##UNICODEBaby Bo
__________" ချပ်" ခနဲ အခန်းတံခါးဖွင်သံကြောင့် ရိပေါ်တစ်ကိုယ်လုံး တောင့်တင်းသွားသည်..။ အခန်းက လက်ဗွေစနစ် လုပ်ထားသည့်အပြင် လုံခြုံရေးပိုင်းမြင့်သည့် ဒီတိုက်ခန်းတွေမို့ သူခိုးဝင်ဖို့ဆိုတာမဖြစ်နိုင်..။ ဒါဆိုရင် မိမိမဟုတ်မှတော့ တခြားလက်ဗွေပိုင်ရှင်က ကိုကိုပေါ့..။
"ကိုကိုလား..? "
"ကျစ်! ငါမဟုတ်တော့ ဘယ်သူရှိဦးမှာလဲ..? ငါ့ကိုလာတွဲစမ်း ဝမ်ရိပေါ် "
အသံပြတ်ရှရှက ဆူအောင့်စွာထွက်လာသော်လည်း ရိပေါ်ကတော့ ပျော်မြူးစွာဖြင့် အခန်းထဲက ပြေးထွက်လာကာ နံရံကိုမှီတွယ်နေရသော ရှောင်းကျန့်ကို ကူတွဲလိုက်သည်..။
ရိပေါ့်ခန္ဓာကိုယ်သေးသေးလေးက အမူးသမား ရင်အုပ်ကျယ်ထဲ နစ်မှန်းမသိ နစ်နေသည်..။ ဒါတောင် နှာတစ်ရှုံ့ရှုံ့နှင့် နားသယ်စပ်နှင့် ဂုတ်သားတစ်လျောက်ကို နမ်းရှိုက်နေတာကြောင့် ခရီးမတွင်ပဲ ယိမ်းကာယိုင်ကာနဲ့ အခန်းထဲသို့မရောက်နိုင်..။
"ကိုကို.. Bo ကို လွှတ်ပါဦး ဒီလိုဆို အခန်းထဲမရောက်ပဲ နေလိမ့်မယ် "
" မင်းကိုနမ်းချင်လို့များထင်နေလား..? ငါက Larvendar ပန်းဆိုသိပ်ကြိုက်တာ "
"Bo သိပါတယ်..ဒါပေမဲ့ ကိုကို့ခန္ဓာကိုယ်ကြီးကို Bo မှ မထိန်းနိုင်တာကို "
ရုန်းရင်းဆန်ခတ် နဲ့ အိပ်ယာပေါ်မနည်း ဆွဲတင်လိုက်ရသည်..။ အပေါ်Coat ကို ချွတ်ပေးရင်း ပြေလျော့နေသော နက်တိုင်ကို ဖြုတ်လိုက်ပြီးနောက် ခြေအိပ်နဲ့ ရှူးဖိနပ်ကိုဆွဲ ချွတ်သည်..။ ကိုကိုက သူ့ဘာသာ ရှပ်အကျီကြယ်သီးတွေကို ဆွဲဖြုတ်နေတာမို့..
"Bo ရေပတ်တိုက်ပေးဖို့ လိုသေးလား..? "
မူးနေပေမယ့် လူစိတ်ပျောက်အောင် တစ်ခါမှ ရှောင်းကျန့်မမူးဖူး..။ ခုလည်း မိမိဘေးတွင် ကျုံ့ကျုံ့လေးထိုင်ရင်း မေးခွန်းထုတ်နေသော ကောင်လေးကို မျက်လုံးများမှေးစင်းရင်း ကြည့်လိုက်မိသည်..။ ကောင်ငယ်လေးကတော့ သိဟန်မတူပဲ..
" ဒါဆို ကိုကို့ကို ရေပတ်တိုက်ပေးဖို့ Bo ရေသွားခပ်လိုက်ဦးမယ် "
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...