အပိုင်း (၄၆၁)
“အိုး အား အင့်။”
ဘာသာပြန်သူ- Enri Thawနတ်ဆိုးတွေက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူတို့ လက်တွေ တုန်ယင်နေခဲ့ပြီ။ မြားပြစ်ဖို့တောင် လက်မငြိမ်နိုင်တော့ဘူး။
“ သူက လူတောင် ဟုတ်သေးရဲ့လား။ ”
ဒီ အတွေးတွေက နတ်ဆိုးတွေရဲ့ စိတ်ထဲမှာ ၀င်လာခဲ့တယ်။ သူ့တို့ ရဲ့ စိတ်ထဲမှာ နောက်ထပ် မေးခွန်း တစ်ခုလည်း ၀င်လာခဲ့တယ်။ ဒီ တိုက်ခိုက်မှုက တိုက်ဆိုင်မှု တစ်ခုလား။ ဒါမှ မဟုတ်။ စစ်မှန်တဲ့ စွမ်းအားပဲလား။ အကယ်၍ ဒါကသာ စစ်မှန်တဲ့ စွမ်းအား ဖြစ်ခဲ့မယ်ဆိုရင်။ ဒီအဓိပ္မာယ်က .. ဖန်ကျန်းရှီ…. ။ ဒီ အတွေးကို သူတို့ ချက်ခြင်း ဖယ်ထုတ်ပြစ်လိုက်တယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ။ ဒါပေမယ့်။ အတော့်ကို လွန်လွန်းတဲ့ တိုက်ဆိုင်မှုပဲ။
ပထမဆုံး။ နန်ကုန်းဟောင်က သူ့ရဲ့ ဓားမုန်တိုင်းကို သုံးပြီးတော့။ ချန့်ယန်းရဲ့ အကြားအာရုံကို အနှောက်အယှက်ဖြစ်အောင် လုပ်တယ်။ အဲ့ဒီ့နောက်။ သုခမိန်အလင်းတန်းထဲမှာ ပုန်းကွယ်ရင်း။ ချန့်ယန်းကို တရှိန်ထိုး တိုက်ခိုက်ခဲ့တယ်။ နန်ကုန်းဟောင်က ငါးမြှားချိတ်မှာ မိသွားတဲ့ သားကောင်လိုပဲ။ ချန့်ယန်းကတော့ သူ့ ရဲ့ သုခမိန် အလင်းတန်းကိုပဲ လုံး၀ အာရုံစိုက်ထားခဲ့တာ။ အဲ့ဒီ့အချိန်မှာပဲ ။ အနှောက်အယှက်ကြီး ပေါ်လာခဲ့တော့တယ်။
“အရှက်မရှိလိုက်တာ။ လုံး၀ကို အရှက်မရှိဘူး။ ”
နတ်ဆိုးတွေကတော့ သိလိုက်တယ်။ ဒါက ဖန်ကျန်းရှီ တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ..။ တည်ငြိမ်ဓား က အာရုံလွှဲထားတဲ့ အချိန်မှာ။ ချက်ခြင်း အလစ်၀င်လိုက်ခံလိုက်ရတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
…
မြေပြင်ပေါ်မှာတော့။ ချန့်ယန်းက ဒူးထောက်ထားခဲ့တယ်။ သူ့ မျက်နှာက ဖြူဖျော့နေခဲ့တယ်။ သူ့နှုတ်ခမ်းကို ကိုက်ထားရင်း။ တုန်ယင်နေခဲ့တယ်။ သူ နာကျင်နေတာ သိသာတယ်။ သူ မတ်တပ်ရပ်လိုက်ချင်ပေမယ့်။ ဒီ လိုနာကြင်မှုကို တောင့်ခံနေရတဲ့ သူ့အတွက်တော့ ။ ဘယ်လောက်တောင် ခက်ခဲ လဲဆိုတာ။ ကြုံဖူးတဲ့ သူမှ နားလည်နိုင်မှာ။ အခုချိန်မှာ သူလုပ်နိုင်တဲ့ တစ်ခုတည်းသောကိစ္စ ကတော့။ အရှက်တကွဲ ပုံစံ မဖြစ်အောင် အမူအယာကို ထိန်းချုပ်ထားဖို့ပဲ။ ဒါပေမယ့် နာကျင်မှုကြောင့်။ သူ့လို သုခမိန် တစ်ယောက်တောင် ။ ချွေးစေးတွေ ပြန်နေခဲ့တယ်။
YOU ARE READING
နတ်ဘုရားမုခ်ဝ အတွဲ ၃ နတ္ဘုရားမုခ္ဝ အတြဲ ၃ (356-500)
HumorZawgyiကော unicodeပါ တင်ထားတယ်။ zawgyiေကာ unicodeပါ တင္ထားတယ္။ နတ်ဘုရားမုခ်၀ စာစဉ် အကျဉ်းနှင့်မိတ်ဆက် အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ... ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအာ...