အပိုင်း ၃၈၆+၃၈၇+၃၈၈+၃၈၉+၃၉၀

281 38 1
                                    

Unicode
အပိုင်း (၃၈၆)

“ အသုံးမ၀င်တဲ့ အားနည်းမှု ” 

Translator: Sparrow Translations  Editor: Sparrow Translations

ရှေးဦးခေတ် ကာလတည်းက။ လူငယ်လူရွယ်တွေ အချစ်ကို ရှာဖွေ ခဲ့ကြတယ်။ အိပ်ယာထဲက ကိစ္စကို သူတို့ ရှာဖွေကြတာ မဟုတ်ဘူး။  အချစ်စစ်ကို ရှာကြတာ။  အဆင့်အတန်း အနိမ့်အမြင့် တွေက အချစ်စစ် ကို ရှာဖွေတာ ။ မျှော်လင့်ချက်မဲ့ကုန်တဲ့ အချစ်ဇာတ်လမ်းတွေလည်း ရှိတယ်။  အတူတကွ အိုမင်းတဲ့အချိန်ထိ။ သက်ဆုံးတိုင် အတူနေထိုင်သွားဖို့ ။ စိတ်တိုင်းကျတဲ့  ကြင်ဖော်ကို  ရှာကြတယ်။   တစ်ချို့ အိမ်မက်တွေက ခါးသီးတယ်။  တစ်ချို့ကတော့ အဆုံးသတ် မကောင်းလှဘူး။  တစ်ချို့တွေ ကတော့ တစ်ကိုယ်တည်း ဘ၀နဲ့ အဆုံးသတ်သွားကြတယ်။ တစ်ချို့ကတော့ ပျော်ရွှင်စရာ ဇာတ်သိမ်းကို ပိုင်ဆိုင်ကြတာပေါ့။ အများစုက ဇာတ်သိမ်း မကောင်းလှပေမယ့်။ အတော်များများကတော့ ဒီ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းကို အိမ်မက် မက်နေကြဆဲပဲ။ ပိုးဖလံတွေ မီးထဲ တိုး၀င်သလို ။  ကျောင်းတော်သားတွေ ကလည်း နစ်မျောနေကြဆဲပဲ။ တကယ်တော့ ။ ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့ မခက်ခဲပါဘူး။ 

ဒီလောကမှာ။ ပညာသင်ကြားခြင်းက အောင်မြင်ဖို့ရာ လမ်းတစ်ခုပဲ။ ကျောင်းတော်သားတွေက ဆယ်စုနှစ်တွေကြာအောင် စာသင်ခန်းထဲမှာ အချိန်ကုန်ဆုံးကြတယ်။  သူတို့ ပတ်၀န်းကျင်က  အပြင်လောက ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ကြတယ်။  သူတို့အားလုံးက  အောင်မြင်ရဖို့ အလုပ်လုပ်နေကြတယ။  သူတို့ ရဲ့ ထက်မြက်မှု နဲ့ လောကတစ်ခွင်ကို ထိုးဖောက်အောင်မြင် လိုကြတယ်။ ဒီ မျက်နှာကာလေးကို ကိုယ်တိုင် လှစ်ဟခွင့်ရဖို့ မျှော် လင့်ခဲ့ကြတယ်။ ဒီလောကမှာ ဘယ်မိန်းကလေးတွေကများ။  ရုပ်ရည်ရူပကာကော။ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှုပါ ရှိကြသလဲ။  ပြီးပြည့်စုံတဲ့ မိန်းကလေးမှပဲ ဖြစ်နိုင်တာ။  

ယောကျာ်းလေးတွေက။ အနုပညာ နဲ့ လက်ရေးလှ အတတ်ကို ကျွမ်းကျင်ဖို့လိုအပ်တယ်။  အမျိုးသမီးတွေ ကတော့ ရုပ်ရည်လှဖို့နဲ့။ အရည်အချင်း  ရှိဖို့ လိုတယ်။  ဒါတွေမရှိရင်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုများ ဆက်သွယ်လို့ ဖြစ်နိုင်မှာလဲ။  ဒါကြောင့် အမျိုးသမီးတွေက  သူတို့ ရဲ့ ဂီတ အနုပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်ကြပြီ။ အမျိုးသားတွေ ကတော့  ပညာအရာမှာ ထူးချွန်းအောင် ကြိုးစားကြတယ်။ ( လှပတဲ့ ဇာတ်သိမ်း တစ်ခုနဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားကြတယ်။ ) ဒီလောက က ကျောင်းတော်သားတိုင်း ။ ပညာကို ကောင်းကောင်း သင်ကြားကြတယ်။  အနုပညာတွေကို နားလည်တတ်ကျွမ်းအောင်လဲ လေ့လာကြတယ်။  အနုပညာအကြောင်း နားလည်တတ်ကျွမ်းမှုမရှိ ရင် ။ အချစ်အကြောင်း မပြောဝံ့ကြဘူး။ 

နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)Where stories live. Discover now