Zawgyi
အပိုင်း (၄၀၉)
“ နတ်ဆိုးတို့ရဲ့ အစီအစဉ်”
Translator: Sparrow Translations Editor: Sparrow Translations
တောင်ပိုင်းဒေသ။ သန့်စင်တဲ့ နယ်မြေ တစ်ခု ။ ဒီနေရာမှာ မိန်းမပျိုနဲ့ ယောကျာ်းပျိုတို့ရဲ့ ဆက်ဆံေ၇းက ပွင့်လင်းတယ်။ အမျိုးသားတွေက စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ကြတယ်။ အဲ့ဒီ့နောက် သူတို့ ချစ်ခင်မြတ်နိုးကြတဲ့ အမျိုးသမီးလေးတွေ ဆီကို ပြန်လာကြတယ်။ လက်မထပ်ခင် မှာ။ အမျိုးသမီးလေးက သူမရဲ့ အပျိုစင်ဘ၀ကို ချစ်ရသူ စစ်သည်တော်ဆီ ပေးအပ်တယ်။ ဒါက သူမရဲ့ သတ္တိနဲ့ စိတ်ဆုံးဖြတ်ချက်တို့ရဲ့ သက်သေပဲ။ တူညီစွာပဲ။ အမျိုးသား နှစ်ဦး က မိန်းမပျို တစ်ယောက်ကို နှစ်သက်မိခဲ့ရင်။ အမျိုးသမီးအတွက် နှစ်ယောက် သား ယှဉ်ပြိုင်တိုက်ခိုက်ကြတယ်။ ဒါက တစ်ယောက် ကိုတစ်ယောက် လေးစားမှုပဲ။ ဒါပေါ့။ အမျိုးသမီးက သူ ချစ်ခင်တဲ့ သူကိုပဲ ရွေးချယ်တယ်။
တောင်ပိုင်းဒေသ မှာ ဘယ်သူမှ ဆန္ဒ မရှိတာကို အတင်းအကြပ် မလုပ်ခိုင်းဘူး။ ဒီနေရာက လွတ်လပ်မှုကို တန်ဖိုးထားတဲ့ နေရာကြီး တစ်ခုပဲ။ ရှန်းယွီ မင်းသမီးကအေးဆေးတည်ငြိမ်နေတယ်။ စစ်သူကြီးတွေ ရဲ့ စိုးရိမ်လွန်းတဲ့ မျက်နှာတွေကို ကြည့်တယ်။ သူမ ပြုံးလိုက်တယ်။
“အကယ်၍ ဖန်ကျန်း၇ှီသာ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ စိတ်ပူရင်။ ဒီတဲထဲ ခေါ်မလာခင် တခါတည်း ကြိုးနဲ့ တုပ်ခဲ့ပါလား။
“ အင်း…. အမိန့်တော် အတိုင်းပါ အရှင်မင်းသမီး။”
စစ်သူကြီးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
“ စစ်သူကြီး တန်။ ငါ့မှာ (နှစ်တစ်ထောင် ကြိမ်ပင် သားရဲထိန်းချုပ်ထောင်) ရှိတယ်။ အဲ့တာကို သုံးပြီးတော့ ဖန်ကျန်းရှီ ကို ချုပ်ထားလိုက်ပါ။”
“ ကျေးဇူးပါ ။ စစ်သူကြီး လင်း။” တန်၇ှီရှန်း က စစ်သူကြီးလင်းရဲ့ ထောင်ချောက်ကို ယူရင်း စိတ်ထဲ ဒေါသ ထွက်လာတယ်။ ရှန်းယွီမင်းသမီး ရဲ့ လုံခြုံမှု အတွက် သူ သေချာအောင် လုပ်ရ အုန်းမယ်လေ။
…
ဖန်ကျန်းရှီ သတိပြန်ရလာတော့။ နေလို့ မကောင်းဘူး။ တောင်ကြီးတစ်လုံးက သူ့ကိုယ်ပေါ်မှာ ဖိထားသလိုပဲ။ အဲ့ဒီ့နောက် သူ့ကိုယ်သူေ တာင် မထနိုင်ချင် ကျိုးကျေ ကုန်တဲ့အသံတွေ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် တနေရာရာ ကနေ ပြုတ်ကျလာသလိုပဲ ။ ဒီ ခံစားချက်က သူ့ကို ထိတ်လန့်စေတယ်။ ဒါပေမယ့် အောက်ကို မရောက်ရင် ကြိမ်ကြိုးတစ်ခုနဲ့ အဖမ်းခံလိုက်ရတယ်။ ဒါပေမယ့် မတည်မြဲဘူး။ ကြိုးတစ်လျှောက် လိမ့်ကျလာတယ်။ သူ့ခေါင်းတွေ မူးဝေလာတယ်။ မရပ်တန့်ခင် အချိန်ထိ အကြိမ်ကြိမ် လွှဲပြောင်းခံလိုက်ရတယ။် သူ လွတ်မြောက်ပြီလို့ ထင်လိုက် တဲ့ အချိန်မှာ ။ နောက်တစ်ကြိမ် အရမ်းကြပ်တဲ့ ကြိုးတစ်ခုနဲ့ တားဆီးတာ ခံလိုက်ရတယ်။ ဒီ တစ်ခေါက် ကြိုးက အတော့်ကို ခိုင်ခံ့လွန်းတယ်။ မြွေလား။ မဖြစ်နိုင်ပါဘူး ။ မြွေပတ်တာ ခံရပြီး တော့ မသေချင်ပါဘူး။
သူကြိုးစားရုန်းကန်တယ်။ အဆုံးသတ်မှာတော့ သူ့မျက်စိေ၇ှ့မှာ အလင်းရောင်ကို မြင်လိုက်ရတယ်။ တောက်ပနေတယ်။ နောက်ဆုံးတော့ မျှော်လင့်ချက် ရှိပြီလို့ ။ အဲ့ဒီ့နောက် တောင်ထိပ်တစ်ခုကို သူ မြင်လိုက်ရတယ်။ ဒါက သူ မြင်ဖူးသမျှထဲမှာ အလှဆုံး အရာ တစ်ခုပဲ။ သူထိတွေ့ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် သူ့လက်တစ်ချောင်းတောင် လှုပ်မရဘူး။ စပါးကြီးမြွေ က သူ့ကို ရစ်ပတ်ထားသလိုပဲ။
“အားးးး။ ဆိုးယုတ်လိုက်တဲ့ သတ္တ၀ါကြီး။ ငါ့ကို လွှတ်ပေးစမ်း။” ဖန်ကျန်း၇ှီ မျက်လုံးပိတ်ပြီး အော်နေတယ်။ အဲ့ဒီ့နောက် တစ်ဖြည်းဖြည်း မျက်တောင်ခတ်ရင်း မျက်လုံးဖွင့်နေတယ်။ သူ့ေ၇ှ့က မြင်ကွင်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့တယ်။ အဲ့ဒီ့နောက် သူ့ ပါးစပ်ပွင့်ဟသွားတယ်။ သူ့ေ၇ှ့မှာ သားမွှေးအဖြူနဲ့ အမျိုးသမီး တစ်ယောက်ရောက်နေတယ်။ တောင်ထိပ်တွေ ဆိုတာ အဲ့ဒီ့အမျိုးသမီး ရဲ့ …..။ အရိုင်းဆန်ဆန် လှပနေတဲ့ ဒီ အမျိုးသမီး ။ ဖန်ကျန်းရှီ ဒါတွေကို သိတယ်။ သူ့မျက်လုံးေ၇ှ့က မြင်ကွင်းက လှုပ်ခါနေခဲ့တယ်။
…
ရှန်းယွီ မင်းသမီး ရဲ့ အမူအယာက မည်းမှောင်သွားတယ်။ ဖန်ကျန်းရှီက သူမ တဲထဲကိုရောက်လာပြီ။ အတော်လေးကို တင်းကြပ်တဲ့ လုံခြုံရေးနဲ့ ရောက်လာတာ။ ဒါကြောင့် စိတ်တော့ ချမ်းသာ မိတယ်။ ဒါပေမယ့် ဖန်ကျန်း၇ှီက သိပ်မကြာခင် ရုန်းကန်တော့တယ်။ သူမလည်း စိတ်မထိန်းနိုင်တော့တာကြောင့် အနီးကပ်သွားကြည့်တော့တယ်။ ဖန်ကျန်းရှီ ရဲ့ေ၇ှ့တည့်တည့်ကို သူမ ရောက်သွားတယ်။
ဒါပေမယ့် သူ့ပါးစပ်က ထွက်လာတဲ့ ပထမဆုံး စကားလုံးက ( အားး ။ ဆိုးယုတ်လိုက်တဲ့ သတ္တ၀ါကြိး ငါ့ကို လွှတ်ပေးစမ်း) တဲ့။
( ဆိုးယုတ်လိုက်တဲ့ သတ္တ၀ါကြီးတဲ့လား။) ဖန်ကျန်းရှီ ပြောချင်တာကို ရှန်းယွီ သိတယ်။ တောင်ပိုင်းဒေသ က အန္တရာယ် များပေမယ့် ။ လူတွေက သားရဲကောင်တွေကို သူတို့ရဲ့ အိမ်နီးချင်းလိုမျိုး သဘောထားကြတယ်။ သူတို့တွေက ရှင်သန်မှုရဲ့ တစ်စိတ်တပိုင်းပဲ။ ဆိုးယုတ်တဲ့ သတ္တ၀ါကြီးတွေလို့ ခေါ်တာက ။ မလေးစားမှုကို ဖြော်ပတာပဲ။
“ နင်ငါ့ကို ဘယ်လိုတောင် ခေါ်လိုက်တယ်။ သေချင်နေပြီလား။” ရှန်းယွီ မင်းသမီး ဒေါသထွက်လာတယ်။ သူ့ဘေးက သစ်သားတုတ်ချောင်းကြီးကို ဆွဲလိုက်တယ်။
“ ဘုန်းးး” ခပ်လေးလေး အသံ ထွက်လာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မျက်စိေ၇ှ့က လောကကြီး မှောင်အတိကျသွားပြန်တယ်။ ခေါင်းမထောင်နိုင်တော့ဘူး။
ရှန်းယွီမင်းသမီးကတော့ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ကြည့်နေတယ်။
“ အိုးးး . သူ သတိမေ့သွားပြန်ပြီ။ ဟေးးးး . အရှက်မရှိတဲ့ ခွေးကောင်။ ထစမ်း။ နင့်ကို ထဖို့ ငါ အမိန့်ပေးနေတယ်။” ရှန်းယွီမင်းသမီးအော်ဟစ်တယ်။ ဒါပေမယ့် အသုံးမ၀င်ပါဘူး။ ဖန်ကျန်း၇ှီ က ဆက်ပြီးမျောနေတုန်းပဲ။ အချိန်တစ်ချို့ ကြာ ပြီးနောက်မှာ။ တဲအပြင်ကနေ အသံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။
“အရှင်မင်းသမီး။ သုခမိန် တောင်တန်း မြို့တော်ကနေ အမိန့်ရောက်လာပါတယ်။ လက်ခံပေးပါ။ ”
“ ကောင်းပြီလေ။ ” ရှန်းယွီမင်းသမီး ခေါင်းငြိမ့်တယ်။ သတိလစ် နေတဲ့ ဖန်ကျန်း၇ှီကို လှမ်းကြည့်တယ်။ ( အကုန်လုံး နင့် အမှားတွေပဲ) နင်သာငါ့ကို ဆိုးယုတ်တဲ့ သတ္တ၀ါကြီးလို့ မခေါ်ရင် ။ ငါလည်း ရိုက်မိမှာ မဟုတ်ဘူး။ နင် နဲ့ ဒါပဲ တန်တယ်။
…
သုခမိန်တောင်တန်းမြို့တော်။ တောင်ပိုင်းဒေသ ရဲ့ အမြင့်ဆုံးနေရာမှာ ရှိတဲ့ မြို့တော်။ ကျောက်တုံးတွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ ခံတပ်မြို့တော်ကြီး တစ်ခု။
ရှန်လင်း။ ဘုရင်ရဲ့ တတိသား။ နောက်ပြိးတော့ ထီးနန်း ဆက်ခံသူ ။ ပုံမှန် အတိုင်းဆိုရင် တတိယမြောက်သားက ထီးနန်း ဆက်ခံသူ အဖြစ်ကို မျှော်မှန်းနိုင်မှာတောင် မဟုတ်ဘူး။ အခုတော့ ဒီနေရာကသူ့ အတွက်ပဲ။ နောက်ပြီးတော့ ။ သူ့နေရာကို ပြိုင်ဆိုင်ချင်တဲ့ သူတောင် မရှိခဲ့ဘူး။ သူ့နာမည်က တောင်ပိုင်းဒေသမှာ ထင်ရှားနေပြီးသား။ ဒါက သူ့ရဲ့ ပါရမီနဲ့လည်း ဆက်စပ်နေတယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ ရဲဝံ့တယ်။ လူမှု အဖွဲ့အစည်းထဲမှာ လေးစားခံရတဲ့ ဂုဏ်ထူးဆောင် ။ စံပြလူသားပဲ။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ တည်ငြိမှ်ုကို ပျောက်ဆုံးနေခဲ့ပြီ။
“ ဘုန်း” ကျယ်လောင်တဲ့ ပဲ့တင့်သံနဲက အတူ။ ကျောက်စိမ်းစားပွဲခုံကြီး ကျေမွသွားခဲ့တယ်။ ကြီးမားတဲ့ အက်ကွကြောင်းကြီး ဖြစ်ပေါ်လာတယ်။
“ မင်းက ငါ့ကို ပြန်လမ်းမရှိတဲ့ နေရာဆီ ဖြတ်ခိုင်းနေတာလား။” ရှန်လင်း အော်ဟစ်တယ်။ သူ့ရဲ့ ငွေရောင် သားမွှေးကုတ် က တဖျပ်ဖျပ် လွှင့်နေခဲ့တယ်။ ခေါင်းပေါ်က ငါးရောင်ခြယ် ငှက်မွှေးနှစ်ချောင်း ယိမ်းခါနေခဲ့တယ်။ သူအတော်လေး ဒေါသထွက်နေတာ။ ဒါပေမယ့် သူရှေ့က အနက်ရောင်လူကိုတော့ သက်ေ၇ာက်မှု မရှိ။ အဲ့ဒီ့လူက တစ်လှမ်းတောင် နောက်မဆုတ်ဘူး။
“ ငါတို့ နားမလည်ဘူး။ ဒါက ဘယ်လိုများ ပြန်လမ်းမ၇ှိတာ ဖြစ်ရတာလဲ။ ဒါက ငါတို့ မျိုးနွယ်စု ရဲ့ မင်း အပေါ် စောင့်ေ၇ှာက်မှုပဲ။ ” ၀တ်ရုံနက် လူက တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။
“ ငါ့ကို စောင့်ေ၇ှာက် တာလား။ ငါ့ကို စောင့်ေ၇ှာက်တယ်တဲ့။ ဟ ဟား… မင်းက ငါ့ကို ငတုံးလို့ ထင်နေတာလား။ အခု လက်ရှိဘုရင်ကို သတ်စေချင်တယ်တဲ့။ ငါက ငါ့အဖေကို ကိုယ်တိုင် သတ်ရမယ်တဲ့လား” ရှန်လင်း ရဲ့ မျက်လုံးတွေက နီရဲနေတယ်။ သူ့ဒေါကတွေက အတော်လေးကို ကြီးမားနေတယ်။ စိတ်ခံစားချက်က မတည်ငြိမ်ဘူး။
“ တွေးကြည့်စမ်းပါ ။ ဒီ ပလ္လင်က မင်းအတွက်ပဲလို့။” လူကြီးက တစ်စက်လေးတောင် လန့်မသွားခဲ့ဘူး။
“ ဘယ်ကောင်က သောက်ဂရုစိုက်လို့လဲ။ ငါ့ အဖေကို ဘာလို့ သတ်ရမှာတုန်း။” ရှန်လင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ဒီလူကို အမှုန့်ကြိတ်ပြစ်ချင်တယ်။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။ သူ့မှာ အင်အား မရှိတာကြောင့် မဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုး စစ်သည်တော် ငါးသောင်းက သုခမိန် တောင်တန်း မြို့တော်ကို ၀န်းရံထားတာ ကြောင့်ပဲ။ သူတို့တွေက ဒီနေရာမှာ မရှိသင့်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ သဘောတူညီချက်အရ။ တိုက်ပွဲအတွင်းမှာ သူတို့တွေက မဟာမိတ်တွေပဲ။ တောင်ပိုင်းဒေသက ကြီးမြတ်သော ရှ မင်းဆက်ကို သူတို့မှာ ရှိသလောက် အင်အားနဲ့ ရင်ဆိုင်မယ်။ နတ်ဆိုးတွေကတော့ သူတို့ရဲ့ အောဆဆုံး စစ်သည်တော်တွေကို အထောက်အပံ့ အဖြစ် ပေးပို့ထားမယ်။ ဒါပေမယ့် နတ်ဆိုးစစ်သည်တော် ငါးသောင်းးက သုခမိန်တောင်တန်း ဒေသ အပြင်မှာ ရောက်နေပြီ။ နတ်ဆိုးတွေ။ မွေးဖွားချိန်တည်းက ကျင့်ကြံဆင့်နဲ့  စတင်တယ်။ သူတို့တွေက စစ်သည်တော် နှစ်သိမ်းကို အေးဆေး ဖျက်စီးနိုင်တယ်။ နောက်ပြီးတော့ အချိန် သုခမိန်တောင်တန်း မြို့တော်မှာ စစ်သည်တော် နှစ်သိန်းပဲ ရှိတယ်။ ဒါက ရှန်လင်း သတိ မမူမိလို့ မဟုတ်ဘူး။ သူ့မှာေ၇ွးချယ်စရာ မရှိလို့ပဲ ။ တောင်ပိုင်း ဒေသက ကျယ်ပြန့်တယ်။ ဒါပေမယ့် လူအများကြီးမရှိဘူး။ ဒါကြောင့် တိုက်ပွဲမှာ အင်အား အပြည့် သုံးနိုင်ဖို့။ သူတို့ရဲ့ အကာအကွယ်ကို လျော့ချ ထား၇တယ်။
တိုက်ပွဲပြင်ဆင်ဖို့ အတွက်။ ရှန်လင်းက နယ်မြေကြီး လေးခုမှာ တပ်ပုန်းတွေကိုလည်း ပို့ဆောင် ထားရသေးတယ်။ ဒါ့အပြင် မြို့တော် အတွက်လည်း စစ်သည်တော် နှစ်သိန်းကို ချန်ထားတယ်။ ပုံမှန် အခြေအနေ မျိုးမှာ ဆိုရင်။ တောင်ပိုင်းဒေသ စစ်သည်တော် ၂သိန်းက ကြီးမြတ်သော ရှ မင်းဆက် စစ်သည်တော် တစ်သိမ်းကို အေးဆေး အနိုင်ယူ နိုင်မယ်လို့ သူ ယုံကြည်ချက်ရှိတယ။် ဒါပေမယ့် နတ်ဆိုး စစ်သည်တော် ငါးသောင်းနဲ့ ရင်ဆိုင်ရရင်တော့ ။ မြို့တော်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ ကြီးမြတ်သော ရှ မင်းဆက်ကို သူ တစ်ခါမှ လျှော့မတွက်ခဲ့။ ဒါပေမယ့် နတ်ဆိုးတွေက နောက်ပြန်လှည့်ပြီး တိုက်ခိုက်လိမ့်မယ်လို့ ပိုတောင် မထင်ခဲ့သေးတယ်။
အပိုင်း(၄၀၉) ပြီး၏။
ESTÁS LEYENDO
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiကော unicodeပါ တင်ထားတယ်။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...