# Unicode #
Baby Bo
------------" အင်း ဒါဆိုမနက်ဖြန် ပြန်ရောက်မှာပေါ့ ဟုတ်လား..?"
"🗯 [ ဟုတ်တယ် ကျွန်းပေါ်က အချို့လူတွေများ ခေါင်းမာချက်ကွာ မြေဝယ်ထားတာတောင် စက်ရုံက ရေဆိုး၊ ရေညှစ်တွေထွက်မှာကို စိုးရိမ်နေသေးတာ] "
"တကယ်ဆို နေရာတိုင်း မင်းပါစရာကို မလိုဘူး ချန်ဖုံးရာ မင်းကလေ သက်သောင့်သက်သာကို မနေတတ်ဘူး..အဲ့ကိစ္စလောက်ကို မင်း Secretary နဲ့ လွှဲထားလို့ရတာပဲ "
" 🗯[ဟုတ်ပါပြီ..ဒါနဲ့ မားး မနေ့က ငါ့ဆီဖုန်းဆက်တယ် မင်း ငါ့တို့ အိမ်မှာထမင်းလာစားတယ်တဲ့ အဲ့လောက်တောင် ငါ့ကိုလွမ်းနေတာလား ငကျန့်ရာ..ဟား"]
ထိုစကားကြောင့် ရှောင်းကျန့်က ပြန်မဖြေသေးပဲ ဘေးခုံ Lover-Seatတွင် ထိုင်နေသော ဝမ်ရိပေါ့်ကို စောင်းကြည့်လိုက်သည်..။ ထိုကောင်ငယ်လေးကတော့ သူ့အကြည့်ကို ချက်ချင်းပင် ရှောင်ဖယ်သွားခဲ့ပြီး ကားပြတင်းပေါက်မှန်ကို ချရန်လုပ်နေတာမို့ ရှောင်းကျန့်မှာ လက်ကို ဖြတ်ရိုက်ရင်း မျက်လုံးပြူးကာ အံကြိတ်ပြလိုက်တယ်..။
ရှောင်းကျန့်အပြုအမူကို နားမလည်သည့် ရိပေါ်ကတော့ ခေါင်းငုံ့ရင်း နှုတ်ခမ်းစူသည်..။သူ ပြတင်းပေါက်ဖွင့်တာက ကိုကိုဖုန်းပြောတာကို အနှောင့်အယှက် ဖြစ်စေလို့လားလို့..!!
တစ်ဖက်က ချန်ဖုံးမှာလည်း..
"🗯 [ဟဲလို ငကျန့် ငကျန့် " ]
" အာဟား..ဆောရီးချန်ဖုံးရာ ငါ ဒီဘက်မှာ အာရုံလွင့်သွားလို့ မင်းသံသယရှိစရာကို မလိုဘူး ငါ မင်းကို အရမ်းလွမ်းနေတာ လွမ်းလွန်းလို့ သေတော့မယ်ထင်တယ် "
ချန်ဖုံး ရဲ့ တစ်ဝါးဝါးအော်ရယ်သံက ဖုန်းခွက်အပြင်ထိတောင် အံကျလို့လာတယ်..။
"🗯 [ ငါက ဒီအတိုင်းမေးတာကို အတည်ကြီး ပြန်ဖြေစရာ လိုလို့လား..? အိုက်ယား ကြက်သီးတောင် ထလာသလိုပဲဟေ့ ဖုန်းချပြီ "]
ပြောင်ချော်ချော် အော်ဟစ်ပြီး ချန်ဖုံးက ဖုန်းချသွားသည်..။ ခေါက်ဖုန်းကို ကားဒက်ဘုတ်ပေါ် ပစ်တင်လိုက်ပြီး ရှောင်းကျန့်က ရိပေါ်အား စိမ်းစိမ်းကြီးစိုက်ကြည့်ကာ..
KAMU SEDANG MEMBACA
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fiksi Penggemar// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...