/// UNICODE ///
Baby Bo
_________ရှောင်းကျန့်မျက်နှာက မှုန်ကုတ်နေခဲ့ပြီး သူ့ရှေ့တွင်ထိုင်နေသော မာတု အား မကျေမချမ်း မျက်ဝန်းတို့နှင့် စိုက်ကြည့်နေသည်..။ ဟွာနောင်းကျွန်းက ပြန်ရောက်ကတည်းက လှိုင်းမူးပြီး အဖျားဒဏ်ပိသွားမို့ တစ်ရက်နဲ့တစ်ညလောက်တောက် ခေါင်းတောင်မထူနိုင်ခဲ့ဘူး..။ သတိရလာ ပြန်တော့လည်း ရိပေါ်က သူ့အား ရှောင်ဖယ်နေကာ အကြောင်းစုံသိချင်ရင် ကျွန်တော့်အဖေ ခင်ဗျားရဲ့ ရီဖုကို သွားမေးလိုက်ပါတဲ့..။
နောက်ပြီး သူတို့နှစ်ယောက် ဆက်ဆံရေးဟာ ပြီးဆုံးသွားပြီမို့ အနေအထိုင် ဆင်ခြင်ပေးဖို့တောင် ပြောပြသွားသေးတယ်..။ Bo က တကယ်ကြီး သူ့ကို မုန်းတီးသွားပြီလား..?
" ရီဖု "
" အင်း "
မာတုက ရေနွေးကြမ်း သောက်နေရင်း ရှောင်းကျန့်အား ထုံးစံအတိုင်း ပြုံးပြလာတယ်..။
" ရိပေါ် က ကျွန်တော့်ကို စိတ်ဆိုးနေတာမို့ ရီဖုက ကြားဝင်မရှုပ်ပါနဲ့ "
" အင်း ပြီးတော့ရော "
" သူက ရီဖု သားအရင်းဖြစ်နေပါစေ ကျွန်တော် က လက်လျော့မှာ မဟုတ်ဘူး "
မာတုက ဘာတစ်ခုမှ စကားဝင်မထောက်ပဲ ရေနွေးကို မျှင်း၍သောက်နေကာ ရှောင်းကျန့် ပြောသမျှ နားထောင်နေတယ်..။
အရင်တုန်းက ဝမ်ရိပေါ့်အပေါ် ပြုမူဆက်ဆံခဲ့တာတွေအတွက် နောင်တတွေရနေပြီ ဖြစ်ကြောင်းနှင့် နောက်နောင်ဆိုရင် ဘယ်တော့မှ အဲ့လိုကိစ္စတွေ ရှိလာတော့မည် မဟုတ်ကြောင်းကို ကြာညောင်းစွာပင် ရှင်းပြနေသည်..။ မာတုက ခေါင်းညိမ့်ကာ ထောက်ခံလိုက်ပြီး..
" လူလေး တို့ကိစ္စကို ရီဖုက ဝင်ပါမှာမဟုတ်ဘူး ဒါပေမဲ့ သားတစ်ယောက်ကိုတော့ ဒီအဖေက ကာကွယ်ပေးဖို့ တာဝန်ရှိနေပြန်တယ် ရီဖု ဘာကိုဆိုလဲဆိုတာ လူလေးသိမှာပါ "
ရှောင်းကျန့်က အင်တင်တင်နဲ့ ခေါင်းညိမ့်ကာ မာတုအား နှုတ်ဆတ်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်..။ စိတ်ပျက်အားလျော့စွာနဲ့ ဧည်ခန်းထဲမှာ ခြေပစ်လက်ပစ်သာ ထိုင်ချမိတော့တယ်..။ သူမွှေးခဲ့တယ့် မီးက ဒီလောက်ထိ အရှိန်ပြင်းစွာ တောက်လောင်ခဲ့မယ်လို့ မထင်ခဲ့မိဘူး..။
CITEȘTI
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...