အပိုင်း ၃၉၁+၃၉၂+၃၉၃+၃၉၄+၃၉၅

304 38 0
                                    

Unicode
အပိုင်း (၃၉၁)

“ ကိုယ်လုံးတီး  ကပြဖျော်ဖြေမှု”

Translator: Sparrow Translations  Editor: Sparrow Translations

“ပြန်လာတဲ့ နဂါး တဲ့လား။” လူကြီး သူ့ ဘာသူ ရေရွတ်နေတယ်။  အခုဖြစ်သွားတဲ့ တိုက်ခိုက်မှု အရှိန်အဝါက ပြင်းထန်လွန်းတယ်။ ဒါမျိုးကို သူ တစ်ခါမှ မခံစားဖူးဘူး။ ဒါပေမယ့်  ဘာလို့များ။ ဒီလို ကြောက်စရာကောင်းလောက်အောင် အင်အားကြီးလွန်းတဲ့  တိုက်ကွက်ကိူ ( ပြန်လာတဲ့ နဂါး) လို့ နာမည် ပေးထားရတာလဲ။  ပြန်လာတယ်တဲ့။   ဘာလို့ ပြန်လာတာလဲ။  မသွားနိုင်တာလား။ ဒါမှမဟုတ်။ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိလို့ ပြန်လာတာလား။   လူကြီး နားမလည်နိုင်ဘူး။ ဒါကြောင့် သိပ်မတွေးတော့ဘူး။

လူကြီး ရဲ့ နောက်မှာ ဝူကျီ ရပ်နေတာ။ သူလည်း နားမလည်နိုင်ဘူး။ တခြားသော ကျောင်းတော်သားတွေ။ နတ်ဆိုးစစ်သည်တော်တွေနဲ့။ နဂါးတပ်ဖွဲ့။ အမြင်အားဖြင့်  နားမလည်ဘူး။ သူတို့ အချိန် ကြာကြာ  ဆက်မတွေးကြဘူး။ သူတို့ရဲ့ စိတ်အာရုံကို။  မြေပြင်မှာရှိတဲ့ အက်ကွဲ ကြောင်းကြီးက ဖမ်းစားသွားတယ်။ အက်ကွဲကြောင်း ကြီးက   လူကြီး ရဲ့ ခြေထောက် အောက်မှာ ရှိနေတာ။ ဒါကြောင့် ။  လူကြီး ဖန်တီးလိုက်တာ မဖြစ်နိုင်ဘူး။  ဖန်ကျန်းရှီ လက်ချက် ဆိုတာ အသေအချာပဲ။  တစ်ချက်တည်း နဲ့။ ငါးကိုက် ကျော် ရှည်လျားတဲ့  အက်ကြောင်း ကြီး ဖြစ်ပေါ်လာတယ်။  ဘယ်လိုတောင် အံ့သြစရာ ကောင်း လိုက်တာလဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ ပြိုင်ဘက်က  ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး။

“ ပြန်လာတဲ့ နဂါး။” 

နတ်ဆိုး စစ်သည်တော်တွေ ဒွိဟ ဖြစ်နေကြတယ်။ ဒီလို တိုက်ကွက် နာမည်မျိုး တစ်ခါမှ မကြားဖူးဘူး။  ဒီ တိုက်ကွက်က ကောင်းကင်ရောင်ပြန် အဆင့် လူသား တစ်ယောက်ကို  တောင်။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးကို အနိုင်ယူနိုင်တဲ့ အထိ   အင်အားကြီးလာစေတယ်။ ဒါက တိုက်ကွက်ကြောင့်လား။ ဒါမှမဟုတ်။ လူကြောင့်လား။  အဖြေကို သူတို့ မတွေးနိုင်ဘူး။  အကယ်၍ တိုက်ကွက်ကြောင့် ဆိုရင်။  ဘယ်လိုတိုက်ကွက်ကများ ဒီလောက်ထိ အင်အားကြီး နိုင်တာလဲ။  ဒါမှ မဟုတ် လူကြောင့် သာ ဖြစ်ခဲ့ရင်။   ဘယ်လို လူကများ ဒှီလို လောကမှာ တည်ရှိနိုင်တာလဲ။ ဒီလို လူကို ပါရမီရှင်လို့ သတ်မှတ် ရမှာလား။   မဟုတ်ဘူး…..။  ဒါက ကောင်းကင်ကနေ ကန်ထုတ်ခံထားရတဲ့ နတ်ဆိုး တစ်ကောင်ပဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Onde histórias criam vida. Descubra agora