Part (6)

2.5K 289 28
                                    

## Unicode ##

Baby Bo
_________

ဒီနေ့အတတ်ကြွဆုံးနှင့် အူအမြူးဆုံး​ြဖစ်နေသူက ရှောင်းကျန့်ပင်..။ ဘာလို့လဲဆိုသော Crush နဲ့အတူ ဟွာနောင်ကျွန်း ကို ခရီးထွက်ရမှာ မို့လို့လေ..။

" ချန်ဖုံးရေ ထတော့ဟ အချိန်မနည်းတော့ဘူး "

အိပ်မှုံစုံမွှားနှင့် ချန်ဖုံးက အခန်းထဲဝင်လာသူအား မကျေမချမ်းနှင့် စောင်းကြည့်လိုက်ကာ..

"ဒီလောက်အစောကြီး ဘာလာလုပ်တာလဲကွာ Ship က မနက်၁၁ နာရီနဲ့ ညနေ၄ နာရီကြားပဲရှိတာလေ ခု ၇ နာရီတောင်မထိုးသေးဘူး ဒီလိုရက်မျိုးမှာ ငါ့ကိုအိပ်ခွင့်ပေးပါဦးလား "

ရှောင်းကျန့်ကတော့ စကားသံတွေကို မသိကျိုးကျွံပြုပြီး နံရံကပ်ဘီရိုထဲမှ အဝတ်အစားတစ်ချို့ကို ဆွဲထုတ်နေကာ ကုတင်ပေါ်သို့ ပစ်တင်နေတယ်..။ချန်ဖုံး ရေချိုးပြီး အဆင်သင့်ဝတ်လို့ရအောင် ထုတ်ပေးနေခြင်းပင်..။

" ငါ အိပ်ဦးမှာ "

"ကျစ်! ကလေးလို ငြူစူမနေစမ်းနဲ့ ငါမင်းအတွက် ထမင်းကြော်လုပ်ပေးမယ် "

" မစားချင်ဘူး မင်းကြော်တိုင်းထမင်းတွေက တူးနေတာကြီးကို "

"ဟာ အဲ့လိုတဲ့တိုးမပြောနဲ့လေကွာ တစ်မိုးအောက်တစ်ယောက် ရှောင်းကျန့်က ဘယ်လိုလုပ်များ မီးဖိုချောင်ကိစ္စကို နားလည်နိုင်မှာလဲ မင်းအတွက်မို့လို့ မလုပ်တတ် လုပ်တတ်နဲ့ လုပ်ပေးထားတာ စေတနာကိုစော်ကားနေတာလား? "

ချန်ဖုံး က ကုတင်စွန်းမှာ မှိန်းနေရင်း တတ်ကြွနေသော ရှောင်းကျန့်အား စူးစမ်းသလိုကြည့်ကာ..

" Ship စီးရမှာနော် လှိုင်းမူးတာဘယ်လောက်ဆိုးလဲ သိရက်သားနဲ့ ငါ့နောက်ကိုဒုက္ခခံပြီး လိုက်မလို့လား..? "

ရှောင်းကျန့်မှာ ပွယောင်းယောင်းဖြစ်နေသော ချန်ဖုံးဆံပင်များကို ပို၍ဖွာလန်ကြဲအောင် ဆွဲဖွပစ်ပြီး သဘောတကျ ရယ်မောနေသည်..။ ပြီးတော့မှ ..

" အဟက် ငါ့ကိုယ်ငါ ကာကွယ်ပြီးသား အအန်ပျောက်ဆေးသောက်လာတယ် နောက်ပြီး ဟောဒီမှာကြည့်လိုက် "

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Donde viven las historias. Descúbrelo ahora