အပိုင်း (၄၈၁)
“ ကိစ္စတွေက အခုချိန်မှာ ကွာခြားနေပြီ။”
ဘာသာပြန်သူ-Enri Thawရှန်းယွီ ရဲ့ မျက်နှာ နီရဲသွားတယ်။ သူမရဲ့ စိတ် တစ်ခုလုံး မှောင်အတိကျသွားခဲ့တယ်။ သူမ စိတ်လှုပ်ရှားသင့်လား။ ဒေါသထွက်သင့်လား ဆိုတာကိုတောင် မသည်းကွဲဘူး။ ဒီ အချိန်ကို သူမ စောင့်ဆိုင်းနေခဲ့တာ အတော်ကြာပြီ။
သူ ပြန်လာပြီ။
တစ်နှစ်ကျော်ကြာပြီးတဲ့ နောက်မှာ။ နောက်ဆုံးတော့ သူ့ရဲ့ ဓားကို ပြန်လာယူခဲ့ပြီ။ ဒါပေမယ့်။ သူ ဘာလို့ ငါ့ကို လာမတွေ့တာလဲ။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဘာတွေ ဖြစ်ခဲံတာလဲ။ ငါ့ကို လာတွေ့ပြီးတော့ အမှန်ကို ပြောသင့်တာ မဟုတ်ဘူးလား။ ငါ့ကို ဘာလို့ လာမရှာလဲ။ ကြောက်နေလို့လား။ ဒါမှမဟုတ်ရင်။ မတွေ့ချင်လို့များလား။
“ဧကရီ။ ကြီးမြတ်သောရှ မင်းဆက် နယ်စယ်စည်းမှာ စောင့်ကြပ်ဖို့ ။ လူတွေကို ကျွန်တော် လွှတ်လိုက်ပါပြီ။ ကြီးမြတ်သောရှမင်းဆက်ကို ကျွန်တော်တို့ သတင်းပေးသင့်လား….” အေးခဲ မျောက်မင်း အကြံပြုတယ်။
“ မလိုအပ်ဘူး။” ရှန်းယွီ တစ်ချက်လေးတောင် မတွေဝေပဲ ပြန်ဖြေလိုက်သလို။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ “ဦးလေး ။ ဧကရီ့ကို ယုံကြည်လား”
“ဧကရီ အရှင်မ။ ကျွန်တော်မျိုး ယုံကြည်တာပေါ့။” အေးခဲ မျောက်မင်း ပြန်ဖြေတယ်။
“ဒါဆိုရင်။ နယ်စပ်က စစ်သည်တော်တွေကို ရုပ်သိမ်းထားလိုက်ပါ။“ ရှန်းယွီရဲ့ မျက်လုံးတွေက အခိုင်အမာ ဆုံးဖြတ်ချက်ကြောင့် တောက်ပနေတယ်။
“ တပ်ရုပ်သိမ်းရမယ့်။ ဘာကြောင့် များလဲ။ အရှင် ဧကရီ။ ရှန်လင်းရဲ့ သေဆုံးမှု နောက်ကွယ်က အမှန်တရား အကြောင်း အရှင် မသိချင်တော့ဘူးလား။” အေးခဲ မျောက်မင်း နားမလည်နိုင်။
“ သိချင်တယ်။” ရှန်းယွီ ပြန်ဖြေတယ်။
“ ဒါဆိုရင် ဘာကြောင့်များ …. အရှင် ဧကရီ ။ ဖန်ကျန်းရှီကို ယုံကြည်မှန်း ကျွန်တော်မျိုး သိပါတယ်။ ဒီကိစ္စက သူ မလုပ်ခဲ့ရင်တောင်။ သူနဲ့ တနည်းနည်းတော့ ပတ်သက်နေမှာပဲ။ သူက တောင်ပိုင်းဒေသကို ရှင်းပြဖို့ အကြွေးတင်နေသေးတယ်။ ကျွန်တော်တို့ အိမ်ရှေ့စံကို ဒီ အတိုင်း ပဲ ထားတော့မှာလား…..”
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...