သူတို့ မျက်လုံးပြူးသွားခဲ့တယ်။ မြို့အပြင်မှာက နတ်ဆိုး စစ်တပ်ကြီး။ ဒါမျိုးတွေ ဖြစ်လာမယ်လို့ တွေးတောင် မတွေးထားခဲ့ပြီ။
"အရှင်မင်းသား။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ ရောက်နေပြီ။" နယ်မြေမှူးတစ်ယောက် ရှန်လင်းကို ခပ်တိုးတိုး ပြောတယ်။
"အင်း..." ရှန်လင်း ခေါင်းငြိမ့်တယ်။
ငွေရောင် ၀တ်ရုံနဲ့ လင်းထျန်းရုံ။ ရှင်းယွမ်ကောင်းဆီကို လျှောက်လာခဲ့တယ်။
"အရှင့်သား။ ကျွန်တော်က တောင်ပိုင်းဒေသ ရဲ့ အိမ်ရှေ့စံ ရှန်လင်းပါ။" အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်။ " ရှန်လင်းက ဖြူဖျော့နေခဲ့တယ်။ ဒါပေမယ့် လင်းထျန်းရုံကို တလေးတစားတော့ နှုတ်ဆက်ခဲ့တယ်။
" အိမ်ရှေ့စံ။ ဓလေ့ထုံးစံ တွေကို မေ့ထားလို့ရပါတယ်။ နတ်ဆိုးဒီလောက် အင်အား အများကြီးကို တောင့်ခံထားခဲ့တာ။ အတော်လေး ခက်ခဲ ခဲ့မှာပဲ။ ကျွန်တော် ပြန်သွားတဲ့ အချိန် ။။ ဒီနေရာမှာ တပ်စခန်း အခိုင်အမာ ချပေးထားဖို့ တောင်းဆိုပေးပါမယ်။ " လင်းထျန်းရုံ အလေးအနက်ထားပြီးတော့ ပြောနေခဲ့တယ်။
ရှန်လင်း တောင့်တင်းသွားတယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ တပ်စခန်း ဟုတ်လား။ အိမ်ရှေ့စံ မင်းသား ဘာလုပ်ချင်နေမှန်းသိတယ်။ တောင်ပိုင်းဒေသထဲကို ကျူးကျော်ဖို့ ပြင်နေတာ။ ဒါပေမယ့် အိမ်ရှေ့စံ ကိုလည်း မလေးမစား မပြုရဲဘူး။ အသက်ပြင်းပြင်း ရှူရင်းနဲ့ သူ ပြုံးလိုက်တယ်။ ဒါပေမယ့်သူ့ စိတ်အာရုံကတော့ ။ နတ်ဆိုး စစ်တပ်ကြီး စီမှာ ရောက်နေခဲ့တယ်။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...