အကြာကြီး နေမှ တခါတင်လို့ Drop လိုက်ပြီ မထင်ပါနဲ့ ကြိတ်ရေးနေတာ အပိုင်း ၉၃၈ အထိ ပြီးသွားပြီ 🤣🤣
၁၁၁၇ ပြီးဖို့ အပိုင်း 180ပဲ လိုတော့တယ်။
pdfတွေ လိုချင်ရင် fbမှာ နတ်ဘုရား မုခ်ဝ page ရှိတယ် အဲ့မှာ သွားယူလိုက်နော်။ အားမရလို့ ဝယ်ဖတ်ချင်ရင် wz ရှိတယ် 😁။
အပိုင်း(၄၅၆)
“ရူးနေတာလား။”
ဘာသာပြန်သူ- Enri Thawဒီသစ်ပင်ကြီးကို ဖော်ပြဖို့။ တစ်ခုတည်းသော နည်းလမ်းကတော့။ ကြီးမားပြီးတုတ်ခိုင်တာပဲ။ သစ်ပင်ကြီးက ဖြည်းဖြည်းချင်း ပုံပေါ်စပြုလာတယ်။ မရေမတွက်နိုင်တဲ့ အကိုင်းအခက်တွေ မြေပြင်ကနေ ကောင်းကင်ကို ထိုးတက်လာခဲ့တယ်။ တကယ့်ကို အခက်အလက်တွေနဲ့ ဝေဆာနေတဲ့ သစ်ပင်ကြီး တစ်ခုပဲ။ ပိုပြီးအရေးကြီးတာက။ ကြီးမား မှည့်၀င်းပြီးတော့ အရည်ရွှမ်းတဲ့ သစ်သီးတွေ ။ သစ်ပင်တစ်ပင်လုံးမှာ ပြည့်နှက် နေခဲ့တယ်။ သစ်သီးတစ်လုံး ချင်းစီက အလင်းရောင် တောက်ပနေတယ်။ အနီရောင်။ အစိမ်းရောင်။ အပြာရောင်။ ခရမ်းရောင်။ သစ်သီး ခွံ တစ်ခုချင်းစီ ပေါ်မှာ ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေက စီးဆင်းနေခဲ့တယ်။
“ခဘွန်း။”
မြေကမ္ဘာတစ်ခုလုံး တုန်ယင်သွားတယ်။ ကျောက်တုံးတွေ နေရာအနှံ့ကို ပျံထွက်ကုန်တယ်။ လူတိုင်းကတော့ သစ်ပင်ကြီးကို အာရုံစိုက်နေခဲ့တယ်။ ဒီလို ဝေဆာနေတဲ့ အကိုင်းအခက်တွေ။ သစ်သီးကြီးတွေ …။
“ ဒါက…. ဒါက ဘာကြီးလဲ၊”
“ဒါက ဖန်ကျန်းရှီ ရဲ့ ….”
“ ဟုတ်လောက်တယ်။ ဒါက ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံနယ်မြေ အရင်းအမြစ်ပဲ ဖြစ်ရမယ်။ ”
သူတို့ အားလုံး သစ်ပင်ကြီးကို အထိတ်တလန့်နဲ့ ကြည့်နေကြတယ်။ အေးခဲ မျောက်မင်းဒေသ ရဲ့ အပြင်ဘက်မှာ တုန်းက။ ဖန်ကျန်းရှီ သူတို့ကိုပြောခဲ့တယ်။ သူ့မှာ တာအို ရာနဲ့ ချီပြီးတော့ ရှိတယ်လို့။ သူတို့တွေ အားလုံး မယုံခဲ့ကြဘူး။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီရဲ့ စိတ်အာရုံနယ်မြေ ကို တွေ့မြင်ရတဲ့ အချိန်မှာတော့။ သူ တကယ့်ကို ကြောက်၇ွံ့ ထိတ်လန့်နေမိတယ်။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...