အပိုင်း ၃၅၆+၃၅၇+၃၅၈+၃၅၉+၃၆၀

756 48 0
                                    

unicode
အပိုင်း (၃၅၆)
" လေကို အနိုင်တိုက်မယ်။"

Translator: Sparrow Translations Editor: Sparrow Translations

လေတောင်ကြားဒေသမှာ။ အခြေအနေတစ်ခုကို ဖန်ကျန်းရှီ ခပ်ရှင်းရှင်း နားလည်ခဲ့တယ်။ နောက်ပြီးတော့။ ဒီလို နားလည်တာကလည်း တန်ရှီရှန်း ရှင်းပြ တာကြောင့်။ အသေးစိတ်ပြောရရင်။ အချိန်ရဲ့ အရေးပါမှုကို မျက်မြင် မကြုံဖူး သေးဘူး။ အခုချိန်မှာ သူက ပြိုင်ဘက်ကင်းပဲ။ အမြဲတမ်း ဒီလို တွေးထားခဲ့တာ။ လေတောင်ကြားကို မရောက်ခင် ထဲက ခပ်ဝေးဝေးကနေ။ လေတိုးသံတွေကို ကြားနေရတယ်။ လေတောင်ကြား ဒေသက ။ တောင်ကြီးတစ်တောင် ကို ဓားနဲ့ အလယ်တည့်တည့် ကနေ နှစ်ပိုင်းခွဲထားတဲ့ အတိုင်းပဲ။ ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းက လူဆယ်ယောက် အတန်းလိုက် သွားလို့ပဲ ရတယ်။ အရေးအကြီးဆုံးက အဖြူရောင် မြူနှင်းတွေ ပြည့်နေတဲ့ တောင်နံရံ တွေပဲ။ မြူမှုန် တွေက ပင့်ကူအိမ်လို ကပ်တွယ်နေတယ်။ တောင်နံရံကို ကပ်ပြီး အပေါ်ကို တွယ်တက်ဖို့ မဖြစ်နိုင်ဘူး။

" ကိုယ်ရံတော် ဖန်။ လေတောင်ကြားက အေ၇ှ့မှာပဲ။ ငါတို့တွေ လေတောင်ကြားကို ဖြတ်နိုင်ပြီးရင် ။ အေးခဲ မျောက်မင်း နယ်မြေကို ရောက်ပြီ၊" ဒီ အချိန်မှာ တန်ရှီရှန်းက ဖန်ကျန်းရှီ ဘေးကို လျှောက်လာတယ်။ ခပ်တိုးတိုး ပြောတယ်။

"လေတောင်ကြားကို ဖြတ်ဖို့က လွယ်လား။" ေ၇ှ့က လေတောင်ကြားကို တစ်ချက်ကြည့်တယ်။ နောက်ဘက်က တိမ်မည်း တပ်ဖွဲ့တွေကို သူ ပြန်ကြည့်တယ်။ သူ တစ်ယောက်တည်းသာ ဖြတ်ရမယ် ဆိုရင်။ ထွေထွေထူးထူး ဘာမှ မလိုဘူး။ ေ၇ှ့ကို တဟုန်ထိုး ပြေးရုံပဲ။ ဒါပေမယ့် အခုတော့ စစ်သည်လေးသောင်းက သူ့ နောက်မှာ။ ၀န်ထုပ်၀န်ပိုးကြီး ပိ နေပြီ။ ဒီ အချိန်မှ စစ်တပ်အကြီးအကဲ တစ်ယောက်ရဲ့ တာ၀န်ကို ဖန်ကျန်းရှီ နားလည်တယ်။

" မလွယ်ဘူး။" တန်ရှီရှန်း တွေးတောင် မတွေးပဲ ခေါင်းခါတယ်။

" ငါ နားမလည်တဲ့ ကိစ္စ တစ်ခုတော့ ရှိတယ်။" ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တန်ရှီရှန်းရဲ့ အဖြေကို သူ တွေးထားပြီးပြီ။ ဒါကြောင့် သူ မအံ့သြဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now