အပိုင်း (၄၇၁)
“ဘောင်းဘီကျွတ်နေပြီ။”
ဘာသာပြန်သူ-Enri Thawဖန်ကျန်းရှီက ဘုရင် ကို ပြစ်မှတ်ထားပြီးတော့ ကစားနေခဲ့တာ။ ဘုရင်က ရှန်းယွီ မင်းသမီးကို စိတ်ကြိုက် ရွေးချယ်ခွင့်ပေးမယ် ဆိုပေမယ့် လည်း။ ဘယ်ဖခင်ကမှ သူ့ သမီးတော် တွင်းထဲ ရောက်သွားမှာကို မမြင်ရက်ဘူး။ ဖန်ကျန်းရှီ က အချိန် မရွေးသေသွားနိုင်တာကို သိနေရဲ့သား နဲ့ ။ သူ့သမီးတော်ကို လက်ထပ်ခိုင်း မှာတော့ မဟုတ်ဘူး ။ ဒါကြောင့် ဖန်ကျန်းရှီက အခြအနေတွေကို ဒီ တစ်လျှောက်လုံး ထိန်းချုပ်ထားခဲ့တာ။
ဒါပေမယ့် အသားကင်ထဲမှာ အဆိပ်ခတ်ထားတာကကော။ အရက်အမူးလွန်လို့ ဒီလို ဖြစ်တာလား။ အရက်မူးတာကြောင့် လို့တော့ ဖန်ကျန်းရှီ မထင်ဘူး။ သူ့ရဲ့ ပတ်၀န်းကျင်က အသံတွေကိုလည်း ကောင်းကောင်း ကြားနိုင်တယ်။ ဦးဏှောက်ကလည်း အလုပ်လုပ်နေတုန်းပဲ။ ဒါပေမယ့် ခေါင်းက အရမ်းလေးပြီးတော့ ။ တစ်ကိုယ်လုံးက လေထဲ လွင့်နေသလိုပဲ။ ကိုယ့်ခန္ဒာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပျောက်နေခဲ့တယ်။ ကိုယ်ထဲက အရိုးတွေတောင် ဂျယ်လီလို ပျော့ခွေ သလိုပဲ ။
သေစမ်း။ သူတို့တွေဘာလို့များ အသားကင်မှာ အဆိတ်ခတ် ထားကြတာလဲ။ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူ့ ဘေးပတ်လည်က အသံတွေိ့ုတော့ ကောင်းကောင်း ကြားနိုင်တယ်။
“ သတိထားကွ။”
“ အမတ်မင်း ဖန်က အတော့်လေး မူးနေတာ။”
“ သူဒီလောက်တောင် သောက်လိုက်မှတော့ ဒီလို ဖြစ်လာတာ မဆန်းပါဘူး။”
“ အမတ်မင်း ဖန်အတွက် အခန်း ပြင် ထားပြီးပြီ ။ ကျွန်တော် လိုက်ပို့လိုက်မယ်။ ”
အသံတွေ က သူ့ အနားမှာ ရစ်ဝဲနေခဲ့တယ်။ အမျိုးသား အသံတွေကော အမျိုးသမီး အသံတွေကော။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့ကို မချီတာ ခံလိုက်ရတယ်။ အထိအတွေ့အက အရမ်းကို နူးညံ့လွန်းလို့။ အမျိုးသမီး နှစ်ယောက်ဆိုတာ ပြောနိုင်တယ်။ အမျိုးသမီးတွေရဲ့ မွှေးရနံ့ကိုလည်း သူ့ နှာခေါင်းထဲမှာ ရလိုက်တယ်လေ။
VOUS LISEZ
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
ComédieZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...