Unicode
အပိုင်း (၃၇၆)
“ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ကြားက တရားမျှတတဲ့ တိုက်ပွဲ”
Translator: Sparrow Translations Editor: Sparrow Translations
ကျောင်းတော်သား တွေ တွေးနေတယ် ။ ဖန်ကျန်း၇ှီတော့ ကိုယ်သေတွင်းကိုယ်တူးနေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီလိုပဲ ဆက်လုပ်နေတာ။ ရှင်ချင်းစွေ့ကတော့ တိတ်ဆိတ်နေတယ်။ ဖန်ကျန်း၇ှီ နဲ့ နန်ကုန်းဟောင် အဆင့် မတူဘူးလို့ သူလည်း တွေးနေတာ။ အနည်းဆုံးတော့ သူတို့ ပုံစံက အဆင့်တူ တဲ့ ပုံမ၇ှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အပြု အမူ ကြောင့် သူ မလန့်သွားခဲ့ဘူး။ ဒါကဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီကို သူသိလို့ပဲ။ ရှင်း မိသားစု ရဲ့ ( တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ခုခံမှု ဖြစ်သည်) ဒီ ဆောင်ပုဒ်ကို ဖန်ကျန်း၇ှီ နားလည်တယ်လေ။ ဘယ်တော့မှ နောက်မဆုတ်ဘူး။ နောက်ပြီးတော့ ဖန်ကျန်း၇ှီက အံ့ဖွယ်ရာတွေကို ဆက်တိုက် ဖန်တီး နေတတ်တယ်။
သုခမိန်ေ လာကထဲမှာ။ ဘယ်သူကမှ ဖန်ကျန်း၇ှီ အနိုင်ရမယ်လို့ မထင်ထားဘူး။ နတ်ဆိုး ယဉ်ရှန်က သဘာ၀လွန် အဆင့်။ ဖန်ကျန်းရှီက သူ့ကို အနိုင်ရမယ်လို့ ဘယ်သူ ထင်ခဲ့လဲ။ ရှင်ချင်းစွေ့ ခဏ တိတ်ဆိတ်နေတယ်။ ပြီးတော့ ခေါင်းငြိမ့်တယ်။
သူ ဖန်ကျန်း၇ှီကို မရပ်တန့်ခဲ့ဘူး။ နောက်ဆုံးတော့လည်း ဒီ တိုက်ပွဲ ဖြစ်ပျက်နေတာကို မကာကွယ်နိုင်ဘူးလေ။ ရန်၇ွှယ်က ဖန်ကျန်းရှီကို ကြည့်တယ်။
“ အကယ်၍ မင်း တိုက်ခိုက်ချင်တယ်ဆိုရင်။ ငါ့ကို အရင်တိုက်ခိုက်ခွင့်ပေး။” ရန်ရွှယ်က သူ့ ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဖွင့်ပြီးခတ်နေတယ်။
“ မဟုတ်ဘူး။ ဒီ တစ်ခေါက် ငါအရင်သွားမယ်။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ အရင်တစ်ခေါက် တုန်းက ငါ မင်းကို ရှုံးခဲ့တယ်လေ။ ဒါကြောင့် …. ငါ အရင်သွားသင့်တယ် ” ရန်၇ွှယ် ခေါင်းခါတယ်။ သူ့ ပုံစံက စိတ်ဆုံးဖြတ်ထားပုံပဲ။
ဒါပေမယ့် ဖန်ကျန်းရှီကတော့။ ဒီလို မဖြစ်စေချင်ပါဘူး။
အရှုံးလား။
ရန်ရွှယ်ကတော့ တောင့်တင်းနေတယ်။ အကယ်၍ တခြား တစ်ယောက် ပြောတာ သာ ဆိုရင်။ ရန်ရွှယ် စိတ်ဆိုးမိမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာကြောင့် သူ စိတ်မဆိုးခဲ့ဘူး။ ပြောရရင်။ အရင်တစ်ခေါက် တိုက်ပွဲမှာ ရှုံးမယ်ဆိုတဲ့ ဖြစ်နိုင်ချေကို သူ မတွေး ခဲ့မိဘူး။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ သူတွေးခဲ့တယ်။ နောက်ဆုံးတော့လည်း သူ့ ပြိုင်ဘက်က နန်ကုန်းဟောင် ဖြစ်နေတယ်လေ။ ကြီးမြတ်သော ရှ မင်းဆက်ကြီးရဲ့ ထိပ်တန်းကျောင်းတော်သား။ နုိးထနဂါး အဆင့် နှစ်။ နောက်ပြီးတော့ ချန်းဖေးယွီကို သူ တစ်ချီတည်း နဲ့ အနိုင်ယူ လိုက်တာ။
“အကယ်၍ ငါရှုံးသွားရင် …. အတွေးအခေါ်စာမေးပွဲ ရလဒ် နဲ့ ပေါင်းပြီး။ တတိယနေရာကို ငါရလိမ့်မယ်။” ရန်ရွှယ်က တစ်ခဏ တိတ်ဆိတ်နေပြီးတော့ ပြောတယ်။
“ လုံလောက်ပြီလား။” ဖန်ကျန်းရှီ နောက်တစ်ကြိမ်မေးတယ်။
ရန်ရွှယ့်ရဲ့ မျက်လုံးတွေက တောက်ပနေတယ်။ ဖန်ကျန်းရှီ ဘာကိုဆိုလို ချင်လည်း သူမတွေးတတ်ဘူး။ ဒါပေမယ့် သူ တစ်ခုခုတော့ နားလည်သွားတယ်။ တတိယနေရာ။ လုံလောက်ပြီလား။”
ရန်ရွှယ် မြို့တော်ကို မထွက်ခွာခင်။ သူ့ အဖိုးက သူ့ကို တစ်ခွန်းတည်း ပြောခဲ့တယ်။ “ တတိယရအောင် လုပ်ပြီး အိမ်ပြန်လာခဲ့”
တတိယနေရာ။ အမြင့်ဆုံး အဆင့်တော့ မဟုတ်ဘူး။ ဒါပေမယ့် အတော့်ကို လေးစားစရာ ကောင်းတဲ့ နေရာပဲ။ ညီလာခံစာမေးပွဲမှာ နန်ကုန်းဟောင် ၀င် ဖြေတာကို တွေ့ပြီးနောက်။ ဖန်ကျန်းရှီကို တစ်ခေါက် ရှုံးနိမ့်ပြီးနောက် ။ အတွေးအခေါ် စာမေးပွဲမှာလည်း နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီက ပူးတွဲ ပထမ ရခဲ့တယ်။
ရန်ရွှယ့်ကို ဘယ်သူကများ ဒီလို မေးခွန်း မေးဝံ့မှာလဲ။ တတိယ နေရာက လုံလောက်ပြီလား လို့။
ရန်ရွှယ်က သူ့ ကိုယ်သူ သိပ်ပြီး ဖော်ပြတတ်တဲ့ လူမျိုး မဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ တစ်စုံ တစ်ယောက်ကသာ သူ့ကို မေးလာခဲ့ရင်။ သူဖြေမှာက ( မလုံလောက်ဘူး)
“ဒါကြောင့် နန်ကုန်းဟောင်ကို ငါ အရင်ဆုံး တိုက်ခိုက်သင့်တာပဲ။ အဲ့ဒီ့နောက်။ ငါတို့ မျှတတဲ့ တိုက်ပွဲလေး တစ်ခု ပြန်တိုက်ခိုက်ကြတာပေါ့။ အဲ့ဒီ့နောက်။ ဖြစ်ပျက်တာတွေ အကုန်လုံးကို မေ့ထားလိုက်တော့။ မင်းက နန်ကုန်းဟောင်ထက်တော့ အဆင့်မြင့်မှာ အမှန်ပဲ။” ဖန်ကျန်းရှီက ရန်ရွှယ် ပြန်ဖြေတာကို မစောင့်တော့ဘူး။ ဖြေစရာ အဖြေ မရှိတော့ဘူး။
“ နန်ကုန်းဟောင် ထက် အဆင့် မြင့်မယ်။”
ကျောင်းတော်သားတွေ အားလုံးက ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ကြည့်နေတယ်။ သူတို့ ဘာမှ မပြောနိုင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ မယုံမကြည်နိုင် ဖြစ်နေတယ်။ ဖန်ကျန်းရှီက ရူးနေပြီ။ ဒီကောင် ခေါင်းက ၀က်အူတွေ ချောင်ကုန်တာလား။
ဖန်ကျန်း၇ှီ ပြောတာ မှန်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ နန်ကုန်းဟောင်ကို အနိုင်တိုက်ပြီ်းတော့ ထုတ်ပယ်နိုင်လိုက်ရင်။ ရန်ရွှယ်က နန်ကုန်းဟောင် ထက် အဆင့်မြင့် မြင့်ရသွားမှာပဲ။ အတွေးအခေါ် စာမေးပွဲ ရလဒ်ကလွဲပြီးတော့ပေါ့။
ဒါပေမယ့် ။ သူပြောတာက ဖြစ်ကော ဖြစ်နိုင်လို့လား။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို အနိုင်တိုက်နိုင်မှာလား။ ဖန်ကျန်း၇ှီ နဲ့ ရန်ရွှယ် နှစ်ယောက် ပေါင်းလိုက်ရင်တောင် ။ အနိုင်ရနိုင်ချေက သုညပဲ။
နေစမ်းပါအုန်း။
ဖန်ကျန်းရှီ က ရန်၇ွှယ် နဲ့ ဘာလို့ အဖွဲ့ မဖွဲ့တာလဲ။
ကျောင်းတော်သားတွေ တွေးတောနေတယ်။ နောက်ထပ် ကျောင်းတော်သားတွေ ရှိသေးရင်လည်း သူတို့ ဒါကို တွေးမိမှာပဲ။ ဒါပေမယ့် ဒါက ဖန်ကျန်းရှီလေ။ ဖန်ကျန်းရှီက အရှက်မရှိတဲ့ နေရာမှာ ကျော်ကြားတယ်။
နှစ်ယောက် တစ်ယောက်။
တော်၀င်စာမေးပွဲ အစ မှာ။ စုတုန်းလင်ကို သူ အရင်ဆုံး ထုတ်ပယ် ခဲ့တယ်။ လေးယောက် တစ်ယောက် တိုက်ခိုက်ပြီးပေါ့။
တခြား ကျော်ငးတော်သားတွေ ရဲ့ အတွေးကို ဖန်ကျန်း၇ှီ ခန့်မှန်းနိုင်ပါတယ်။ ရန်ရွှယ် နှုတ်ခမ်းတွေ လှုပ်လာတယ်။ အကယ်၍ သူတို့ နှစ်ယောက် ပေါင်းပြီးတော့ သာ နန်ကုန်းဟောင်ကို တိုက်ခိုက်ရင်။ သူတို့ နှစ်ယောက်လုံး အဆင့် မြင့်သွားမှာ အမှန်ပဲ။
နန်ကုန်းဟောင်ကို တိုက်ခိုက်ဖို့ ပူးပေါင်းရမှာလား။ ဒီအကြံဥာဏ်ကို ရန်ရွှယ် သဘော မကျဘူး။ ဒါပေမယ့် ကန့်ကွက်လိုစိတ်လည်း မရှိခဲ့ဘူး။
“ငါက နန်ကုန်းဟောင် နဲ့ တရားမျှတတဲ့ တိုက်ပွဲလေး တစ်ခုလောက် ပြိုင်ချင်နေတာ။” ရန်ရွှယ် နှုတ်ခမ်း လှုပ်နေတာ တွေ့တော့ ဖန်ကျန်း၇ှီ ဖြတ်ပြောတယ်။
“ တရားမျှတ တဲ့ တိုက်ပွဲလား။”
ကျော်ငးတော်သားတွေ သူတို့ ကြားလိုက်ရတာကြောင့် မျက်လုံး ပြူးသွားတယ်။ သူတို့ နားကြားမလွဲပါဘူး။ ဖန်ကျန်းရှီ ရဲ့ ပါးစပ်က ထွက်လာတာကြောင့် ထူးဆန်းနေတာ။ ဖန်ကျန်းရှီက နောက်ထပ် မရှင်းပြတော့ဘူး။ နန်ကုန်းဟောင် ဆီကို သူ ဆက်လျှောက်သွားတယ်။ နန်ကုန်းဟောင်က မြင်းမစီးလာဘူး။ ဒါကြောင့် သူလည်း လမ်းလျှောက်ပြီးပဲ လာတာ။ ဒါက မျှတမှုပဲ။
အကြောင်းရင်း ကတော့ ရိုးရှင်းတယ်။ ဖန်ကျန်းရှီက နန်ကုန်းမုကို ကတိပေးထားတာ။ နန်ကုန်းဟောင်ကို အနိုင် တိုက်မယ်။ တရားမျှမျှတတ လုပ်ဖို့ လိုတယ်။ နန်ကုန်းဟောင် ရဲ့ အမူအယာက တည်ငြိမ်နေဆဲ။
အေးခဲမျောက်မင်းဒေသ ဂိတ်တံခါးကနေ ထွက်လာတဲ့ အချိန်။ ချန်းဖေးယွီ နဲ့ တိုက်ခိုက်တဲ့ အချိန်။ သတင်းပို့သူကို ဖမ်းလိုက်တဲ့ အချိန်။ အကုန်လုံး ပြီးဆုံးသွားပြီ။ နန်ကုန်းဟောင်ကတော့ အမူအယာ မပြောင်းလဲဘူး။ ယဉ်ကျေးပျူငှာတဲ့ အမူအယာ။ တောက်ပနေတဲ့ မျက်လုံးတွေ။ ဒါပေမယ့် ဖန်ကျန်းရှီက တရားမျှတတဲ့ တိုက်ပွဲ လုပ်မယ် ပြောလိုက်တော့။ သူ့ အမူအယာ နည်းနည်း ပြောင်းသွားတယ်။ သူလန့်သွားတယ်။ ဒါ့အပြင် အထင်သေးဟန်လည်း ပေါ်လာတယ်။
င်္ချီကူယန်နဲ့ နန်ကုန်းဟောင်က အတော်လေး တူတယ်။ သူတို့ နှစ်ယောက်လုံးက အရမ်း ထက်မြက်တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မမောက်မာဘူး။ ဒါပေမယ့် သူတို့ကိုယ် သူတို့ ယုံကြည်ချက် အပြည့်ရှိတယ်။ ပုံမှန် လူတွေ ထက် အများကြီး အများကြီး ပိုပြီးတော့ ယုံကြည်ချက် ပြည့်၀တယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အရာ တစ်ခုခု ဖြစ်လာရင်။ သူတို့ ရဲ့ အေးဆေး တည်ငြိမ်မှုက အနည်းငယ်တော့ ပျက်စီးမှာပဲ။
ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကို နန်ကုန်းဟောင် မခန့်မှန်း ထားတာ အသေအချာပဲ။ နန်ကုန်းဟောင် ထင်ထားခဲ့တာ။ ဖန်ကျန်းရှီက ရန်ရွှယ် နဲ့ ပူးပေါင်းမယ်လို့။ အနည်းဆုံးတော့ ရန်ရွှယ်ကို အရင်တိုက်ခိုက်ဖို့ လွှတ်လိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အရင်ထွက်လာရုံတင် မကဘူး။ တရားမျှတတဲ့ တိုက်ပွဲ ကိုလည်း လုပ်ချင်နေသေးတယ်။
“ တရားမျှတတဲ့ တ ိုက်ပွဲလား။” နန်ကုန်းဟောင် သူ့ ဘာသူ ပြောနေတယ်။ သူ့ မျက်လုံးတွေက ပိုပိုပြီးတော့ တောက်ပလာတယ်။ သူ့ မျက်လုံးထဲမှာ နေမင်း တစ်စင်း ထွန်းလင်း နေသလိုမျိုး။ တစ်ချိန်တည်းမှာပဲ နန်ကုန်းဟောင် ေ၇ှ့ကို လျှောက်လာတယ်။ ဖန်ကျန်းရှီ ဆီကို လာတယ်။ သူက မမြန်ဆန်ဘူး။ ဒါပေမယ့် တည်ငြိမ်တယ်။
တခြားတစ်ဖက်က ။ ဖန်ကျန်းရှီကလည်း အေးအေးဆေးဆေးလာနေတယ်။ လေချွန်ရင်းနဲ့ လမ်းလျှောက်နေတာ။ အဲ့ဒီ့နောက် သူတို့ နှစ်ယောက် ရပ်တန့်လိုက်တယ်။ သူတို့ နှစ်ယောက်ကြားက အကွာအဝေး ခြေဆယ်လှမ်းတိတိ အကွာမှာ။
“ဖန်ကျန်းရှီ။ ဒီ ညီလာခံ စာမေးပွဲကို ငါလာခဲ့တာ မင်းကို အနိုင်ယူဖို့ပဲ။ ဒါပေမယ့် ငါ တိုက်ပွဲ မဖြစ်ချင်ဘူး။ အခုတော့ ငါ စိတ်ကူးပြောင်းလိုက်ပြီ။ ” နန်ကုန်းဟောင် သူ့ လက်ထဲက ဓားကို ဖြည်းဖြည်းချင်း ထုတ်တယ်။ သူ့ အမူအယာ တွေက ချန်းဖေးယွီကို ရင်ဆိုင်တုန်းကနဲ့ တခြား ဆီပဲ။
“ အိုကေ။ ကောင်းပြီလေ။ ဒီတော့ ဘာဖြစ်လဲ။ မင်း စိတ်ကူးပြောင်းသွားရင်တောင် ။ အကျယ်ကြီး ထုတ်ပြောဖို့ လိုလို့လား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် နဲ့ လှမ်းအော်တယ်။ (ဘာကြောင့်လဲ ) ဆိုတဲ့ မေးခွန်းကို ဘယ်တော့မှ သူ မေးမှာ မဟုတ်ဘူး။
“ တကယ်တော့ မလိုဘူး။” နန်ကုန်းဟောင်က ဖန်ကျန်း၇ှီရဲ့ တုံ့ပြန်မှုကြောင့် စိတ်မဆိုးခဲ့ဘူး။ တည်တည်ငြိမ်ငြိမ်ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင် သူ့ ဓားကို ဆွဲလိုက်တယ်။ ဓားလက်ကိုင်က သူ့ ညာလက်ထဲမှာ။ ဘယ်လက် ကတော့ ကျောက်သားလို ကြည်လင်နေတဲ့ ဓားအသွားကို ကိုင်ထားတယ်။ လူအားလုံး ကောင်းကောင်းမြင်နိုင်အောင် ပြထားတယ်။
“ တရားမျှတတဲ့ တိုက်ပွဲ ဖြစ်မှတော့ ။ ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပါရစေ။ ငါက နန်ကုန်းမိသားစုရဲ့ သားကြီး။ လွန်ခဲ့တဲ့ လကပဲ သဘာ၀လွန် အဆင့်ကို တိုးတက်သွားတယ်။ အခုချိန်မှာ သဘာ၀လွန် အထွဋ်အထိပ် အဆင့်ကို ငါေ၇ာက်နေလောက်ပြီ။ ငါ့ဓား နာမည်က (တည်ငြိမ်) ဒီ လို နာမည်ကို ရတာက။ သူ့ ရဲ့ စွမ်းရည် ဖြစ်တဲ့ ဘာမဆို လုပ်နိုင်စွမ်း ကြောင့်ပဲ။ ငါ့ရဲ့ တာအို နားလည်မှုက သဘာ၀တရား နဲ့ လူတွေရဲ့ နှလုံးသား အတိုင်း ဆောင်ရွက်မှု။ ငါ့ရဲ့ ကျင့်ကြံနည်း ကလည်း အတူတူပဲ။ ငါ့ရဲ့ သဘာ၀နဲ့ တာအို နှလုံးသားက ငြိမ်းအေးမှုကို မနှောက်ယှက်တာ။” နန်ကုန်းဟောင်က ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း ဦးညွှတ်တယ်။
ဒီလို မိတ်ဆက်မှုကို ကြားပြီးတဲ့နောက် ။ ဖန်ကျန်းရှီ ရဲ့ အမူအယာ တောင့်တင်းသွားတယ်။ တစ်ခုခုလွဲနေသလိုပဲ။ (တည်ငြိမ်) တဲ့လား။ မလုပ်နိုင်တာ ဘာမှ မရှိလို့ ဒီ နာမည် ရတယ်တဲ့။ ဒါက ဘာကို ဆိုလိုမှန်း သူသိတယ်။ ဒါပေါ့။ နန်ကုန်းဟောင် အဓိက ပြောသွားတာ ဒါမှ မဟုတ်ပဲ။ သဘာ၀လွန် အထွဋ်အထိပ် အဆင့်ကို ရောက်သွားတာတဲ့ အကြောင်း တမင် ပြောသွားတာ။
နေစမ်းပါအုန်း။ သဘာ၀လွန် အဆင့်။ နောက်ပြိးတော့ သဘာ၀လွန် အထွဋ်အထိပ် အဆင့်။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူက ကောင်းကင်ေ၇ာင်ပြန် အထွဋ်အထိပ် အဆင့် မဟုတ်ဘူးလား။ ဒါတွေအကုန်လုံး က လိမ်ထားတာလား။ လူတွေက ဘာကြောင့် ဒီလို လိမ်ရက်တာလဲ။ ဖန်ကျန်းရှီ ကြားကြားချင်း မျက်လုံးပြူးသွားတယ်။
ကျောင်းတော်သားတွေကတော့ ထုံးစံ အတိုင်းပဲ။ ပြောရရင်။ ဖန်ကျန်းရှီ ထက်တောင် ပို လန့်သေးတယ်။
“နန်ကုန်းဟောင်က အဆင့်တက်သွားပြီတဲ့လား။”
“ သဘာ၀လွန် အထွဋ်အထိပ် အဆင့်ကို တစ်လ တ ည်းနဲ့ ေ၇ာက်သွားတယ်တဲ့”
“ ဘာ … ဘာတွေ ဖြစ်ကုန်ပြီလဲ။ နန်ကုန်းမိသားစုရဲ့ တစ်ယောက်ယောက် ဆီကနေ ဘာလို့ ဘာမှ မကြားရတာလဲ။ ဘယ်လိုများ တစ်လ အတွင်း ဒီလောက်ထိ လုပ်နိုင်ရတာလဲ။ ”
ကျောင်းတော်သားတွေ တစ်ယောက်တစ်ပေါက် ပြောကုန်တယ်။ နန်ကုန်းဟောင်က ချန်းဖေးယွီကို တစ်င်္ချီတည်းနဲ့ အနိုင်တိုက် နိုင်တာ သူတို့ နားလည်သွားပြီ။ ချန်းဖေးယွီလည်း မျက်လုံးပြူးနေတယ်။ သူ ရှုံးသွားပေမယ့် ။ဘာလို့ ရှုံးရမှန်း မသိခဲ့ဘူးလေ။
သူ ရှုံးပြီ ဆိုတာကို လက်မခံနိုင်ခဲ့ဘူး။ ဘာလို့ သူက ရှုံးရမှာလဲ။ သဘာ၀လွန် အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့။ နန်ကုန်းဟောင်ကို ရှုံးရတယ်လို့။ နန်ကုန်းဟောင်ကို ကောင်းကင်ေ၇ာင်ပြန် အဆင့်လို့ ထင်ထားခဲတာ။ ဒါပေမယ့် အခုတော့။ သူ နားလည်သွားပြီ။
သဘာလွန် အဆင့် ……။
သူက သဘာ၀လွန် ကနဦး အဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် သဘာ၀လွန် အထွဋ်အထိပ်အဆင့်မှာ ရှိနေတဲ့ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်မိတာ။ ချန်းဖေးယွီ တွင်းလေး တစ်တွင်း တူးပြီးတော့ပဲ ၀င်ပုန်းေ်နလိုက်ချင်တယ်။ ဝူဖုန်း ရဲ့ အမူအယာကတော့ နည်းနည်း တည်ငြိမ်လာတယ်။ ဒီတစ်လျှောက်လုံးမှာ။ နန်ကုန်းဟောင်က အပြစ်ပြုသင့်တဲ့ လူ မဟုတ်မှန်း သူသိတယ်လေ။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင်က မော့်ကြည့်လို့တောင် မရတဲ့ သူမှန်း နားလည်သွားပြီ။ လွန်ခဲ့တဲ့ တစ်လ တုန်းကပဲ ကျင့်ကြံဆင့် တက်သွားတယ်။ အခုတော့ အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီတဲ့လား။ ဒီကောင် လူ ကော ဟုတ်ရဲ့လား။ နေစမ်းပါအုန်း။ အကယ်၍ နန်ကုန်းဟောင်သာ ဒီလို သဘာ၀လွန် အထွဋ်အထိပ် အဆင့်ကို ရောက်သွားရင်။ နိုးထ နဂါး အဆင့်မှာ ပထမ ဖြစ်တော့မှာ မလား။ ဒီ မေးခွန်းက ဝူဖုန်း အတွေးထဲ ပေါ်လာတယ်။ ဒါကအတော်လေး အရေးကြီးတယ်လေ။
ရန်ရွှယ်က ဖန်ကျန်းရှီကို အမြဲ ယုံကြည်ခဲ့တယ်။ မျှတတဲ့ တိုက်ပွဲ ကို တိုက်ခိုက်မယ် ပြောတုန်းက သူ ယုံကြည်တယ်။ နန်ကုန်းဟောင် နဲ့ ဆယ်လှမ်းအကွာကို ရောက်တဲ့ အချိန်ထိ သူ ယုံကြည်နေသေးတယ်။ ဒါပေမယ့် အခုတော့။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ နန်ကုန်းဟောင်က ကျင့်ကြံဆင့်တက်သွားပြီ။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ကို လှုပ်ရှားစေနိုင်တဲ့ သတင်းပဲ။ ဒါပေမယ့် နန်ကုန်းဟောင်က ဒီ လျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားတယ်။ အခုလို အချိန်မှာမှ သူ ဖော်ထုတ်ခဲ့တယ်။ ဒီလို လုပ်ရပ်က ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို သူနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက် လို့ သဘော ထားပြီး လေးစားလို့ပဲ။ ဒီသတင်းကတော့ တောမီးလို မျိုး ပျံ့သွားတော့မှာပဲ။ တရားမျှတမှု ။ ဒါပေါ့။ နန်ကုန်းဟောင်လည်း နောက်ဆုတ်မှာ မဟုတ်ဘူး။ သူက သဘာ၀လွန် အထွဋ် အထိပ် အဆင့် ေ၇ာက်နေပြီ။ အကယ်၍ သူသာ မသက်ညှာ ပေးရင်။ သူနဲ့ တိုက်ခိုက်သူ ရဲ့ ဘ၀ အခြေအနေ ဘယ်လောက်တောင် ဆိုးဝါး သွားမလဲ တွေးကြည့်လို့ ရတယ်။
“ ဒီ တိုက်ပွဲကို ငါရပ်မှ ဖြစ်မယ်။” ရန်ရွှယ် တွေးတယ်။ ဖန်ကျန်းရှီ ဘယ်လို တိုက်ခိုက်ဖို့ စီစဉ်ထားလဲ သူမသိဘူး။ ဒါပေမယ့် သူသိတာက ဒီ တိုက်ပွဲ မဖြစ်အောင် တားရမယ်။ မင်း ထက် ကျင့်ကြံဆင့် တစ်ဆင့် မြင့်တဲ့ သူ နဲ့ တိုက်ခိုက်ဖို့က ဖြစ်နိုင်လို့လား။ သမိုင်း တစ်လျှောက်လုံးမှာ။ ကောင်းကင်ေ၇ာင်ပြန် အထွဋ် အထိပ် အဆင့်က သဘာ၀လွန် အထွဋ် အထိပ်အဆင့်ကို အောင်မြင်ခဲ့တာ မရှိဖူးဘူး။ ချီကူယန်တောင် မလုပ်နိုင်ခဲ့ဘူး။ ရန်ရွှယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဖန်ကျန်းရှီဆီကို တန်းတန်းမတ်မတ် လျှောက်လာတယ်။ သူ့ ရဲ့ သွေးတွေ ဆူပွက် လောင်မြိုက်နေပြီ။
ဒါပေမယ့် ဒီ အချိန်လေးမှာပဲ။ တစ်စုံတစ်ယောက်က သူ့ကို လက်ဝေ့ယမ်း ပြနေတယ်။
“ ငါပြောခဲ့ပြီးသား။ ဒါက တရားမျှတတဲ့ တိုက်ပွဲလေ။ တရားမျှတမှ ဖြစ်မယ်။” ဖန်ကျန်းရှီ ရဲ့ အသံက လေထုထဲမှာ ပဲ့တင် ထပ်လာတယ်။ သူ စိတ်ဆုံးဖြတ်ထားတာ အသိသာကြီးပဲ။ ဒီလို စိတ်ဓာတ်ခွန်အား ပြည့်ဝနေတာမျိုး ဖန်ကျန်း၇ှီ ဆီမှာ တစ်ခါမှ မမြင်ဖူးဘူး။
အပိုင်း (၃၇၆) ပြီး၏။
VOCÊ ESTÁ LENDO
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...