Unicode
အပိုင်း (၃၈၁)“ နောက်ဆုံး ကျန်ရစ်သူ။”
Translator: Sparrow Translations Editor: Sparrow Translations
ဖန်ကျန်းရှီ ဒီလို ခံစားချက် မျိုးကို ခံစားဖူးတယ်။ နတ်ဆိုး ကျောင်းတော်မှာ လုယွီရှန် နဲ့ တိုက်ခိုက်ရတဲ့ အချိန်ကလိုပဲ။ အဲ့ဒီ့အချိန်တုန်းက လုယွီရှန်က ထူးထူးဆန်းဆန်း ကောင်းကင်ေ၇ာင်ပြန် အဆင့်ကို တိုးတက်သွားတာ။ ကောင်းကင်ရတနာ ခန်းမထဲမှာ ဖန်ကျန်းရှီကို သူက အမဲ လိုက်ခဲ့တယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ပြီးတဲ့နောက်။ သူတို့ နှစ်ယောက် တိုက်ပွဲ အကြီးအကျယ် ဖြစ်ကြတယ်။
ဖန်ကျန်းရှီမှာ အံ့သြစရာ အရာတွေ အများကြီး ရှိနေပေမယ့်။ အရာအားလုံးဖြစ်တည်မှုတာအို ကို သူက ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ ဒါကြောင့် လုယွီ ရှန်းရဲ့ ေ၇ခဲ နယ်မြေကို အနိုင်ရခဲ့တာ။ အချိန်က တစ်ပတ်ပြန်လည်လာပြီ။ ဒါပေမယ့် အတွေးအခေါ်ကတော့ အတူတူပဲ။
ဒါပေါ့။ အခုလို ကိစ္စမျိုးကို လုပ်ဖို့ ဆိုရင် ။ အခြေအနေ နှစ်ခု လိုအပ်တယ်။ ပထမ တစ်ခုက။ လူနှစ်ယောက်ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ရှိတဲ့ တာအိုတွေ တူညီရမယ်။ ဒုတိယ တစ်ခုက အနိုင်ရချင်သူက ပြိုင်ဘက်ထက် တာအိုကို ပိုပြီး ထိန်းချုပ်နိုင်ရမယ်။
နန်ကုန်းဟောင်က သဘာ၀လွန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတာ။ ဒါကြောင့် အရာအားလုံး ဖြစ်တည်မှု တာအိုကို ဖန်ကျန်း၇ှီ ထက် ပိုပြီး ထိန်းချုပ်နိုင်မှာပဲ။ ဒါ့အပြင်။ နဂါးဗျူဟာ က သဘာ၀နဲ့ ကောင်းကောင်း ပေါင်းစည်းနိုင်တယ်။ သူ့ ရဲ့ ဓားပညာ ကလည်း ဘယ်တာအို နဲ့ မဆို ပေါင်းစပ်နိုင်တယ်။ နန်ကုန်းဟောင် အတွက် လွယ်ကူနေတဲ့ အချိန်မှာ။ ဖန်ကျန်းရှီ ကတော့ ရုန်းကန်နေရတယ်။
ဖန်ကျန်းရှီ အတွက်တော့။ ဒီလို ခံစားချက်က ။ သူ့ရဲ့ ဓားကို ထိုးချလိုက်တဲ့ အချိန်မှာ။ ဓားက သူ့ဓား မဟုတ်တော့တာကို သိလိုက်ရသလိုပဲ။ အဲ့ဒီ့အစား။ သူ့ ပြိုင်ဘက်က သူ့ဓားကို ခိုးပြီး ပြန်ထိုးတဲ့ အတိုင်းပဲ။ ငါ့ဓားက ဘယ်လိုလုပ် သူ့ ဓား ဖြစ်သွားရတာလဲ။ ဒီလို ဆိုရင် ငါက ဘယ်လိုများ တိုက်ခိုက်ရတော့မှာလဲ။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...