Part (5)

2.5K 297 16
                                    

## UNICODE ##

Baby Bo
__________

အိမ်ကိုပြန်ရောက်တော့ အခန်းရှေ့တွင် Delivery နဲ့ပို့ဆောင်ထားသော ကတ်ထူဘူးပေါင်းများစွာက ပုံထပ်နေသည်..။ ရိပေါ် က တအံတသြကြည့်နေရင်း ဘေးကလူကြီး အထင်လွဲမှာစိုးသည့်အတွက် အသည်းအသန် ရှင်းပြရသေးသည်..။

"ဘယ်သူ့ဟာတွေလဲ..မသိဘူး ။ Bo မှာထားတာမဟုတ်ဘူးနော် လိပ်စာမှားပို့လိုက်ပြန်ပြီထင်တယ် "

ရှောင်းကျန့် က တံခါးကိုဖွင့်ရင်း အိမ်ထဲအရင်ဝင်သည်..။ ပြီးမှ အတွေးများနေသော ကောင်လေးကို လှည့်ကြည့်ကာ..

" ကျောင်းတတ်ရင် အဝတ်အစားတွေ လိုမှာပေါ့..၊ ဒါကြောင့် Online က မှာလိုက်တာ..အဲ့လိုရပ်ကြည့်မနေနဲ့ အထဲသယ်ခဲ့လိုက်.."

"အမ်..Bo အတွက်လား..? "

"အင်း.."

ရိပေါ် ရင်ထဲအပူလှိုင်းတစ်ချို့ ဖြတ်ပြေးသွားကာ လက်ဖျားတွေတောင် အေးလာသည်..။ ကိုကို က ခုလိုတစ်ခါမှ မလုပ်ပေးဖူးဘူးလေ..။

" အင့် "

နွေးအိအိကိုယ်လုံးလေးက သူ့ကျောပြင်နဲ့ တစ်သားတည်း ကပ်နေခဲ့ပြီး လက်ချောင်းသွယ်သွယ်လေးတို့က ရှောင်းကျန့်ခါးပေါ် ရစ်ပတ်လို့လာသည်..။ ပြုံးလိုက်မိလေသလားမပြောတတ်..။

"ဘာဖြစ်ပြန်ပြီလဲ.. ? "

"ကိုကို့ ကို Bo အရမ်းချစ်တာပဲ.. "

"အင်း ငါ သိတယ် "

"ကိုကို ရော Bo ကိုချစ်လားဟင် "

ထိုအသံထဲတွင် မျှော်လင့်ခြင်းတွေ ထုတ်ပိုးထားမှန်း ကိုကိုသိပါစေ..။ သို့ပေမဲ့ ထိုသူကတော့ တဟက်ဟက်ရယ်သွမ်းရင်း ခါးတွင်ချိတ်ထားသော မိမိလက်နှစ်ဖက်ကို ဆွဲဖြုတ်လာကာ..

" မင်း ငါ့ကို ချစ်နေရင်ရပြီ ကျန်တာမမေးနဲ့.."

ဒီအတိုင်းသာဖြစ်သည်..။ ချစ်တယ်ပြောတိုင်း တစ်ခါမှ ချစ်တယ်လို့ ပြန်ပြောမခံရတာ ဝမ်ရိပေါ် ရဲ့ဘဝပင်..။ ရပါတယ် ကိုကို Bo အချစ်တွေကို လက်သင့်ခံပေးရုံနဲ့ ကျေနပ်ပါတယ်..။

**



" Social ပေါ်ပုံတွေမတင်ရဘူးလို့ မှာထားပြီးသားနော် ရှုပ်ရှပ်ယှက်ယှက် အသံတွေမကြားချင်ဘူး မဟုတ်တဲ့သတင်းတွေ ထွက်လာရင်ငါ့အဆိုးမဆိုနဲ့.."

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Where stories live. Discover now