Unicode
အပိုင်း (၄၀၁)“နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကြီးကို တုန်လှုပ်စေပြီး ….. ကမ္ဘာလောက အတွက် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးလိမ့်မည်။ ”
Translator: Sparrow Translations Editor: Sparrow Translations
ဒီခံစားချက်က….
နွေးထွေးတယ်။ ရွံရေ နွေးနွေးထဲမှာ စိမ်နေရတဲ့ အတိုင်းပဲ။ သူ့ရဲ့ ဒဏ်ရာတွေက ဒီရေနဲ့ အဆက် မပြတ် ထိတွေ့ နေရလို့များ ။ မြန်မြန်ပျောက်သွားတာလား။ သူ့ကိုယ်ထဲက ဆဲလ်တွေ။ ကွဲထွက်ကြတယ်။ ခပ်မြန်မြန်ပဲ သူ့နေရာသူ ပြန်ရောက်သွားကြတယ်။ ဆဲလ်သေတွေက ပြိုကွဲတယ်။ ဆဲလ်အသစ်တွေက သူတို့ နေရာကို အစားထိုးသွားတယ်။ ထူးဆန်းပေမယ့် သက်တောင့် သက်သာ ဖြစ်တဲ့ခံစားချက်ပဲ။
“ သ … သဘာ၀လွန် အဆင့်လား။”
ဖန်ကျန်းရှီ ချက်ခြင်း တွေးလိုက်မိတယ်။ ဒါမျိုးကို သူ ခနခန မြင်ဖူးတယ်။ သုခမိန်လောကထဲမှာ ယွဉ်ရှန်ကို တိုက်ခိုက် အောင်မြင်တဲ့ အချိန်တုန်းက ။ ဒါကို စမြင်ဖူးတာ။ ရဲရဲတောက် ချီလင်လှံကို သုံးပြီးတော့ ယဉ်၇ှန်ရဲ့ နောက်ကျောကို ထိုးလိုက်တဲ့ အချိန်။ ယဉ်ရှန်ရဲ့ ဒဏ်ရာတွေက မြန်မြန်ဆန် ဆန် ပျောက်ကင်းသွားခဲ့တယ်။ ဒါက သဘာ၀လွန် အဆင့်ရဲ့ အထူးဆုလဒ်ပဲ။ မိမိကိုယ်ကို ကုသနိုင်စွမ်း။
“ ငါအဆင့်တက်သွားပြီလား။” ဖန်ကျန်းရှီ မျက်လုံးပြူးသွားတယ်။ အခုဖြစ်နေတဲ့ အရာတွေက အမှန်တကယ်ဆိုတာ နားလည်သွားပြီးနောက်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာထဲက အဖြစ်ကို အိမ်မက်လို့ သူ ယူဆလိုက်တယ်။ အိမ်မက်ထဲမှာ။ သန့်ရှင်းမှုနဲ့။ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာရဲ့ ငြိမ်သက်မှုကို ခံစားလိုက်ရတယ်။ သူကိုယ်တိုင်က သန့်စင်ခံလိုက်ရသလိုပဲ။ ဒါပေမယ့် ဒါက အိမ်မက် တစ်ခုပဲ မဟုတ်ဘူးလား။ အိမ်မက်ထဲမှာတောင် တကယ်ပဲ ကျင့်ကြံဆင့် တက်နိုင်သေးတာလား။
ဖန်ကျန်းရှီ ဒွိဟ ဖြစ်ပြီး စိတ်ရှုပ်ထွေးနေတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက အိမ်မက် မဟုတ်တာများ။ အကယ်၍ အိမ်မက်သာ မဟုတ်ခဲ့ရင်။ အဲ့တာ ဘာကြီးလဲ။ (အပြိုင် စိတ်အာရုံနယ်မြေ လား။) တယ်လီပို့တ်။ (စိတ်စွမ်းအင်နဲ့ နေရာေ၇ွ့သွားတာလား။) ဘာလို့ အစစ်အမှန် လောကထဲ ပြန်ရောက်သွားတာလဲ။ ဟိုလောက ကကော ဘယ်မှာ ကျန်ခဲ့တာလဲ ။ အဲ့တာက သူ့ကိုယ်ထဲမှာ ရှိနေတာလား။ ဒါမှမဟုတ်။ မေးခွန်းတွေ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ် ။ ဒါက အတော်လေး ကို ရှင်းပြဖို့ရာ ခက်ခဲတယ်။ ဒါပေမယ့် တစ်ခုကတော့ သေချာနေပြီ။ သူ ကျင့်ကြံဆင့် တက်သွားပြီ။ သဘာ၀လွန် အဆင့်ကို ရောက်သွားပြီ။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...