စာဖတ်သူကလေးတို့ အပေါ်အောက် အများကြီး ဆွဲမနေရအောင် စာတင်တဲ့ ပုံစံပြောင်းပေးလိုက်တယ်နော်။ တပိုင်းက zawgyi နောက် တပိုင်းက Unicode။
Unicode
အပိုင်း (၄၁၄)“ ထိပ်တန်း အစီအစဉ်”
Translator: Sparrow Translations Editor: Sparrow Translations
“ဘာပြောတယ်။ ဘာတွေ ဖြစ်နေတာလဲ။”
“ဟုတ်တယ်။ ငါတို့အစပိုင်းမှာ ရှုံးနိမ့်ရင်တောင် ။ အတူတူ တိုက်ခိုက်မယ်ဆိုရင် ။ နတ်ဆိုးတွေက တောင်ပိုင်းဒေသကို သိမ်းနိုင်မှာ မဟုတ်ဘူး။”
“နတ်ဆိုး ငါးသောင်းကို ငါက ဘာလို့ ကြောက်ရမှာလဲ။”
ဖန်ကျန်းရှီေ ပြာတာကြားတော့ စစ်သူကြီးတွေ မျက်မှောင်ကြုတ်သွားတယ်။ အရှုံးဆိုတာ သူတို့ရဲ့ အဘိဓာန်မှာ မ၇ှိဘူး။ ဖန်ကျန်းရှီကတော့ အကြပ်အတည်း ထဲရောက်နေပြီ။ ရှန်းယွီမင်းသမီးက တော့ အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သူမက ထိပ်တန်း အစီအစဉ်ကို မျှော်လင့်ထား တာ လေ။ သူမ အော်ဟစ်ဆူပူတော့မယ့်အချိန်မှာပဲ။ ဖန်ကျန်း၇ှီ စကားစလာတယ်။
“ မင်း သုခမိန်တောင်တန်း ဒေသကို သွားလို့မရဘူး။ မင်းသမီး။ မင်း သွားလို့ မရဘူး။” ရှန်းယွီ မင်းသမီး ရဲ့ လက်မောင်းကို ဆွဲယမ်းရင်း နဲ့ ဖန်ကျန်း၇ှီ ပြောတယ်။
“ဒီကောင် ဘာတွေ ပြောနေတာလဲ။”
“ ကျွန်တော်တို့က သုခမိန်တောင်တန်း မြို့တော်ကို မသွားရင်။ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံကို ဘယလို လုပ်မလဲ။”
စစ်သူကြီးတွေ အားလုံး ဖန်ကျန်း၇ှီကို ဒေါသ အပြည့်နဲ့ ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူတို့ရဲ့ ဘုရင်မင်းမြတ်က အခက်အခဲထဲ ကျရောက်နေတာ။ သုခမိန်တောင်တန်း မြို့တော်ကို မသွားရင်။ သူတို့က ဘယ်ကို သွားရမှာလဲ။ စစ်သူကြီးတွေ စိတ်ဆိုးနေပင်မယ့်။ ရှန်းယွီမင်းသမီး စကားမပြောဘူး။ ။ ဖန်ကျန်း၇ှီ က သူမကို ဆွဲယမ်းနေတာကြောင့်။ မူးဝေပြီး အော့အန်ချင်သလို ဖြစ်လာတယ်။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့။ ဖန်ကျန်း၇ှီ ပြောတာကို သူမ နားမလည် ပေမယ့် ။ သူ့အမြင်ကသူမ တို့နဲ့ မတူညီဘူး။ ဒါကြောင့် နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်း၇ှီက သူမကို ဆွဲယမ်းပြီးတဲ့နောက်။ မျက်မှောင်ကြုတ်သွားတယ်။ သူ့ဘာသူ တီးတိုးပြောနေခဲ့တယ်။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...