Uni 476~480

107 10 0
                                    

အပိုင်း  (၄၇၆)
“သေရမယ်။ ဒီကောင် သေရမယ်။”
ဘာသာပြန်သူ - Enri thaw

ရှန်လင်းရဲ့အသံက မကျယ်ဘူး။ တကယ်တော့ သူက အသက်ရှူ  ရပ်မတတ် ဖြစ်နေတာ။   ဒါပေမယ့် သူ့ အသံက စုချင်း ကို    အေးခဲသွားစေခဲ့တယ်။

(“တကယ်တော့  စကားက မဆုံးသေးဘူး။  ပြီးပြည့်စုံလွန်းလှပါတယ် ဆိုတဲ့  အစီအစဉ်တွေတောင်။   ဟာကွက်တော့ ရှိတာပဲ။  ငါပြောတာမှန်တယ်မလား။ အိမ်ရှေ့စံနဲ့။ အမတ်မင်းစု။” ရှန်လင်းရဲ့ စကားတွေက  စုချင်း စိတ်ထဲမှာ  ပဲ့တင့် ထပ်နေခဲ့တယ်။   

သ ဆက်ပြီးတော့ မပြုံးနိုင်တော့ဘူး။   သူ့လက်ကလည်း လမ်းတစ်၀က်မှာ ရပ်နေခဲ့တယ်။    လှည်းတံခါးက လိုက်ကာကို သူ ကိုင်ထားခဲ့တယ်။ ဒါပမေယ့် သူ ဆက်ပြီး မလှုပ်ရှားဘူး။   ဘာတွေ ဖြစ်နေတာလဲ။ အခု ကိစ္စက  မဖြစ်နိုင်တာပဲ။ စုချင်း တကယ့်ကို မယုံနိုင်။  

သူ့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်က လွဲချော်သွားတယ်ဆိုတာ သူလက်မခံနိုင်ဘူး။  တကယ်တော့ အခု အစီအစဉ်ကြီးက သူထင်ထားတာ တက်တောင် ပို ချောမွေ့နေသေးတယ်။    ဖန်ကျန်းရှီ ရဲ့ ပြစ် မှုကို လူတိုင်း မျက်မြင် တွေ့ခဲ့ရတာပဲ။ သူ့ရဲ့  အရင်အကျင့် စရိုက် တွေနဲ့ ပေါင်းလိုက်တော့။ ရှန်လင်း ကို အကွက်ဆင်ဖို့လည်း အကုန်လုံး  အစီအစဉ်တကျ ဖြစ်သွားခဲ့တယ်။   

တခြားသူတွေ ယုံတာ မယုံတာ အပထား။ သေတဲ့သူတွေကတော့   စကားမပြောနိုင်ဘူးလေ။  သူနဲ့    လင်းထျန်းရုံက ဒီ သတင်းကို  အမှန်လို့ ထင်အောင် လုပ်နိုင်သရွေ့ ။  အစီအစဉ်က   ချောမွေ့နေမှာပဲ။  ဒါပေမယ့် ဖန်ကျန်းရှီသာ မသေရင် ဘယ်လို ဖြစ်သွားမလဲ။

စုချင်း တုန်ယင်သွားတယ်။   အနီးမှာ ရပ်နေတဲ့ အိမ်ရှေ့စံ လင်းထျန်းရုံကို လှည့်ကြည့်တယ်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ အိမ်ရှေ့စံ အနေနဲ့။   လင်းထျန်းရုံက အရှုံးဆိုတာကို မကြားလိုဘူး။ ဒါပေမယ့် ရှန် လင်းပြောတာကို ကြားပြီးနောက်မှာတော့။ သူ့ ရဲ့ အမူအယာလုံး၀ကို ပြောင်းလဲသွားတယ်။

စုချင်းကို ကြည့်ရုံနဲ့ တစ်ခုခု လွဲနေတာကို သူသိတယ်။ နောက်ပြီးတော့။  သူလည်း တဲထဲကို မြင်နေရတယ်လေ။ီး အချိန် တစ်လျှောက်လုံးမှာ  လင်းထျန်းရုံက အေးဆေး တည်ငြိမ်နေခဲ့တာ။  သူက အလုပ်လုပ်ရင် အပိုင် တွက်ဆပြီးမှ လုပ်လေ့ ရှိတယ်။   ဒါပေမယ့် အခု အချိန်မှာတော့။

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now