အပိုင်း ၃၉၆+၃၉၇+၃၉၈+၃၉၉+၄၀၀

283 39 1
                                    

UNICODE
အပိုင်း (၃၉၆)

“  ဒီင်္ကောင် ဘာလို့များ ဒီလောက်တောင် အင်အားကြီးနေရတာလဲ။”

Translator: Sparrow Translations  Editor: Sparrow Translations

“ သူ့ ခန္ခာကိုယ်က  မြား ဖြစ်သွားတာလး။”

နတ်ဆိုး စစ်သည်တော်တွေ မျက်လုံးပြူကုန်တယ်။ ပိုင်ရှင်းနဲ့ ဝူကျီတောင် လန့်သွားတယ်။ သူတို့တွေ  တွေးခဲ့ကြတယ်။  လူတစ်ယောက်က  တောင်ထိပ်ပေါ်ကို တက်ဖို့ လမ်းမှာ။  လူတွေ အားလုံးကို သတ်ဖို့ မဖြစ်နိုင်ဘူးလို့။  သူတို့ အားလုံးထဲက စွမ်းအား အကြီးဆုံး ရှင်းယွမ်ကောင်းတောင်။  ဒီလို ကိစ္စမျိုး လုပ်ဖို့ တွေးမိမှာ မဟုတ်ဘူး။  ဒါပေမယ့် ။ ဖန်ကျန်းရှီကတော့  လုပ်ခဲ့ပြီ။  မယုံကြည်နိုင်စရာ အကောင်းဆုံး သော  ပုံစံနဲ့။  လူတိုင်းက သူ့ကို ကြည့်နေတဲ့ အချိန်မှာ။   ခရမ်းေ၇ာင် အလင်းတန်း အဖြစ် ပြောင်းလဲပြီးတော့။  ယွင်ချင်းဝူ ဆီကို  ပျံတက်သွားတယ်။  ဒါက ခက်ခဲတဲ့  နည်းလမ်းတော့ မဟုတ်ဘူး။  ပိုင်ရှင်းနဲ့  ဝူကျီလည်း လုပ်နိုင်တယ်။   လေးကိုင်း ကောင်းကောင်း သာ ရှိရင်။  နတ်ဆိုး စစ်သည်တော်တွေ အားလုံးလည်း လုပ်နိုင်ကြတယ်။  ဒါပေမယ့် ဒီလို လုပ်ဖို့  သူတို့ မတွေးမိကြဘူး။ 

အကယ်၍   ဒီလို အစီအစဉ်ကို  အစတည်းက တွေးထားတာ မျိုး မဟုတ်ခဲ့ရင်။   ချက်ခြင်း လုပ်နိုင်ကြမှာ မဟုတ်ဘူး။   ဒါပေမယ့် ။  ဒီလို အရှိန်ပြင်းထန်လွန်းနေတဲ့ တိုက်ပွဲမှာ ။ သူတို့ ထဲက တစ်ယောက်မှ ဒါကို တွေးနိုင်ကြမှာ မဟုတ်ဘူး။  ဒီလောကထဲက ဘယ်သူကများ။   ပြန်လာတဲ့ နဂါး တိုက်ကွက်ကြောင့် ဖြစ်လာတဲ့ အက်ကွဲကြောင်းကို လေးကိုင်းထားဖို့ တွေးမိမှာလဲ။

ကြောက်လန့်တယ်။ အကူအညီမဲ့သလို ခံစား ရတယ်။  ပိုင်ရှင်းနဲ့ ဝူကျီတို့ ရဲ့ အခု အချိန် ခံစားချက်တွေပဲ။ တောင်ထိပ်ပေါ်ကို ပြေးတက်ပြီးတော့ ယွင်ချင်းဝူကို ကယ်ချင်ကြတယ်။  ဒါပေမယ့် သူတို့ မလုပ်နိုင်ကြဘူး။ ဖန်ကျန်းရှီ ရဲ့   နေခွင်းလေးက အက်ကွဲကြောင်း ထဲမှာ ရှိနေတုန်းပဲ။   ဒါပေမယ့်   လူတစ်ယောက်က ဒီလို နည်းလမ်းကို သုံးပြီးရင်။  ဒုတိယ တစ်ယောက် ထပ်ပြီး လုပ်ဆောင်ဖို့  အတော့်ကို ခက်ခဲလိမ့်မယ်။  လေးကိုင်းကို ရခဲ့ရင်တောင်။   အခုချိန်မှာ သုံးလို့ရအုန်းမှာလား။  ဖန်ကျန်းရှီက ပိုင်ရှင်းလောက် မမြန်ဘူး။  ဒါပေမယ့် နေခွင်းလေးကို သုံးလိုက်တော့။ ပိုင်ရှင်းတောင် သူ့ကို တားမရတော့ဘူး။ 

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now