Uni 431~440

240 22 0
                                    

Unicode

အပိုင်း (၄၃၁)

“ ခုန်ကြရအောင်” 

Translator: Sparrow Translations Editor: Sparrow Translations

သံတောင်ကုန်း ဒေသ ဂိတ်တံခါးက   အခုတော့။ သွေးရောင်လွှမ်းတဲ့ တိုက်ပွဲမြေ ဖြစ်နေခဲ့ပြီ။ သွေးတွေက လေထဲမှာပျံ့ နေတယ်။  မြေပြင်မှာလည်း သွေးစက်တွေ ကျဆင်းနေတယ်။ သံတောင်ကုန်း ဒေသရဲ့ နံရံနက်တွေတောင် ရဲရဲနီနေခဲ့ပြီ။   မဟူရာသံချပ်ကာတွေနဲ့ မရေမတွက်နိုင်တဲ့ နတ်ဆိုး စစ်သည်တော်တွေ  ။ နံရံ အောက်ခြေမှာ စုဝေးနေကြတယ်။ တစ်ယောက်ချင်းစီက  ကြီးမားတဲ့ ဒိုင်းကာကြီးတွေကို ကိုင်ထားပြီး။  မြားမိုးတွေကို ခုခံနေခဲ့တယ်။  နာကျင်မှုကြောင့် အော်ဟစ်သံတွေက လေထုကို တုန်ခါစေတယ်။   မကြာခဏဆိုသလို ။ နာနာကျင်ကျင် အော်ဟစ်သံတွေက နံရံပေါ် ကနေထွက်ပေါ်လာတတ်တယ်။  တောင်ပိုင်းဒေသ စစ်သည်တော်တွေက  နတ်ဆိုးတွေကို ပစ်ခတ်နေသလို။ သူတို့လည်း ထိခိုက်ဒဏ်ရာရကြတယ်။   မြားမိုးတွေက နံရံပေါ်ကနေ ဆင်းသက်လာသလို။  အောက်ဘက်ကလည်း  နောက်ထပ် မြားမိုးတွေ  ပြန်တက်လာတယ်။   အပေါ် အောက် မြားတွေ ထိတွေ့ကြတဲ့ အချိန်မှာ ။  သံသတ္တုတွေ  ထိခတ်တဲ့ အသံ  ထွက်လာခဲ့တယ်။   စစ်ပွဲ ဆိုတာ ရက်စက်ကြမ်းတမ်းတယ်။ 

သေခြင်း တရားက မျှော်လင့်ထားတဲ့ အရာတစ်ခုပဲ။  မျက်တောင် တစ်ခတ် အတွင်းမှာ   အသက် တစ်ချောင်း ပျောက်ကွယ်သွားဖို့ ဆိုတာ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ။  နတ်ဆိုးတွေက သံတောင်ကုန်း ဒေသကို သားရဲကောင်တွေလို ဝါးမျိုးနေတယ်။   သူတို့ တစ်ကိုယ်လုံးကို အဆုံးမဲ့တဲ့ သတ်ဖြတ်မှု အငွေ့အသက်တွေက ဖုံးအုပ်ထားတယ်။  ဒေသ နယ်မြေ တစ်ခုလုံးရဲ့ နံရံတွေကို သူတို့  တွန်းတိုက်နေကြတယ်။  မဟူရာရောင် ပင်လယ်ပြင်ကြီးထဲမှာ အဖြူရောင်  နေရာလေး တစ်ခု ရှိနေခဲ့တယ်။    ပြာပုံထဲမှာ   ကြာပန်းဖြူလေး တစ်ခု ရှိနေသလို။  မိုးသည်းထဲမှာ  ရပ်တန့်နေတဲ့   ကျောက်တုံး တစ်ခုလို။ ယွင်ချင်းဝူက အားလုံးရဲ့ အလယ်မှာ ရပ်နေခဲ့တယ်။  ဒေသကြီးရဲ့ ဝင်ပေါက်မှာ သူရပ်နေတာ။  သန့်စင်တဲ့ အပြာရောင် အလင်းတန်းက သူမ ခေါင်းပေါ်မှာ ကာဆီးထားတယ်။  ဘယ် နတ်ဆိုးကမှ သူမနဲ့ တစ်မီတာ ဝန်းကျင် ကို မကပ်ဝံ့ကြဘူး။ သူမက အမိန့် လည်း မပေးသလို ။ လှုပ်ရှားမှုလည်း မလုပ်ခဲ့ဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now