Part (28)

1.9K 187 30
                                    

// Unicode //

Baby Bo
_________

မဂ်လာပွဲက ညနေ 3 နာရီကနေ ည 9 နာရီထိ ဖြစ်တာမို့ Dinner ပွဲနဲ့ဆက်နေသည်..။ ခမ်းမမှာမဟုတ်ပဲ ခြံဝင်းထဲမှာ လုပ်သော မဂ်လာပွဲကြောင့် လမ်းကြားထဲတွင် ဇိမ်ခံကားတို့နှင့် ပြည့်နေသည်..။ ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို ရိပေါ် ဝေ့ကြည်မိတယ်..။ လူကုံထံ အသိုင်းအဝိုင်းထံသို့ ပထမဆုံး ခြေချသောပွဲ ဖြစ်တာကြောင့် စိတ်ထဲတွင် ဖိအားတို့ ရှိနေပြန်သည်..။

" ဘာ့မှ မကြောက်နဲ့ ပါးပါးအနားမှာပဲနေ "

"ဟုတ်! "

"လူလေးလည်း ပြသာနာမရှာနဲ့နော် "

ရှောင်းကျန့်မှာ ပေစောင်းစောင်းနဲ့ ခေါင်းညိမ့်ပြလိုက်တယ်..။မာတုက တစ်ဖက်ကို အားပေးသလို ပြောလိုက်ရပြီး တစ်ဖက်ကိုလည်း လေပြေလေးနဲ့ တရားချရပြန်တယ်..။ သူက ရှောင်းကျန့်နဲ့ ရိပေါ်ကြားမှာ ထိုင်နေတာမို့လို့လေ..။

မဂ်လာပွဲက အတော်စည်သည်..။ လင်းပါးပါး တည်ထောင်ခဲ့သော Company မို့ ထိုသူ သေဆုံးသွားသော်လည်း သူ့သူငယ်ချင်းများကတော့ လင်းချန်ဖုံး မဂ်လာပွဲကို လာရောက်ဂုဏ်ပြုကြသည်..။

"Wow..မာတု..မာတုမဟုတ်လား..? "

အသက် ၄၀ ကျော်လူကြီး တစ်သိုက်မှာ အရူးအမူးပင် မာတုနားပြေးလာတာမို့ ရိပေါ်နဲ့ရှောင်းကျန့်မှာ အလိုလို ဘေးရောက်သွားတယ်..။

" မတွေ့ရတာ ဘယ်လောက်ကြာပြီလဲကွာ! "

"ကြည့်စမ်းပါဦး ငါတို့ကောင်ကြီးက အရင်တုန်းကလို စော်ကြည်တုန်းပဲ ထင်တယ် ဟားဟား "

မာတု က တဟဲဟဲသာရယ်နေပြီး သူ့ဘေးတစ်ချက်စီက ရှောင်းကျန့်နဲ့ ရိပေါ့်ကို ပွဲထုတ်ကာ မိတ်ဆတ်ပေးသည်..။( ဟွာ အလှကုန်)Company ရဲ့ CEO ကိုတော့ လုပ်ငန်းရှင်တိုင်းလိုလို သိကြသည်..။ သူတို့မသိတာက အဆင်းလှတဲ့ Suit အဖြူနဲ့ ကောင်လေးကိုပဲ..။ ဧကန္တ မာတုက မိန်းမတွေကို ကစားတာ ရိုးသွားလို ခုလိုကလေးတွေ လိုက်အမ်းနေတာလား..? အတွေးတွေက အမှောင်ဘက်ရောက်နေတာမို့ မျက်နှာတွေကလည်း ဖရိုဖရဲ ဖြစ်လာသည်..။

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Donde viven las historias. Descúbrelo ahora