အပိုင်း ၅၀၀ ထိ ပြီးသွားပြီ။
နောက်ပိုင်းတွေ ပိုမိုက်တယ်။
လာဖတ်ပြီး cmtလေး ဘာလေး ပေးကြအုန်းနော် ငဖန်တို့ ရန်ရွှယ်တို့ပုံတွေ နောက်တအုပ်မှာ တင်ပေးမယ်။Unicode
အပိုင်း(၄၉၆)
“အနီရောင် အမှတ်လေး။”
ဘာသာပြန်သူ-Enri Thawလူတိုင်းက ငြိမ်ကျသွားခဲ့တယ်။ ချီဟို့၊ ၀မ်ချောင် ၊ ဘေးပတ်၀န်းကျင်က မြို့သားတွေ ။ ရန်ရွှယ်တောင်မှ ။ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူတို့ကြားလိုက်ရတာကြောင့် မျက်လုံး ပြူးနေကြတယ်။ ဒါက လုံး၀ကို မတိုးသာ မဆုတ်သာ အခြေအနေပဲ။ ၀မ်ချောင်က ချီဟို့ကြားက အားပြိုင်မှု။ ဖန်ကျန်းရှီက သူ့ကိုယ်သူ ဒီ အကွက်ထဲကနေ ဆွဲထုတ်လိုက်ပြီ။ ချီဟို့ကတော့ ၀မ်ချောင်ကို ဖမ်းခွင့်ပေးမှာ မဟုတ်ဘူး။ ဒါက ဥပဒေ နဲ့ လုံး၀ကို မသက်ဆိုင်ဘူး။ ဒါက နတ်ဆိုးကျောင်းတော် ရဲ့ ဂုဏ်ကျက်သရေ နဲ့ သက်ဆိုင်နေတယ်။ အကျယ်ဖြန့် ပြောရရင်။ ဒါက ဥပဒေ ၀န်ကြီးဌာန နဲ့ ကျောင်းတော် ဆယ့်သုံးခုကြားက အားပြိုင်မှု ဖြစ်နေပြီ။
အကယ်၍ အခုချိန်မှာ…… သူ နောက်ဆုတ်လိုက်ရင် ။ အနာဂတ်မှာ ထိခိုက်မှု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ချီဟို့ လွယ်လွယ် နဲ့ လက် မလျှော့နိုင်ဘူး။ အကျိုးဆက် အနေနဲ့ ကတော့။ ကြီးမြတ်သောရှ မင်းဆက်မှာ သူ့ရဲ့ အာဏာ လွှမ်းမိုးမှုက ပြောင်းပြန်လန်သွားနိုင်တယ်။ ဒါကြောင့် အခုချိန်မှာ လုံး၀ နောက်မဆုတ်ပဲ။ ဧကရာဇ် ဆီမှာ သူ့အမှားကို ၀န်ချ တောင်းပန်ရုံပဲ။ နောက်ပြီးတော့ သူ့မှာ သမီးတစ်ယောက်လည်း ရှိနေသေးတယ်လေ။ ကောင်းကင်တာအို ခန်းမမှာ ပညာသင်ကြားနေတဲ့ သမီးလေး။ သူ့ သမီးက ကောင်းကင် အနာဂတ်ဟောကိန်း ကို ဖြည့်ဆည်းပေးမယ့် သူ။ အနာဂတ်မှာ ကြီးမြတ်သောရှ မင်းဆက် စစ်သေနာပတိ ဖြစ်လာမယ့် သူလေ။
ချီဟို့ က ဥပဒေ ၀န်ကြီး ဌာနကို သူ့ လ မ်းမှာ အပိတ်ခံမှာ မဟုတ်ဘူး။ သူက ကြီးမြတ်သောရှ မင်းဆက် က ။ အင်အားကြီးပြီး လွှမ်းမိုးမှုရှိတဲ့ လူတစ်ယောက်လေ။ အခုချိန်မှာ ချီဟို့ ဒွိဟ ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီက သူ့ ကို အကျဉ်းအကျပ်ထဲ ရောက်ပြီး နောက်မဆုတ်နိုင်အောင် တွန်းပို့တယ်။ သူဆုံးဖြတ်ချက် ချပြီးတော့ အကုန်လုံး ကို တိုက်ခိုက်ဖို့ ပြင်ဆင်ပြီးခါမှ။ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်လာတော့တယ်။ ဖန်ကျန်းရှီ ….. ဒီကောင် နောက်ဆုတ်ဖို့ ဆုံးဖြတ် လိုက်တာလား။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...