အပိုင်း ၃၆၆+၃၆၇+၃၆၈+၃၆၉+၃၇၀

272 34 0
                                    

Unicode
အပိုင်း (၃၆၆)

“ ဘယ်လို လက်စားချေမှု မျိုးလည်း ။”

Translator: Sparrow Translations  Editor: Sparrow Translations

ဒီမြင်ကွင်းကြောင့်  လူတိုင်းရဲ့ လှုပ်ရှားမှုတွေ ချက်ခြင်း ရပ်တန့်သွားတယ်။  သတ်တာလား။??

ဒါမျိုးက ဒီလောက က လူတွေ အတွက် အထူးအဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့်  ညီလာခံ စာမေးပွဲ ကျောင်းတော်သား တစ်ယောက်ကို လူအများရှေ့မှာ သတ်တာ ကတော့  ….။ ဘယ်လို အကြောင်းပြချက်ကမှ မကယ်တင်နိုင်ဘူး။ နောက်ပြီးတော့ မတူညီတဲ့  ဒီ ကိစ္စ နှစ်ခုလည်း တပြိုင်တည်း ဖြစ်နေတယ်။

စိတ်ခံစားချက် ရှုထောင့် ကပဲ ဖြစ်ဖြစ်။  ဥပဒေ နည်းလမ်း ကပဲ ဖြစ်ဖြစ်။ တရားမျှတမှုရှိတဲ့ ရှုထောင့်ကပဲ ဖြစ်ဖြစ်   ။ ဒီလိုကိစ္စက လုံး၀ မဖြစ်သင့်တာပဲ။ ဒါပေမယ့် အဆုံးသတ်မှာတော့။  ထူးဆန်းတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်သေးတယ်။  

ဥပမာအားဖြင့်။  ဆက်ပြီးခုခံ နေကြသေးတဲ့ စစ်သည်တော်တွေလည်း ဒီမြင်ကွင်းကို မြင်လိုက်ကြတယ်လေ။   ဒါကြောင့် နောက်ကို တစ်လှမ်းဆီ ချက်ခြင်းဆုတ်သွားကြတယ်။   အဲ့ဒီ့နောက်  ကလင်ကလန် အသံတွေ ဆက်တိုက်ထွက်ပေါ်တယ်။ စစ်သည်တစ်ထောင်နီးပါးရဲ့  လက်ထဲက လက်နက်တွေ တစ်ခုပြီး တစ်ခု ပြုတ်ကျကုန်တယ်။   လက်နက်ချ အရှုံးပေးလိုက်တာက  နောက်ဆုံး အဆုံးသတ်ရလဒ်ပဲ။

ဒါပေမယ့် စစ်သည်တော်သာ လက်နက်ချသွားတယ်။  ကျောင်းတော်သားတွေ ကတော့ ဒေါသ မီးတွေ မီးပုံကြီး တစ်ခုထဲကို ဆီပူပူတွေ လောင်းချလိုက်သလိုပဲ။ 

“ ဖန်ကျန်းရှီ။ အပြစ်မဲ့လူတွေကို မင်းဘယ်လိုတောင် သတ်ဝံ့တာလဲ။”  ကျောင်းတော်သား တစ်ယောက်က ဖန်ကျန်းရှီကို ဒေါသတကြီးနဲ့ လှမ်းအော်တယ်။ ဒါပေမယ့် ဒီစကားပြောပြီးနောက် သူ ခေါင်းကို ပြန်ငုံ့သွားတယ်။ ဘာကြောင့်လဲ ဆိုတော့…။ ရန်မြို့တော်ကြီးမှာ အချိန် အတော်ကြာ နေပြီးတဲ့နောက်။ ဖန်ကျန်းရှီ မလုပ်ဝံ့တာ ဘာမှ မရှိမှန်း သူ ကောင်းကောင်း သိခဲ့ပြီးပြီလေ။ 

ဒီထဲကမှ အနီးစပ်ဆုံး ဖြစ်ခဲ့တဲ့ အကြောင်းရင်း က။ တော်၀င်ညီလာခံ စာမေးပွဲ အောင်စာရင်း ကြေညာချိန်မှာ ဖန်ကျန်းရှီ ပျောက်သွားခဲ့တာပဲ။ 

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Onde histórias criam vida. Descubra agora