Unicode
အပိုင်း (၃၇၁)
“ နဂါး ဗျူဟာ။”
Translator: Sparrow Translations Editor: Sparrow Translations
နန်ကုန်းဟောင် ရဲ့ စကားက ဖန်ကျန်းရှီကို ဦးတည်တယ်။ ဒါပေမယ့် စကားသံ ထွက်လာချိန်မှာ။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သား တွေက ။ ဖန်ကျန်းရှီ ထက် ပိုပြီး လန့်သွားကြတယ်။
“နန်ကုန်းဟောင် က တစ်ယောက်တည်း ထွက်လာတာလား”
“ သူဘာလုပ်ဖို့တွေးနေတာလဲ။”
ကျောင်းတော်သားတွေ မယုံနိုင်ကြဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ နန်ကုန်းဟောင်က တအေးခဲမျောက်မင်းဒေသ ကနေ တစ်ယောက်တည်း ထွက်လာတော့ သူတို့ တွေးလိုက်မိတယ်။ ဒါက ပုံမှန် မဟုတ်ဘူးလို့။ နန်ကုန်းဟောင် ရူးနေတာလား။
ဘယ်ရူးမလဲ။ ဒါဆိုရင် သူက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ လူ တစ်သိန်း လုံးကို တစ်ယောက်တည်း အနိုင်ယူ မလို့လား။ ။ ဖန်ကျန်းရှီ နောက်မှာ လူ လေးသောင်းရှိတယ်။ ရန်ရွှယ့် လူက ခြောက်ထောင်။ သူတို့ အင်အား ပေါင်းရင်တောင် ငါးသောင်းနီးပါးရှိတယ်။ နန်ကုန်းဟောင်က သူတို့ အားလုံးကို တစ်ယောက်တည်းနဲ့ အနိုင်တိုက်မလို့လား။ ဘာတွေ ဖြစ်နေလဲ ဘယ်သူမှ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ ကတော့လား ။ သူလုံး၀ ကို တွေးမနေဘူး။
“ တကယ်တော့ ငါတို့ ရင်းနှီးနေပြီးသားပါ။” ဖန်ကျန်းရှီ က ပြုံးပြတယ်။ သူ့နောက်က ခေါင်းဆောင် တစ်ယောက်ကို လှည့်ကြည့်တယ်။ ( မင်း သူနဲ့ ရင်းနှီးလား။)
“ အာ” ခေါင်းဆောင် လန့်သွားတယ်။ ဖန်ကျန်းရှီနဲ့ နန်ကုန်းဟောင်ကို ကြည့်ရင်။ သူ ဘာပြန်ဖြေရမှန်း မသိ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အံကြိတ်လိုက်တယ်။ သူ ဘယ်သူ့ ဘက်မှာ နေနေမှန်း သူ မှတ်မိတယ်လေ။
“ မသိဘူး။”
“ ဆိုရိုး စကားရှိတယ်။ တကယ်တမ်း ရင်းနှီးတာ စစ်မှန်ရင် ။ နှဏ်ယောက်တွဲ ယှဉ်ပြိုင် မှုကို လှုပ်ဖူးရတယ်။ အခုတော့ ငါတို့က မရင်းနှီးတော့လည်း ။ ခင်မင်မှုလေး နည်းနည်းပါးပါး တိုးအောင် လုပ်ကြရတာပေါ့။ မြားလေး နည်းနည်းလောက် ငှားပြစ်ကြရအောင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။
“ မြားနည်းနည်းလောက် ငှား ပစ်မယ်တဲ့လား။” ခေါင်းဆောင် မျက်လုံးပြူးနေတယ်။
ဒါက ဘယ်လို အကြောင်း ရင်း ကြီးလဲ။ ဖန်ကျန်းရှီ ရဲ့ အတွေးတွေကို သူ လိုက်မမှီတော့ ဘူး။ အမိန့်ရတာနဲ့ ချက်ခြင်း လုပ်ဆောင်တယ်။ စိတ်နဲ့ လူနဲ့ ကတော့ မကပ်သေးဘူး။ ဘာဖြစ်တာလဲ။ သူတို့ တိုက်ခိုက်ကြတော့မှာလား။
သူတို့တွေ ပြင်တောင် မပြင်ဆင် ရသေးဘူး။ ပိုပြီး အရေးကြီးတာက နန်ကုန်းဟောင် တစ်ယောက်တည်း အေးခဲမျောက်မင်း ဒေသ ကနေ ထွက်လာတာလေ။ သူ့မှာ ဘာ အထောက်အပံ့တွေ ရှိနေမလဲ ဖန်ကျန်းရှီ မစဉ်းစား မိဘူးလား။
သူတကယ့်ကို နားမလည်ဘူး။ ဒါပေမယ့် အမိန့်ကိုတော့ နာခံတယ်။
“ မြားသည်တော်တွေ ။ အသင့်ပြင်ကြ။ ”
“ ပြစ်”
သူ့ အသံထွက်လာတာနဲ့။ မြားအစင်းတစ်ရာ ကောင်းကင်ပေါ်ကို ထိုးတက်တယ်။ နန်ကုန်းဟောင် ဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။ ဒီမြင်ကွင်းက က ပတ်၀န်းကျင် ကျောင်းတော်သားတွေ နဲ့ စစ်သူကြီးတွေကို မျက်လုံးပြူးစေတယ်။ ဘယ်သူက ဒီလို လုပ်ရပ်မျိုးကို လုပ်ဝံ့တာလဲ။ ဒါက လုံး၀ကို အနိုင်ကျင့်နေတာ။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို နှုတ်ဆက်တာလေ။ ဒါတောင် ဖန်ကျန်းရှီက တစ်ခွန်းတည်းနဲ့ တိုက်ခိုက်ပြီတဲ့လား။ ဒီလို နည်းနဲ့ ဘယ်သူကများ တိုက်ခိုက်လို့လဲ။ နောက်ပြီးတော့ သူ့ ပြိုင်ဘက်က က နန်ကုန်းဟောင်လေ။ ဖန်ကျန်းရှီ မကြောက်ဘူးလား။
…
ဖန်ကျန်းရှီက ကြောက်လန့်နေလား??
ဘယ် ဟုတ်မလဲ။ သူ့လေးက လူတွေ ရဲ့ အတွေးကိုတောင် ဂရုမစိုက်ဘူး။ သူ့ ရဲ့ အပြုအမူတွေကို ဘေးလူတွေ နားမလည်နိုင်ဘူး။ တကယ်တော့ သူ ဒီလို လုပ်ရတာ အကြောင်း ရင်းနှစ်ခုရှိတယ်။ ပထမတစ်ခုက။ နန်ကုန်းဟောင် တယောက်တည်း လာတယ်ဆိုတာကို သူ မယုံကြည်ဘူး။ ဖန်ကျန်းရှီ မှာ စစ်သည်သောင်းချီပြီးရှိတယ်။ ဒါကို နန်ကုန်းဟောင် နားမလည်ဘူးဆိုရင်။ သူနားလည်အောင် မြားလေးနည်းနည်း တော့ ပြစ်ပေးရမှာပေါ့။ ဒါကတော့ ပထမ အကြောင်းရင်းပဲ ရှိသေးတယ်။ ဒုတိယ အကြောင်းရင်းကတော့ နန်ကုန်းဟောင်ကို နုိးကြားစေဖို့ပဲ။
နန်ကုန်းဟောင်မှာ ဘာ ယုံကြည်ချက်တွေများ ရှိနေလည်း ဖန်ကျန်းရှီ မခန့်မှန်း ချင်ဘူး။ သူ့ စိတ်ကို နန်ကုန်းဟောင် နားလည်ဖို့ပဲ အစီအစဉ် လုပ်လိုက်တယ်။
“ ဒင် ဒင် ဒင်”
မြားတွေက ကောင်းကင်ပေါ်ကို ဖြတ်သန်းသွားတယ်။ မြေကြီးထဲကို နက်နက်နဲနဲ စိုက်၀င်တယ် ။ နန်ကုန်းဟောင် ကတော့ တစ်ချက်လေးတောင် မလှုပ်ရှားဘူး။ ငြိမ်ငြိမ်လေး ရပ်နေတယ် ။ ဖန်ကျန်းရှီကို ကြည့်နေတယ်။ သူ့ ကိုယ်ခန္ဒာကို မြူနှင်းဖြူ တစ်ချို့ ဖုံးအုပ်ထားတယ်။ မြားတွေက မြူနှင်းဖြူနဲ့တွေ့တဲ့ အချိန်။ မမြင်ရတဲ့ အင်အား တစ်ချို့က တွန်းလွှတ်လိုက်သလို ဘေးကို ေ၇ွ့သွားတယ်။ ပြောရရင်။ မြူနှင်းတွေက မြားးကို ကာဆီးထားတယ်။
“ နန်ကုန်းမိသားစုရဲ့ နဂါး ဗျူဟာ တိုက်ခိုက်နည်းက ရေခဲပေါ်မှာ အခြေခံထားတာ။” ဖန်ကျန်းရှီ သူ့ဘာသူ ပြန်မေးမိတယ်။
နန်ကုန်းမု နဲ့ တွေ့တဲ့ အချိန် တုန်းက။ တစ်စုံတစ်ယောက် ပြောဖူးတယ်။ နန်ကုန်းမိသားစု ရဲ့ ရတနာ နှစ်ပါးက နဂါးဗျူဟာ နဲ့ ကျောက်စိမ်းနီလာ လျှို့ဝှက် ပညာရပ်တဲ့ ။ နန်ကုန်းမုက ကျောက်စိမ်း နီလာ ပညာကို ရွေးချယ်ခဲ့တယ်။ ကျောက်စိမ်းက သစ်သားကို ကိုယ်စားပြုတယ်။ နီလာကတော့ ရေခဲ။ နဂါး ဗျူဟာ ဆိုတာကို ဖန်ကျန်းရှီ နားမလည်ဘူး။ သူ ကြားရုံပဲ ကြားဖူးတာ။ မြင်လည်း မမြင်ဖူးဘူး။ ခန့်မှန်းရုံသာ တတ်နိုင်တယ်။ ဒါပေမယ့် သူ့ ခန့်မှန်း ခ်ျက်ကို အတည်ပြုဖို့ ရာ နည်းမရှိဘူး။ နောက်ဆုံးတော့လည်း နဂါး ဗျူဟာ နန်ကုန်းမျိုးနွယ် ရဲ့ လျှို့ဝှက် ပညာ ရပ်ပဲ။ ဒီလောက်တော့ ဘယ် ရိုးရှင်းနိုင်မလဲ။
“ နဂါးဗျူဟာက အပြည့်အ၀ ေ၇ခဲ မဟုတ်ဘူး။ ” ရန်၇ွှယ် ခပ်တိုးတိုး လှမ်းပြောတယ်။
“ အပြည့်အ၀ ေ၇ခဲ မဟုတ်တော့။ တခြား ဘာရှိသေးလို့လဲ။” ရန်ရွှယ် ဆက်ရှင်းပြမှာ ဖန်ကျန်ှးရီ စောင်ေ့နတယ်။ ဒါပေမယ့် ရန်ရွှယ်က ဆက်မပြောတော့ဘူး။
“ ဒီမှာ အတွေးအခေါ် နှစ်ခု ၇ှိတယ်။ တစ်ခုက နဂါး ဗျူဟာဆိုတာ ဘာမှ မဟုတ်ဘူး။ နောက်တစ်ခုကတော့ နဂါးဗျူဟာ ဆိုတာ အရာအားလုံးပဲ။” ရန်ရွှယ်က ပြန်ဖြေတယ်။
“ ဘာမှ မဟုတ်ဘူး။ အရာအားလုံး။” ဖန်ကျန်းရှီ နားမလည်သေးဘူး။
“ရိုးရိုးရှင်းရှင်းပြောရရင်။ နဂါးဗျူဟာ တိုက်ခိုက်နည်းက အထူးပြု အရာ၀တ္ထု မရှိဘူး။ ၀တ္ထုအားလုံးကို ပေါင်းစည်းထားတာ။ ကျောက်စိမ်း နီလာ အနုပညာ နဲ့ လုံး၀ ကွာခြားတယ်။ ကျောက်စိမ်း နီလာ အနုပညာက အရာ ၀တ်္ထု နှစ်ခု တည်းကိုပဲ အထူးပြုထားတာ။ ဒီ ပစ္စည်းတွေရဲ့ တွန်းကန်မှုကို သူက အားယူတယ်။ ဒါပေမယ့် နဂါးဗျူဟာကတော့ ဘာမှ မရှိဘူး။ ဘယ်လိုအရာပဲ ဖြစ်ဖြစ်။ လိုက်လျော ညီထွေအောင် လုပ်နိုင်တယ်။ ” ရန်ရွှယ် ရှင်းပြတယ်။
“ ဗလာကြီး လာ။။ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ရန်ရွယ် ပြောချင်တာကို သဘော ပေါက်သွားပြီ။ နောက်ပြီးတော့ နန်ကုန်းမိသားစု ရဲ့ လူတွေ က ကျောက်စိမ်း နီလာ အနုပညာ အစား ။ နဂါး တိုက်ခိုက်ရေး ဗျူဟာကိုပဲ ဘာလို့ သင်ကြလဲ သူသိပြီ။ ရန်ရွယ် ပြောတာသာ မှန်ခဲ့ရင်။ ဒီ ပညာရပ်က ရိုးရှင်းတယ်။
အကယ်၍ လောကကြီး ထဲက အရာ အားလုံးသာ စကားလုံး တစ်လုံး ဖြစ်ခဲ့မယ် ဆိုရင်။ နဂါးဗျူဟာက ဒိ စကားလုံကို ချရေးဖို့ ကင်းဗတ် ပိတ်စကြီး ဖြစ်လိမ့်မယ်။ ကင်းဗတ်စ ပေါ်မှာ စာရေးဖို့ က ခက်ခဲလား။ ဘယ်လိုလုပ် ခက်မှာလဲ။ ကျောက်စိမ်း နီလာ အနုပညာ နဲ့ ယှဉ်ရင် အရမ်းကို လွယ်လွန်းနေတယ်။ လွယ်ကူ လွန်းလို့ပဲ နားမလည်နိုင်ကြတာ။
၇ိုးရိုးရှင်းရှင်းတွေးရရင်။ ဒီ ပညာရပ် နှစ်ခုရဲ့ ကွာခြား ချက်က။ စစချင်း ၀င်တဲ့ အတား အဆီးပဲ။ နဂါး ဗျူဟာက ၀င်ရောက်ဖို့ လွယ်ကူတယ်။ ဒါပေမယ့် ထဲထဲ၀င်၀င် နားလည်ဖို့ ကတော့ အတော်လေးကို ကြိုးစားရမယ်။ တခြား တစ်ဖက်မှာတော့ ။ ကျောက်စိမ်း နီလာ အနုပညာက ၀င်ပေါက်မှာ အောင်မြင် တာနဲ့ ရပြီ။ သူ့လမ်းက လွယ်ကူသွားပြီ။
ပုံမှန် အတိုင်းဆို ။ ဒီ ပညာရပ် နှစ်မျိုးက စွမ်းရည်ညီတယ်။ ဒါပေမယ့် နန်ကုန်းဟောင်လို ထူးချွန်တဲ့ သူ အတွက်တော့။ ကွာခြားမှုက ထင်ရှားနေပြီ။
ကျောက်စိမ်း နီလာ ပညာရပ်က အင်အားကြီးလွန်းတယ်။ ဒါပေမယ့် သူ့ အခြေခံ အရာ ၀တ္ထုတွေက သူ့ကို ကန့်သတ်ထားတယ်။ နဂါး ဗျူဟာက သင်ကြားဖို့ လွယ်ကူတယ်။ ဒါပေမယ့် ဆရာ တစ်ဆ်ူဖြစ်အောင် လုပ်ဖို့ ခက်မယ်။ ဒါက အဖြူရောင် ကင်းဗတ်စ ကြီးလိုပဲ။ အဆုံးမဲ့တယ်။ အကယ်၍ အခြေသာ ခိုင် ခဲ့မယ် ဆိုရင်။ ပညာရှင်က ကြိုက်သလို ေ၇းဆွဲ နိုင်ပြီ။
ဖန်ကျန်းရှီ ဒါကိုတွေးလိုက်တော့။ နန်ကုန်းဟောင် ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေမှန်း သူ နားလည်သွားပြီ။ နန်ကုန်းဟောင် ပေါ် လာတော့ ကျောင်းတော်သား တွေ ဘာလို့ လန့်လဲ သူ နားလည်သွားပြီ။
နန်ကုန်းဟောင် တစ်ယောက် တည်း ဖြစ်နေရင်တောင်။
ရန်ရွှယ်ပြောတာကို ဝူဖုန်းလည်း ကြားတယ်။ သူက ဖန်ကျန်းရှီ ထက်တောင် ပိုလန့်သွားသေး။ ဝူဖုန်းက နဂါး ဗျူဟာ ဘယ်လောက် အစွမ်းထက်မှန်း သူကောင်းကောင်း သိတယ်။ ဒါ့အပြင် နန်ကုန်းဟောင်က သဘာ၀ နှလုံးသား တာအိုကို လည်း ရထားသေးတယ်။ နဂါး ဗျူဟာ ကို ပုံမှန်ထက် ကြောက်စရာ ကောင်းအောင် လုပ်နိုင်တဲ့ အခြေအနေ တစ်ရပ်လည်း ရှိသေးတယ်။ ဒါကတော့ သဘာ၀ နှလုံးသား တာအိုပဲ။
နဂါးဗျူဟာက လောကမှာ ရှိတဲ့ အရာတွေကို စုစည်းနိုင်တယ်။ သဘာ၀နှလုံးသားက သူ့ ပတ်၀န်းကျင်က အရာတွေကို ပျော်၀င်စေတယ်။ လူသတ်မလား။ သနားညှာတာမလား။ ကောင်းတာပဲ လုပ်လုပ် ။ ဆိုးတာပဲ လုပ်လုပ် ။ အကုန် ဖြစ်တယ်။ နန်ကုန်းဟောင် ရဲ့ အနာဂတ်ကတော့ အဆုံးအစ မဲ့နေပြီ။ ဘယ်တာအိုကို မဆို သူ သင်ယူနိုင်တယ်။ နောက်ပြီးတော့ အရာအားလုံးကိုလည်း ပေါင်းစည်း နိုင်သေးတယ်။ ဝူဖုန်း ဒါတွေ အကုန်လုံးကို သိထားပြီးသား။ ဒါကြောင့် သူ့မှာ စစ်သည် နှစ်သောင်း ရှိတာတောင်။ အေးခဲ မျောက်မင်း ဒေသ ကို မသိမ်းနိုင်ဘူး။ ဝူဖုန်းက ဒါတွေအားလုံးကို သိထားပြီးသား။ တခြားသူတွေကတော့ မသိဘူး။
ချန်းဖေးယွီက အကောင်းဆုံး ဥပမာပဲ။ နန်ကုန်းဟောင် ဘယ်လောက်တောင် အင်အားကြီးမှန်း ချန်းဖေးယွီ သိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ။ နန်ကုန်းဟောင်က ကောင်းကင် ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူက သဘာ၀လွန် အဆင့်ကို အနိုင်တိုက်နိုင်လား ?? တိုက်နိုင်တာပေါ့။ ဒါပေမယ့် မလွယ်ကူ ဘူးလေ။ နန်ကုန်းဟောင် က သဘာ၀လွန် အဆင့်ကို အလွယ် တကူ ဖိနှိပ်ဖို့ ဆိုတာ လွယ်ကူမယ် ထင်သလား။
“ အခုက အခွင့်အရေး ကောင်းပဲ။” ချန်းဖေးယွီလည်း နန်ကုန်းဟောင်ကို နိုင်မယ်လို့ သူ့ကိုယ်သူ မထင်ပါဘူး။ ဒါပေမယ့် ကြိုးစားကြည့်ချင်သေးတယ်။ အထူးသဖြင့် စစ်သည်တော် ငါးသောင်း ကို မျက်မြင် ရှိနေတဲ့ အချိန်မှာပေါ့။ အကယ်၍ နန်ကုန်းဟောင်ကိုသာ သူတိုက်ခိုက်လိုက်ရင်။ သူ့နာမည်က ကျော်ကြားတော့မှာပဲ။ သူ့ကို လေးစားတဲ့ သူလည်း များလာလိမ့်မယ်။ ချန်းဖေးယွီက ဒီ လို အခွင့်အေ၇းကြီးကို ဘယ်လက်လွှတ် ခံမလဲ။ ဒါကြောင့် သူ ရှုံးရမယ် ဆိုရင်တောင် ဂရု မစိုက်ဘူး။
သူအခု သဘာ၀လွန် အဆင့် ရောက်နေပြီ။ ဒါကို နောက်က အကန်းတွေ မမြင် နိုင်သေးတာကို တကယ် မယုံနိုင်။
“ ဖန်ကျန်းရှီ” ချန်းဖေးယွီ လှမ်းအော်တယ်။
“ သခင်လေးချန်း … ပြောစရာရှိလို့လား။” မြားတွေ ပြစ်နေတာကို ဖန်ကျန်းရှီ ခဏနားထားတယ်။ ချန်းဖေးယွီကို လှည့်ကြည့်တယ်။
“ နန်ကုန်းဟောင် က ငါတို့ ရဲ့ စစ်တပ်ေ၇ှ့မှာ တစ်ယောက်တည်း ပေါ်လာတယ်။ ဒါက စိန်ခေါ်တာပဲ။ ငါ့ကို သူနဲ့ တိုက်ခိုက်ခွင့်ပေးပါ။” ချန်းဖေးယွီ ယုံကြည် ချက် အပြည့်နဲ့ ပြောတယ်။ သူ့ ပုံစံက အရမ်းကို ဆုံးဖြတ်ထားပြီးပုံပဲ။ ဒါပေမယ့် တခြား လူတွေကတော့ခေါင်း ခါနေကြတယ်။
“ချန်းဖေးယွီ ဘာလုပ်မလို့လဲ။”
“ နန်ကုန်းဟောင်ကို စိန်ခေါ်မလို့လား။ ဒီကောင် သေချင်နေပြီလား။”
“ နန်ကုန်းဟောင် နဲ့ ယှဉ်လို့ရမယ်များ ထင်နေတာလား။ ”
“ တီးတိုးသံတွေ သူ့ အနားမှာ ပေါ်လာတယ်။ ”
၀ူဖုန်းလည်း ဒါကို ကြားတော့ မျက်လုံးပြူးနေတယ် ။ ချန်းဖေးယွီကလည်း အင်အားကြီးပါတယ်။ ဒါပေမယ့် နန်ကုန်းဟောင် နဲ့တော့ ယှဉ်မရဘူးလေ။
နန်ကုန်းဟောင် ကို စိန်ခေါ်ရင်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာ နဲ့ အတူတူပဲ။ လူတိုင်း ဒီလိုပဲ တွေးနေကြတယ်။ (ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီလို မတွေးတာ။) ။ ချန်းဖေးယွီ ရဲ့ အတွေးကို သူနားလည်တယ်။ ချန်းဖေးယွီ သဘာ၀လွန် အဆင့်ကို ရောက်သွားမှန်း လည်း သူသ ိတယ်။ သူ့ရဲ့ ဓားသိန်းသန်းချီ ပညာကို ခုခံနိုင်တည်းက သူသိသွားတာ။
“ဒီကောင်က ဟိတ်ဟန် ထုတ်ချင်ေ်နတယ်ပေါ့။” ဖန်ကျန်းရှီ သူ့ဘာသူ တွေးနေတယ်။ ကောင်းပြီလေ။ သူက သဘာ၀လွန် အဆင့်ပဲ။ သူ့ အစွမ်းတွေကို ထုတ်မပြခိုင်းရင် ရက်စက်ရာ ရောက်ပါတယ်။ ချန်းဖေးယွီ လုပ်ချင်တာ လုပ်ခိုင်းဖို့ သူ ဆုံးဖြတ်တယ်။
“ ကောင်းပြီလေ။ သခင်လေး ချန်းက တိုက်ခိုက်ချင်နေတော့လည်း။ ကျွန်တော်က ခွင့်ပြု ပေးရမှာပေါ့။ ဂရုစိုက်ပါ။” ဖန်ကျန်းရှီ ဟန်ဆောင်ပန်ဆောင် ပြောတယ်။ ချန်းဖေးယွီက နန်ကုန်းဟောင်ကို စိန်ခေါ်တဲ့ ပထမဆုံး လူပဲ။ ရန်ရွှယ် နှုတ်ခမ်း တွန့်လိုက်တယ်။ သူ တစ်ခုခု ပြောတော့မယ့် ပုံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက အရင်ပြောလိုက်တော့။ သူ ပါးစပ် ပြန်ပိတ်တယ်။
ဖန်ကျန်းရှီ အတည်ပြုတာကို ကြားပြီးနောက် ချန်းဖေးယွီ ပြုံးတယ်။ အခုက သူ့ အစွမ်းပြ၇မယ့် အချိန်ပဲ။ ဝူဖုန်းကို အနိုင်တိုက်တာ ထက်တေင် ပိုပြီး အကျိုးရှိအုန်းမယ်။
“နန်ကုန်းဟောင်။ ငါ ချန်းဖေးယွီ။ ဘယ်လောက်အင်အားကြီးလဲ မင်းကို ပြမယ်။” ချန်းဖေးယွီ ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ့လက်ထဲက ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်တယ်။ နန်ကုန်းဟောင်ကို စိန်ခေါ်ဖို့ အခွင့်အေ၇း။ နန်ကုန်းဟောင်ရဲ့ အစွမ်းနဲ့ ရင်ဆိုင်ရမယ့် ရှားပါး အခွင့်အေ၇း။ ဘယ်သူ စိတ် မလှုပ်ရှားပဲ နေမလဲ။ နန်ကုန်းဟောင်က သူ့ နေရာမှာပဲ ရပ်နေတယ်။ ချန်းဖေးယွီ စိန်ခေါ်လိုက်တာတောင်။ သူက တည်ငြိမ်နေဆဲ။
“ကောင်းပြီလေ။ သခင်လေး ချန်း။ လာခဲ့ပါ။” နန်ကုန်းဟောင်က တည်ငြိမ်အေးဆေး နေတယ်။ ဖန်ကျန်းရှီ မြားနဲ့ ပြစ်တာကိုလည်း စိတ်မဆိုးဘူး။ ချန်းဖေးယွီ စိန်ခေါ်တာကိုလည်း မလှုပ်ရှားဘူး။ ဒီ အခြေအနေ တစ်ရပ်လုံးကို သူ ခန့်မှန်း ထားပြီးတဲ့ ပုံပဲ။
အပိုင်း (၃၇၁) ပြီး၏။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...