Unicode
အပိုင်း (၃၆၁)“ တိုက်ပွဲ”
Translator: Sparrow Translations Editor: Sparrow Translations
လေတောင်ကြားထွက်ပေါက်မှာ …
စစ်သည် လေးသောင်းကျော်က အမိန့်ကို စောင့်ဆိုင်းနေတယ် ။ လေတောင်ကြားထဲမှာ ရပ်တန့်ရင်း ဦးဆောင်သူ အမိန့်သံကို နားစွင့် နေတယ်။ အေ၇ှ့ဆုံးမှာတော့ သက်တောင့်သက်သာ မျက်နှာပေးနဲ့ ဖန်ကျန်းရှီ ..။
“ ကိုယ်ရံတော် ဖန် .။ ဒီ ဗျူဟာကို သူ တို့ အနိုင်တိုက်နိုင်မယ် ထင်လား။” တန်ရှီရှန်းက ေ၇ှ့တန်းမှာ အသေအကျေ ခုခံ နေတဲ့ ကျောင်းတော်သား တွေကို ကြည့်နေတယ်။ နောက်ဆုံးတော့ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး။ သူမေးလိုက်တယ်။
တန်ရှီ၇ှန်း ရဲ့ အမေးစကားကို တခြား စစ်သူကြီးတွေကြားတယ်။ သူတို့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။
ဖန်ကျးန်ရှီက သူတို့ကို ခုနကပဲ ပြောထားတာ။ ဝူဖုန်း ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သားတွေကို အပြည့်အ၀ ယုံကြည်ရမယ်လို့။ ဒါပေမယ့် သူတို့ ေ၇ှ့က အခု အခြေအနေ ကတော့ …။ ယုံကြည်မှုနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူး။
ကျောင်းတော်သား ဆယ်ယောက်ကျော်က သေမင်းတံခါးကို ၀င်သွားပြီ။ ထောင်ချီတဲ့ စစ်သည်တော်တွေကို အနိုင်တိုက် ဖို့က တော်တော့်ကို ခက်ခဲတယ်။
“ မနိုင်နိုင် တာလည်း ဖြစ်နိုင်ပါတယ်လေ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြန်ဖြေတယ်။ ဝူဖုန်း ၊ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သားတွေကို စစ်သည်တော် တွေက ပတ်ချာလည် ဝိုင်းထားပြီ။
“ မနိုင်နိုင် လောက်ဘူးလား။? ဒါ … ဒါဆို ကျွန်တော်တို့ ဒီလိုပဲ ဆက် စောင့်နေရမှာလား။” တန်ရှီရှန်း နားမလည်တော့ဘူး။
ကျောင်းတော်သားတွေ အနိုင် မတိုက်နိုင်တာကို ဖန်ကျန်းရှီ သိနေပြီပဲ။ ဘာကြောင့်များ နှောင့်နှေးနေရ သေးတာလဲ။
“ ဘယ်စောင့်မလဲ။” ဖန်ကျန်းရှီက ခေါင်းခါတယ်။
“ ဒါဆို ကျွန်တော်တို့ ….” တန်ရှီရှန်း ဒွိဟ ဖြစ်နေပြီ။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...