အပိုင်း (၄၅၁)
“တောင်းပန်ပါတယ်။ သုခမိန်တစ်၀က်ကြီး”
ဘာသာပြန်သူ - Enri Thawနတ်ဆိုးခေါင်းဆောင်းတွေ အားလုံး။ ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်ပေါ်က ကျောက်တုံးကြီးကို ကြည့်နေကြတယ်။ အဲ့တာက ဘာမှန်း သူတို့ သိတယ်။ ဒါကြောင့်ပဲ သူတို့ မယုံမကြည်နိုင် ဖြစ်နေခဲ့တာ။ သူတို့တွေတင် မယုံကြည်နိုင်ကြတာ မဟုတ်ဘူး။ ယွင်ချင်းဝူလည်း မယုံနိုင်ခဲ့။
“ဖန်ကျန်းရှီက ။ အဆုံးမဲ့လောကကို ချိုးဖောက်ခဲ့တဲ့ သူလား။”
ကန်လင်းတောင်မှာ အစီအစဉ်ချခဲ့တာက သူမလေ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ပုံစံ မျိုးနဲ့ ကျရှုံးသွားခဲ့ရတယ်။ သူမရဲ့ အစီအစဉ် ဘာကြောင့်များ ပျက်စီး ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိခဲ့ရဘူး။ သူမ သိတာကတော့ ။ အဆုံးမဲ့ လောကကြီးက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာနဲ့ အတူ ပျောက်ကွယ်သွားတာပဲ။ ကန်လင်းတောင် တိုက်ပွဲမှာ ဖန်ကျန်းရှီ ပါနေမယ်လို့ မထင်ထားခဲ့မိဘူး။ အဲ့ဒီ့အချိန်တုန်းက။ ဒါကိုတွေးဖို့ သူမ မေ့သွားခဲ့တယ်။
ဖန်ကျန်းရှီက အဆုံးမဲ့ လောကကို ချိုးဖျက်ပြစ်ဖို့ အင်အား ကြီးမယ်လို့ မထင်ထားမိဘူး။ အဆုံးမဲ့လောက က အရင်ကလို အင်အားမကြီးတော့ရင်တောင်။ ဖန်ကျန်းရှီလို လူမျိုးက ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ရှင်းယွမ်ကောင်းတောင် မလုပ်နိုင်ဘူး။ နောက်ပြီးတော့ ။ သူမ သိထားသလောက် သတင်းတွေ အရ။ ဖန်ကျန်းရှီက အဆုံးမဲ့ လောကထဲမှာ အဲ့ဒီ့အချိန်က ရှိနေခဲ့တာ။ အထဲကနေ အဆုံးမဲ့ လောကကို ချိုးဖျက်လိုက်ခဲ့တာလား။ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဒါဆိုရင်…။ ဘာတွေ ဖြစ်ခဲ့တာလဲ။
ဖန်ကျန်းရှီလက်ထဲက ကျောက်တုံးကို ယွင်ချင်းဝူ ကြည့်နေခဲ့တယ်။ သူမ မျက်၀န်းတွေမှာ စိတ်ရှုပ်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဆက်ပြီးတော့ ခေါင်းခြောက်ခံပြီး မစဉ်းစားတော့ဘူး။ ပိုပြီး အရေးကြီးတဲ့ နောက်ထပ် မေးခွန်းတစ်ခု ရှိနေတယ်။ အဆုံးမဲ့လောက အသက်၀င်သွားပြီလား။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...