# UNICODE #
Baby Bo
_________Condo ခန်းထဲမှ ထွက်လာသော Dr-ကု ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်းများနှင့် ကိန်းအောင်းနေသည်..။ လူငယ်တွေရဲ့ သဘောသဘာဝကို အရမ်းကြီး နားမလည်သော်လည်း ရှောင်းကျန့်ဆိုသော ကောင်လေးကိုမူ သူ ပို၍ နားမလည်နိုင်ပေ..။
ဝမ်ရိပေါ် ကျန်းမာရေးမကောင်းခြင်း၏ ပြသာနာက ရှောင်းကျန့်ပဲ ဖြစ်နေတတ်ကာ ထိုသို့ဖြစ်တိုင်း Uncle ကု ရယ် ဆိုပြီး သူ့ကိုပဲ အလောတကြီး လှမ်းခေါ်တတ်သေးသည်..။ ကိုယ်ကလည်း လူကြီးပီပီ အလိုက်သင့်ဆက်ဆံရပြီး အကျိုးအကြောင်းကိုတော့ သူငယ်ချင်း မာတု ထံသို့ လှမ်းပြောလိုက်တယ်..။
တစ်ဖက်က ရယ်သံနှောကာ Hello ဟု ပြန်ထူးလာတယ်..။ လူပျိုကြီးပီပီ မာတု က အပူအပင် ကင်းသည်..။
" ငါ ဘာကိစ္စနဲ့ ဖုန်းဆတ်လဲ မင်းသိမှာပါ "
"🗯[ အင်း လူလေး က ခုချိန်ထိ အဲ့ကလေးကို နှိပ်စက်နေတုန်းလား? ]"
" အမှန်ပဲ ဒီအတိုင်းသာ ဆက်သွားရင် ကောင်လေးက မူးယစ်ဆေးရဲ့သားကောင် ဖြစ်သွားလိမ့်မယ် အသက် ၂၀ တောင်မပြည့်သေးတဲ့ အဲ့ကလေးရဲ့ အနာဂတ်က မင်းသား ရှောင်းကျန့် လက်ထဲမှာနော် "
"🗯[အင်းပါ ငါကြည့်ပြောလိုက်ပါ့မယ်] "
လေးပင်စွာ သက်ပြင်းချသံကိုသာ ကြားလိုက်ရသည်..။ ကိုယ့်ဘက်က ပြောသင့်တာကို ပြောပြပြီးပြီးမို့ တာဝန်ကျေပြီ ။ ကျန်တာ သူတို့သားအဖချင်း ဖြေရှင်းရမယ့် ပြသာနာများသာ..။ ကားစက်နှိုးပြီး ထို Condo အား နောက်တစ်ခါ ငဲ့ကြည့်မိပြန်တယ်..။ ဘာလို့ အလိုလိုက်ခံရတဲ့ ကလေးတိုင်းက အရမ်းဆိုးနေကြပါလိမ့်!
--
မျက်လုံးတွေမှိတ်ထားသော်လည်း နွေးထွေးသော ပွေ့ဖက်မှုကို ရိပေါ်ခံစားနေရသည်..။ နှဖူးကို ပါးနှင့် တို့ထိလာသော အထိအတွေနဲ့ ခပ်တိုးတိုးစကားသံက နံနက်ခင်းရဲ့နေရောင်ခြည်အလား..
" ကိုယ် ပူ ကျသွားလို့ တော်သေးတယ် "
ကိုယ်ပူကျတယ်ဆိုမှ ရိပေါ်သတိရတယ်..။ မနေ့က စိတ်တွေညစ်တာနဲ့ ဆေးသုံးပြီး ရေချိုးခန်းထဲ သွားထိုင်နေတာ နောက်ပိုင်း ဘာဆက်ဖြစ်မှန်း မသိတော့..။ နိုးလာချိန်တွင်တော့ အနားမှာ ကိုကိုရှိနေတာမို့ ရိပေါ် သိပ်ပျော်နေသည် ..။
ESTÁS LEYENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...