Uni 491~495

115 11 0
                                    

အပိုင်း( ၄၉၁)
“ ဧကရာဇ်၏ တန်ခိုး အာဏာ။”
ဘာသာပြန်သူ-Enri Thaw

“ ဒီ ခရီးအတွက် ငါဘာမှ အသေးစိတ် မပြင်ဆင်ထားဘူး။ ငါ က ရှုခင်းကြည့်ဖို့ပဲ လာတာ။ အသေးစိတ်ကိုတော့ ငါ့မြေးလက်ထဲပဲ အပ်ထားတယ်။
“ ကျွန်တော် နားလည်ပါပြီ။” ချီဟို့ ခေါင်းငြိမ့်တယ်။
မြောက်ပိုင်းဒေသ ခေါင်းဆောင် အနေနဲ့။ ချီဟို့လည်း စည်းမျဉ်းတွေကို နားလည်ပါတယ်။ တကယ်တော့ သူ့လို လူလေးစား ခံရတဲ့ ခေါင်းဆောင် တစ်ယောက်က ။ တစ်စုံတစ်ယောက်ကို အသေးစိတ် အပ်နှံ ထားတယ်လို့ ပြောလိုက်ရင်။ ဒါက အမ်ိန့်အာဏာ အကုန်လုံးကို အပ်နှင်းထားတာနဲ့ အတူပဲ။ ရန်ချန်လိ ဘာကြောင့်များ မြို့တော်ကို လာတာလဲ။ ဒီကိစ္စက ကြောက်စရာကောင်းတယ်။
အနောက်ပိုင်းလျန် ရဲ့ ခေါင်းဆောင် အသစ်အတွက် ခိုင်မာတဲ့ အုတ်မြစ် ချပေးလို တာကြောင့်လား။ ဒါမျိုး လုပ် ချင်မှပဲ။ သူ မြို့တော်ကို လာဖြစ်မယ်။ ချီဟို့ သေချာတာကတော့ ဒီ ခရီးစဉ်ပြီးတာနဲ့။ ဆက်ခံသူကို အတည်ပြုပြီးသား ဖြစ်သွားလိမ့်ဆို တာပဲ။ ဒါပေမယ့် ရန်ရွှယ် နဲ့ အတူ မြောက်ရွာကို လိုက်တာက တော့ ။ ရန်ချန်လိ ကိုယ်တိုင်ပဲ သိနိုင်မယ်။ ချီဟို့ နောက်ထပ် မခန့်မှန်းတော့ဘူး။ ရန်ချန်လိ ရဲ့ နောက်ခရီးစဉ် ဖြစ်တဲ့ မြို့တော်ကို သွားရောက်တာက ။ အမြင်အတိုင်းတော့ မရိုးရှင်းနိုင်။ ဒါကိုတော့ ချီဟို့ သေချာတယ်။
သူတို့တွေက ပလ္လင်လုတဲ့ တိုက်ပွဲ မှာ ကိုယ်တိုင် ၀င်ပါကြတော့မှာလား။ ဒါမှ မဟုတ်။ ဒီ့ထက် ပို နက်ရှိုင်းတဲ့ ကိစ္စရှိနေသေးတာလား။ ထားလိုက်ပါတော့။ အရင်ဆုံး သွမ့်အရှင်ကို မြန်မြန် သတင်းပို့မှ ဖြစ်မယ်။ အကယ်၍ သူတို့သာ ရန်ချန်လိရဲ့ အထောက်အပံ့ကို ရနိုင်ရင်။ အင်အားပိုင်းမှာ အများကြီး တိုးတက်သွားမှာပဲ။

နောက်သုံးရက်ကျော် ကြာတဲ့ အထိ ။ ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ အိမ်တော်မှာ နေထိုင်ဆဲ။ ဖန်ကျန်းရှီကတော့ ရန်ရွှယ့်ကို ခေါ်ပြီး သူ့ ရွာကို လှည့်ပတ်နေခဲ့တယ်။ ရန်ချန်လိကတော့ ကိုယ်ယောင် ထွက်မပြခဲ့။ ချီဟို့က ဒီ သုံးရက်ကို အခွင့်အရေးယူပြီး။ ရန်ချန်လိနဲ့ ရင်းနှီးအောင် လုပ်ရင်း သူ့ စိတ်အကြံဥာဏ်ကို နားလည်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် ရန်ချန်လိက ရန် တိမ်မြင်းတပ်ထဲ ကနေ ထွက်မလာဘူး။ ဖန်ကျန်းရှီကိုတောင် တွေ့ချင်တဲ့ ပုံ မပေါ်။
သုံးရက်ကြာပြီးတဲ့နောက်။ ဖန်ကျန်းရှီ သူ့ရွာက လူတွေကို နှုတ်ဆက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ်နဲ့ အတူ မြို့တော်ကို သွားတဲ့ ခရီးမှာ အတူတူ လိုက်ပါ သွားတော့တယ်။ တပ်နီတော်နဲ့ ရန်တိမ် တပ်ဖွဲ့လည်း သူတို့ နောက်က လိုက်ပါလာတယ်။
ကျန်းယန်ဖိန်။ ဖန်ဟို့ ဒဲ။ ချီရှင်းလိန် နဲ့ တခြား ရွာသားတွေကတော့။ ရွာကနေ ထွက်သွားတဲ့ တပ်စုကြီးကိုသာ ကြောက်ရွံ့ ၀မ်းနည်းမှု အပြည့် နဲ့ ကြည့်နေခဲ့တယ်။ သူတို့လို သာမာန် ရွာသားတွေက ဒီ တပ်စုကြီးကို ဘယ်လိုများ တားလို့ရမှာလဲ။
“ ရွာသူကြီး ….. ဖန်ကျန်းရှီက…..”
“ မဟုတ်ဘူး။ ချီဟို့က ပြောခဲ့တယ်လေ။ သူဒီကို ရောက်နေတာ ဖန်ကျန်းရှီကို ကူညီဖို့တဲ့။ ဖန်ကျန်းရှီ ဒီလို စွပ်စွဲခံထားရတာနေ တရားသေလွတ်အောင် သူ ကူညီပေးမှာပဲ။
“ ငါ့ သား လေး….”
“ အမေကြီးရေ့. … အိမ်ပြန်ရအောင်။ ကျန်းရှီက သိပ်မကြာခင် ပြန်လာမှာပါ။”
“ သူ ဘာမှ မဖြစ်မှာတော့ သေချာတယ် မလား။”
“ ဒါပေါ့။ ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်နိုင်ဘူး။ ”

နွေဦးရာသီက ပျော်ရွှင်စရာတွေ ပေါများပြီးတော့ ။ တကယ့်ကို လှုပ်ရှားတက်ကြွတဲ့ အချိန် ကာလပဲ။ ဒါပေမယ့် ကြီးမြတ်သောရှ ရဲ့ မြို့တော်ကြီးမှာတော့။ အပူချိန်တွေကျဆင်းနေသလား မှတ်ရတယ်။ အိမ်ရှေ့စံရဲ့ အိမ်တော်ထဲမှာ။ အမတ်မင်းတွေ ဒါဇင်ချီပြီး စာကြည့်ခန်း အပြင်ဘက်မှာ ရပ်စောင့်နေခဲ့ကြတယ်။ တစ်ယောက်ချင်းစီ တိုင်းက အတော့်ကို စိတ်ရှုပ်ထွေးနေတာ သိသာလွန်းတယ်။
စာကြည့်ခန်းထဲမှာတော့ အိမ်ရှေ့စံ လင်းထျန်းရုံက ခုံတစ်လုံးရဲ့ နောက်မှာ ထိုင်နေခဲ့တယ်။ သူက ငွေရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီးတော့။ အမတ်မင်းတွေကို လေးလေး နက်နက် စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ စားပွဲပေါ်မှာတော့။ စာရွက်တွေ အထပ်လိုက်ရှိနေ ခဲ့တယ်။ ဒါတွေက အခုမှ သူ လက်ခံရလာခဲ့တဲ့ အရေးပေါ် စာလွှာတွေပဲ။
“ သေသင့်တဲ့ နတ်ဆိုးကျောင်းတော် … မင်းက ဘယ်လိုများ ငါ့ကို ဒီလို ပေါ်တင် ဆန့်ကျင့်ရဲ တာလဲ။ အမတ်မင်း တို့ ငါ ဘာလုပ်သင့်တယ် ထင်လဲ။” လင်းထျန်းရုံက စားပွဲပေါ်ကို လက်တစ်ချက် ယမ်းလိုက်တဲ့ အတွက်။ သူ့ရဲ့ ရေနွေးခွက် က မြေပြင်ပေါ်ကို ကျရောက်ပြီး အက်ကွဲသွားတော့တယ်။ အမတ်မင်း တွေ ဒါကို မြင်တော့ ခေါင်းခါ နေခဲ့ကြတယ်။
“အရှင်။ ချီဟို့က သွမ့်အရှင်ရဲ့ ညာလက်ရုံးလူ။ ဒါကြောင့် ဖန်ကျန်းရှီကို မြို့တော် ဆီ ခေါ်လာတာ အံ့သြ စရာတော့ မဟုတ်ဘူး။” အမတ်မင်း တစ်ယောက် စပြောတယ်။
“ ဟုတ်ပါတယ်။ အခုချိန်မှာ ပြဿနာက နတ်ဆိုး ကျောင်းတော် မဟုတ်ဘူး။ အနောက်ပိုင်းလျန်က ရန်မိသားစုပဲ။” နောက်ထပ် အမတ်မင်းတစ်ယောက် ပြောပြန်တယ်။
“ ရန်ဘုရင်…. ရန်ချန်လိက ဒီ ကိစ္စ အတွက် နဲ့။ အနောက်ပိုင်း လျန် ကနေ ထွက်လာမယ်လို့ မထင်ထား မိခဲ့ဘူး။ အခုတော့ အလာလမ်းမှာ တပ်ပုန်းချဖို့က မဖြစ်နိုင်တော့တာပဲ။”
“ ဟုတ်တယ်။ တပ်နီတော်ရဲ့ စစ်သည်တော် နှစ်ထောင် ကတောင် တိုက်ခိုက်ဖို့ မလွယ်ကူ တာ။ အခုတော့ ရန် တိမ်မြင်းတပ်က အယောက် ၃ထောင် ထပ်ပေါင်းလိုက်တော့။ စစ်တပ် အကူအညီ မရပဲနဲ့ ဘယ်လိုမှ တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် သွမ့်အရှင်က စစ်တပ် အင်အားအများစုကို ထိန်းချုပ်ထားတာ။ ကျွန်တော်တို့ တရား၀င် မပါ ပါနဲ့တော့ ။ တစ်ခုခု လုပ်ဖို့က ခက်ခဲလိမ့်မယ်။ ”
“ ရန်ချန်လိကို ဧကရာဇ်ကလည်း နန်းတော် ဂိတ်မှာ ထွက်ကြို လိမ့်မှာ အမှန်ပဲ။ အကယ်၍ ဒီလို သာ လုပ်ခဲ့ရင်။ ကိစ္စတွေက ကျွန်တော်တို့ အတွက် ပိုပြီးတော့ ခက်ခဲ လာလိမ့်မယ်။”
“ ဖန်ကျန်းရှီက ဧကရာဇ်ကို တွေ့တဲ့ အချိန်မှာ။ သူ့ရဲ့ ဇာတ်ကြောင်းကို ပြောဝံ့မယ်လို့ မင်း ထင်လား။”
“ သူ့ရဲ့ စရိုက် က ထူးခြားတော့။ ငါလည်း အတိအကျတော့ မပြောနိုင်ဘူး။ အကယ်၍ သူသာ တစ်ခုခုကို ထုတ်ပြောလိုက်ရင်။ ငါတို့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး။”
“ သူ့ကို မြို့ထဲ ၀င်စေလို့ မဖြစ်ဘူး။”
“ အမတ်မင်းတို့။ တွေးတာ များလွန်းနေပါပြီ။” ဥပဒေ ၀န်ကြီး ၀မ်ချောင် ထပြောတယ်။
“ တကယ်တော့ ဖန်ကျန်းရှီရဲ့ ကိစ္စ အတွက် ဆုံးဖြတ်ခွင့်က ကျ ပြီးနေပြီ။ သူ့ကိုလည်း ဖမ်း၀ရမ်း ထုတ်ထားခဲ့တာ ကြာပြီ။ ဧကရာဇ်က နတ်ဆိုး ကျောင်းတော်ကြောင့် နဲ့တော့ သူ့ကို လွယ်လွယ်ကူကူ အလွတ်ပေးမှာ မဟုတ်ဘူး။ နောက်ထပ် သက်သေ အသစ် တွေ မပေါ်လာ သေးသရွေ့။ ဒီ ကိစ္စက အရင် အတိုင်းရှိနေမှာပဲ။ အိမ်ရှေ့စံ မစိုးရိမ်ပါနဲ့။”
“အမတ်မင်း ၀မ် ပြောတာ မှန်တယ်။ ငါတို့ စိတ်အေးအေး ထားပြီးတော့။ အလျင် စလို မပြုမူဖို့ လိုတယ်။”
“ အမှန်ပဲ။ အမှန်ပဲ။”
အမတ်မင်းတွေ ခေါင်းငြိမ့်ကြတယ်။ ဒီအချိန်မှာပဲ ယဉ်ကျေးမှု ၀န်ကြီး ဌာနက အမတ်မင်း တစ်ဦး ထရပ်တယ်။ သူ့ရဲ့ ၀တ်ရုံကို သပ်ရပ်အောင် လုပ်ရင်း။ အိမ်ရှေ့စံ  ကို တစ်ချက်ဦး ညွှတ်ရင်း အရိုအသေပြုတယ်။
“ ကျွန်တော် သတင်းပေးချင်တာ တစ်ခုရှိပါတယ်။ တောင်ပိုင်းဒေသဧကရီ အရှင်မ က မြို့တော်ကို လာမယ်လို့ ကျွန်တော် သတင်းရထားပါတယ်။ ဒီ ကိစ္စက ဖန်ကျန်းရှီ နဲ့ တစ်ခုခုများ သက်ဆိုင်နေမလား ….”
“…”
တိတ်ဆိတ်သွားတယ်။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဆွေ း နွေးနေတာကို ရပ်လိုက်ကြတယ်။ အခု အချိန် အတောတွင်းမှာ ဖြစ်သွားတာတွေ တကယ့်ကို များလွန်းတယ်။ ဖန်ကျန်းရှီက ဟွေ့ အန်းဒေသမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက်။ သူတို့ အသက်တောင် ၀၀ရှူနိုင်ချိန် မရ လိုက်ဘူး။ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့ပြီ။ ဒါတွေက တိုက်ဆိုင်မှုလား။ ဒါမှ မဟုတ် အရင် တည်းက ကြိုတင် စီစဉ်ထားတာ လား။ ဒါပေမယ့် အရာအားလုံးက အရမ်းကို တိုက်ဆိုင် လွန်းနေတယ်။  ၀န်ကြီး ယွိယိဖျင်ကတော့။ လက်ချောင်းတွေကို အဆက်မပြတ် လှုပ်ရှားနေခဲ့တယ်။
“ ရန်ချန်လိ မြောက်ပိုင်းဒေသမှာ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ။ ငါတို့ရဲ့ သတင်းပေး ပြောထားတာ ရှိလား။” ယွိယိဖျင် မေးတယ်။
“ ၀န်ကြီး ခင်ဗျာ။ သူက မြောက်ပိုင်းဒေသမှာ လူလုံး ထွက်မပြခဲ့ပါဘူး။” စစ်သည်တော် သတင်းပို့တယ်။
“ သူက လူလုံး ထွက်မပြဘူး။ ဒါဆိုရင်။ ရန်ချန်လိက ဖန်ကျန်းရှီ နဲ့ အတူ မြို့တော်ကို လာမယ် မှန်း။ မင်းတို့ ဘယ်လို သိလဲ။” ယွီယိဖျင် မျက်မှောင်ကြုတ်နေခဲ့တယ်။
“ သူ လူလုံး မပြခဲ့ပေမယ့်။ ချီဟို့ နဲ့ စကားပြောခဲ့ပါတယ်။ အဲ့ဒီ့နောက်။ သူ့တဲထဲ ကနေ ထွက်မလာခဲ့ပါဘူး။ ဒါကြောင့် ချီဟို့ကော ဖန်ကျန်းရှီကော နဲ့ သူ မတွေ့ဆုံးပါဘူး”
“မှန်ပါတယ်။”
“ သူက သူ့ တဲထဲမှာ ပဲ နေတယ်။ တဲထဲမှာပဲ နေ တယ်။ …. ငါ နားလည်ပြီ။” ၀န်ကြီး ယွီယိဖျင်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ တခြား အမတ်မင်းတွေကတော့ သူ ပြောတဲ့ စကားကို ကြားတော့။ တစ်ယောက်ကို တစ်ယောက် သာ ကြည့်နေခဲ့ကြတယ်။
“၀န်ကြီး။ ကျွန်တော်တို့ကို အလင်းပြပေးပါ။” အမတ်မင်း တစ်ယောက် လှမ်းပြောတယ်။
“ရန်ချန်လိက အနောက်ပိုင်း ဘုရင်။ ဒါပေမယ့် သူက အခု ချိန်မှာ အိုမင်းနေပြီ။ သူ့ရဲ့ ဝှက်ဖဲကို မလို အပ်ပဲနဲ့ လုံး၀ ထုတ်သုံးမှာ မဟုတ်ဘူး။” ယွီယိဖျင် ယုံကြည်ချက် အပြည့်နဲ့ ပြုံးပြရင်း ပြောတယ်။
“ ၀န်ကြီး ဆိုလိုချင်တာက။”
“ ရန်ချန်လိက ဖန်ကျန်းရှီကို ကူညီမှာ မဟုတ်ဘူး။”
“ ဒါပေမယ့် ရန်ချန်လိက အနောက်ပိုင်း လျန်ကနေ ထွက်လာပြီး မြောက်ရွာကို ရောက်ချလာတယ်။ ဒါပေမယ့် သူက ဖန်ကျန်းရှီကို ကူညီဖို့ မစီစဉ်ထားဘူးလား။”
“ ရန်ရွှယ့် ကြောင့်ပဲ။”
“ ဒါဆိုရင်။ ရန်ချန်လိက မြို့တော်ကို ရောက်လာတာ ။ ဖန်ကျန်းရှီ ကြောင့် မဟုတ်ပဲ။ ရန်ရွှယ့် ကြောင့်ပေါ့။ ”
“ဟုတ်တယ်။”
“ ကျွန်တော်တို့ အပြည့်အ၀ နားမလည်သေးဘူး။ အလင်းပြ ပေးပါ။” အမတ်မင်းတွေ ကြည့်ရတာ ခုထိ လမ်းပျောက်နေကြပုံပဲ။
“ ရန်ချန်လိက အိုမင်းနေပြီ။ ဒါကြောင့် အနောက်ပိုင်း လျန် ရဲ့ အနာဂတ် အတွက် ။ သူ အစီအစဉ်ချဖို့ လိုနေ ပြီ။ အနောက်ပိုင်းလျန် ဒေသရဲ့ အုပ်ချုပ်ခွင့် ကို ရန်ရွှယ့်ဆီ သူ လက်လွှဲ ပေးတော့မယ် လို့ ငါ ထင်တယ်။”
“ အနောက်ပိုင်း လျန်ကို ရန်ရွှယ့်ဆီ လက်လွှဲ ပေးမယ်။ ၀န်ကြီး ။ ဒါက သူ ဆုံးဖြတ် နိုင်တာမျိုး မဟုတ်ဘူးလေ။ ဒီ ဒေသကို သူတို့ ဦးဆောင်နိုင်နေတာက ရန်ချန်လိ ကြောင့်ပဲ။ သူသာ မရှိရင်။ ရန်မိသားစု ဆိုတာ အနောက်ပိုင်း ဒေသ အတွက် လူစိမ်းတွေပဲ။ အကယ်၍ ဧကရာဇ်သာ ရန်မိသားစုကို ဆက်လက် အုပ်ချုပ်စေချင်ရင်။ ကျောင်းတော် တစ်ခုခုကိုပဲ သူတို့ ဆီ ပို့မှာပေါ့။” အမတ်မင်းတွေ သူတို့ရဲ့ အမြင်ကို စပြောတော့တယ်။
“အမှန်ပဲ။ ဒါဆိုရင် ဘာက ပြဿနာ ဖြစ်နိုင်မလဲ။” ယွီယိဖျင် ခေါင်းငြိမ့်ရင်း ပြောတယ်။
“ ၀န်ကြီး ဆိုလိုချင်တာက…..”
“ရန်ချန်လိက အနောက်ပိုင်း လျန်ကို ဘာ အနှောက်အယှက်မှ မရှိပဲ နဲ့။ အုပ်ချုပ်ခဲ့တာ ဆယ်စုနှစ်တွေ အများကြီး ကြာနေခဲ့ပြီ။ သူက ကျောင်းတော်ဆယ့်သုံးခုကို အနောက်ပိုင်းလျန်ဆီ လာခိုင်း မယ်လို့ ထင် လား။” ယွီယိဖျင်မေးတယ်။
“ မထင်ဘူး။ ”
အမတ်မင်းတွေတစ်ချက်လေးတောင် မတွေဝေပဲ ဖြေတယ်။
“အမှန်ပဲ။ ရန်ချန်လိက ဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်။ သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ပေးတဲ့ ဘယ်သူ့ကို မဆို။ ထီးနန်းအတွက် ပါ၀င် ယှဉ်ပြိုင်မှုမှာ ကူညီ ပေးမှာပဲ။”
“ နားလည်ပါပြီ။ ရန်ချန်လိက မြောက်ပိုင်းဒေသကို သွားပေမယ့်။ လူလုံးထွက်မပြတာ။ သူ မရွေးရသေးဘူးလို့ ပြောချင်တာပဲ။ ဘယ်သူကများ သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ပေးနိုင် မလဲ ဆိုတာ ။ သူ စောင့်ကြည့်ချင်တာပဲ ဖြစ်ရမယ်။” အမတ်မင်းတွေ နောက်ဆုံးတော့ အလင်း ပွင့်သွားခဲ့ပြီ။
“ ရန်ချန်လိက ဘယ်သူ့ကို မှ မရွေးရသေးပင်မယ့်။ သူက ဖန်ကျန်းရှီနဲ့ အတူတူ မြို့တော်ကို လာမှာ။ ကျွန်တော်တို့ ဒီ ကိစ္စကို ဘယ်လို လုပ်ရမလဲ။” နောက်ထပ် အမတ်မင်း တစ်ယောက် မေးတယ်။
“ ရန်ချန်လိ ဆုံးဖြတ်ချက် မချရသေးခင် အချိန်ထိ ။ ကိစ္စတွေက အပြောင်းလဲ ဖြစ်လာနိုင်ပါတယ်။ ” ၀န်ကြီး ယွီယိဖျင် အခိုင်အမာ ပြောတယ်။
“ ၀န်ကြီးရဲ့ အ စီအစဉ်ကို ကျွန်တော်တို့ သိခွင့်ရှိနိုင်မလား။” အမတ်မင်း တစ်ယောက် ဦးညွှတ်ရင်း ပြောတယ်။
“ မနက်ဖြန် မနက်။ ညီလာခံမှာ။ ဘိုးဘေးပူဇော်ပွဲအတွက် စားသောက်ပွဲကို ဆယ်မိုင်ရေကန်မှာ ကျင်းပဖို့။ မင်းတို့တွေ အဆို တင်သွင်းလို့ရတယ်။”
“ စားသောက်ပွဲ။ ကျွန်တော်တို့က နန်းတော်က မလုပ်ပဲ။ ဘာလို့များ ဆယ်မိုင် ရေကန်မှာ လုပ်မှာလဲ။”
“ ရန်မိသားစုက ။ ဆယ်မိုင်ရေကန် တိုက်ပွဲမှာ။ အထိခိုက် အများဆုံး ခံစားခဲ့ရတဲ့ သူတွေပဲ။ သူတို့ရဲ့ စွမ်းစွမ်း တမံ ခုခံတိုက်ခိုက်မှု ကြောင့်သာ မဟုတ်ရင်။ အခု ငါတို့ နေနေတဲ့ မြို့တော်ကြီး ဆိုတာရှိလာခဲ့မှာ မဟုတ်ဘူး ။ ပိုပြီးတော့ အရေးကြီးတာက။ ရန်ချန်လိရဲ့ ညီ အစ်ကို ငါးယောက် စလုံး ဒီ တိုက်ပွဲမှာ ကျဆုံး ခဲ့တာပဲ။  ဒါကြောင့် ဆယ်မိုင်ရေကန်ဆီ ဖိတ်ခေါ်မှုကို သူ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး။”
“၀န်ကြီးက တကယ့်ကို အမျှော်အမြင်ကြီးပါပေတယ်။ အကယ်၍ ဆယ်မိုင်ရေကန်မှာ ကျင်းပတဲ့ ပွဲကို ။ ရန်ချန်လိ တက်ရင်။  ကျွန်တော်တို့ အတွက် အကျိုးရှိမှာ အမှန်ပဲ။ နောက်ပြီးတော့ အပြင်လူတွေ လည်း တက်ရောက်မှာ မဟုတ်ဘူး။”
“သူ့ရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်မယ်။ ကောင်းလိုက်တဲ့ အစီအစဉ်။”
“ ဒါ ပြီးရင် ကျွန်တော်တို့ ဘာ ဆက်လုပ်ရမလဲ။” အမတ်မင်းတွေ ဆက်မေးတယ်။
“ သတ်မယ်။” ယွီယိဖျင် ဖြေတယ်။
“ သတ်ရမယ်။ ဆယ်မိုင်ရေကန်က မြို့တော်နဲ့ နေ့တ၀က်ပဲ ဝေးတာ။ နောက်ပြီးတော့။ ချီဟို့ကလည်း ဖန်ကျန်းရှီကို ကာကွယ်ထားမှာပဲ။ သူ့ကို ကျွန်တော်တို့ ဘယ်လိုများ အနားကပ်နိုင်မှာလဲ။” အမတ်မင်းတွေ ထိတ်လန့်တကြားမေးတယ် ။
“အမတ်မင်း ၀မ် ပြောထားပြီးသားပဲ။ ဖန်ကျန်းရှီရဲ့ အမှုက ပိတ်သွားပြီ။ ဒါကြောင့် ဧကရာဇ်ရဲ့ အမြင်ကို မေးလို့ရမှာ မဟုတ်ဘူး။”
“ သူ့ကို မြို့တော် မရောက်ခင် ဖမ်းစေချင်တာလား။” အမတ်မင်း ၀မ်ချောင်း မေးတယ်။
“ မဟုတ်ဘူး။ လူတွေ မျက်မြင်ရှိတဲ့ အချိန် ဂိတ်တံခါးမှာ ဖမ်းရမှာ။”
“ မြို့တော် ဂိတ်တံခါးမှာလား။”
“ ဟုတ်တယ်။ ဒါက ချီဟို့ မင်းကို မတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းက ဥပဒေ အတိုင်း လုပ်နေတာ။ သူက သခင်တစ်ယောက် ဖြစ်နေပင်မယ့်လည်း ဥပဒေ ကိုတော့ မဆန့်ကျင်နိုင်ဘူး။ နောက်ပြီးတော့။ မင်းက လူတွေ ရှေ့မှာ ဖန်ကျန်းရှီကို ဖမ်းလိုက်ရင်။ ဖန်ကျန်းရှီကို မင်း ဘာမှ မလုပ်နိုင် ဘူးလို့ သူ ထင်သွားမှာ အမှန်ပဲ။”
“ အဓိပ္မာယ်ရှိတယ်။ ဒါက ဖန်ကျန်းရှီကို ဖမ်းဖို့ အလုံခြုံ ဆုံး နည်းလမ်းပဲ။ ဒါပေမယ့် ဒါ ပြီးရင် ကျွန်တော်တို့ ဘာ လုပ်ရမလဲ။”
“ မင်းရဲ့ ၀န်ကြီး ဌာနမှာ ပြဿနာ ဖြေရှင်းနည်းတွေ မရှိဘူးလား။ ”
“ ဒါပေမယ့်….. သူ့ကို လူရှေ့မှာ ဖမ်းလာခဲ့လိုက်ရင်.။…..”
“မင်း အပြစ်တင်ခံရမှာကို ကြောက်နေတာလား။”
“ကျွန်တော်…..”
“ အမတ်မင်း ၀မ် မစိုးရိမ်ပါနဲ့။ ဖန်ကျန်းရှီ သေသွားရင်။ ရန်ချန်လိကလည်း။ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ကြားက ခင်မင် ရင်းနှီးမှုကို ဂရု စိုက်တော့မှာ မဟုတ်ဘူး။ အိမ်ရှေ့စံ အတွက် မင်း ကောင်းကောင်း လုပ်ပေးရင်။ အနာဂတ်မှာ မင်းရတဲ့ အကျိုးကလည်း မနည်းပါဘူး။”
“ ကျွန်တော် နားလည်ပြီ။ ဒီလို ဖြစ်မှတော့။ အခုပဲ သွားစီစဉ် လိုက်တော့မယ်” ၀န်ကြီး ၀မ်ချောင် အံကြိတ်ရင်း ထွက်ခွာသွားတော့တယ်။
တခြား အမတ်မင်းနဲ့ ၀န်ကြီးတွေကတော့ ။ ယွီယိဖျင်ကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
“ ဖန်ကျန်းရှီက သူ့ကို မြို့တံခါးမှာ လာဖမ်းမယ် လို့တော့။ ထင်ထားမှာ မဟုတ်ဘူး”
“ငါတောင် မထင်ထားဘူး။”
“ဒီကောင်က တကယ်အတာပဲ။ ရန်မိသားစု နဲ့ နတ်ဆိုး ကျောင်းတော်က ကာကွယ်ပေးထားရုံနဲ့။ နေ့ခင်းကြောင်တောင်မှာ လွတ်မယ် ထင်နေတာ။ အမှားအကြီးကြီး လုပ်မိတာပဲ။”
“ ၀န်ကြီးယွီ မလို့ပဲ။ ဒီ လို အစီစဉ် ကြီးကို စဉ်းစားတတ်ပေတယ်။”
“ အမှန်ပဲ။  ရန်ချန်လိ တဲထဲက ထွက်မလာတဲ့ အချက်လေး နဲ့ တင်။ ဒီလောက်ထိ ဆက်စပ်တွေးတော နိုင်တယ်။ ငါတို့တွေ အများကြီး သင်ယူရအုန်းမှာပဲ။”
ယွီယိဖျင်ကတော့ အမတ်မင်းတွေရဲ့ ပြောစကားကိုကြားတော့ ပြုံးနေခဲ့တယ်။ အိမ်ရှေ့စံ အခုတွေးနေတာကို သူ သိတယ်လေ။ ဖန်ကျန်းရှီ အသက်ရှင်နေ သရွေ့။ အိမ်ရှေ့စံ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ရဲ့ အသက်ကို ယူဖို့ အတွက်။ ဥပဒေ ၀န်ကြီးကိုလည်း စတေးနိုင်ပါတယ်။ တကယ်တော့။ အိမ်ရှေ့စံက လိုအပ်လာရင် ၀န်ကြီး ဌာန ခြောက်ခုလုံးကိုတောင် စတေးနိုင်တယ်။ တစ်ခါ အောင်မြင်တာနဲ့။ လောကကြီးက သူ့ လက်ခုပ်ထဲ ရောက်ပြီပဲ။
အပိုင်း(၄၉၁)ပြီး၏။
( ဖန်ကျန်းရှီကို ဖမ်းဖို့ ကြံရင် သောက်ရှက်လှလှ ကွဲမှာ။ ဥပမာပြောပြမယ်။ အမတ်မင်း လီ …… ခင်ဗျားရဲ့ သုံးယောက် မြောက် မယားငယ်(အထွေးဆုံးမယားက) ခင်ဗျားရဲ့ ဒုတိယသားနဲ့ ဖောက်ပြန်နေတယ်။ အခု ခင်ဗျားအိမ်ရဲ့ ဧည့်ဆောင် ဒုတိ ယ ထပ်ကအခန်းမှာ။ သူတို့တွေ အိပ်ယာ ထဲ လှိမ့်နေ ကြပြီ။ ဒီလို မျိုး လူရှေ့သူရှေ့မှာ အော်ခံရမှာပါ။ အရှက်ကွဲခံချင်ရင်တော့လုပ်ကြပေါ့)

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now