Uni 486~490

98 11 0
                                    

အပိုင်း(၄၈၆)
“ ပေါက်ကွဲမှု။”
ဘာသာပြန်သူ-Enri Thaw

“ဘာပြောတယ်။ စစ်တပ်ကြီးက ဖန်ကျန်းရှီကို ဖမ်းဖို့ လာနေပြီတဲ့လား။ ”

“မင်း ဘာတွေ လုပ်လိုက်တာလဲ။ ကျန်းရှီ ကို ထွက်သွားဖို့ ပြောလိုက်။” ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ ရဲ့ အသံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက်။ အ၀တ်လဲတဲ့ အသံ တစ်ချို့ထွက်လာတယ်။

ခြံ၀န်းထဲကို လူတစ်ယောက် ဆင်းလာခဲ့တယ်။ ဒါကတော့ ဖန်ကျန်းရှီ။  အပြာရောင် အကျီလက်ရှည်ကို ၀တ်ထားပြီးတော့ သမ်းဝေရင်း နဲ့ လျှောက်လာခဲ့တယ်။ သူ့ ရဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖီးသင်ထားခဲ့တယ်။ ဒါပေမယ့် သူ အခုမှ နိုးလာတာကတော့ သေချာနေတယ်။

“ ကောင်းသော နံနက်ခင်းပါ ဦးလေး ယန်ဖိန်။” ဖန်ကျန်းရှီ လှမ်း နှုတ်ဆက်တယ်။

“ မင်္ဂလာ နံနက်ခင်းဟုတ်လား။ အခုက နေ့လည်တောင် ရောက်နေပြီလေ။ စစ်တပ်ကြီး နီးလာနေပြီ။ ငါ့နောက် လိုက်ခဲ့။ ကန်လင်းတောင် လမ်းပေါ်မှာ စောင့်နေတဲ့ လူတွေရှိတယ်။ မင်းအတွက် အရာအားလုံး ပြင်ဆင် ပြီးသွားပြီ။ အခု….”

“ဦးလေး ယန်ဖိန်။ ကျွန်တော် မသွားဘူး။ ” ဖန်ကျန်းရှီ ခေါင်းခါရင်း။ ကျန်းယန်ဖိန်ရဲ့ စကားကို ဖြတ်ပြောတယ်။

ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ တို့ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေမှန်း ။ သူ အကုန်ကြားတယ်။ ဖန်ကျန်းရှီ က အခုချိန်မှာ ထွက်မသွားတာ။ သူ့ မိဘတွေနဲ့ မခွဲနိုင်တာကြောင့်လို့ သူတို့ ထင်နေကြတာ။ ဒါပေမယ့် အခုချိန်မှာ။ စစ်တပ်ကြီးက နီးကပ်လာနေပြီလေ။ သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။ ဒါမှမဟုတ်။ ကိုယ့်သေလမ်း ကိုယ်ဖောက်နေတာလား။

“ မဟုတ်ဘူး။ ငါ့ သား။  သားလေးက အမေ့ရဲ့ တစ်ဦးတည်းသော သားလေ။ ဒီအတိုင်းတော့ ထောင်ထဲကို မ၀င်ခိုင်း နိုင်ဘူး။ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့ရင်….”

“အမေ….” ဖန်ကျန်းရှီက ချီရှင်းလိန်ရဲ့ လက်မောင်းကို ပွေ့ဖက်ထားခဲ့တယ်။ ရွာသားတွေကို ရှင်းပြလည်း အကျိုးမထူးမှန်း သူသိတယ်။ သူတို့တွေ အတွက်တော့။ ဖန်ကျန်းရှီက ၀ရမ်းပြေး တစ်ယောက်ပဲ။ သူတို့ ကို ယုံကြည်စေဖို့ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က။ သူ့အစွမ်းတွေကို မျက်မြင်တွေ့အောင် ပြသရမှာပဲ။ သူတို့တွေ မြင်ရဖို့ လိုတယ်။  ကျန်းယန်ဖိန်ကို လမ်းပိတ်ပြီးတော့ ရပ်နေတဲ့ မျက်နှာဖုံးနက် အမျိုးသမီးကို ကြည့်ရင်း။  ဖန်ကျန်းရှီ ပုခုံးတစ်ချက် တွန့်လိုက်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Donde viven las historias. Descúbrelo ahora