# Unicode #
Baby Bo
__________" ဝမ်ရိပေါ် "
တံခါးကို ဒေါသတကြီးဆွဲဖွင့်ပြီး အခန်းထဲသို့ ဒုန်းစိုင်းဝင်လာခဲ့သော်လည်း ပိတ်ပိတ်မှောင်နေသော အမှောင်ထုကြီးကသာ သူ့အား ဆီးကြိုလို့နေသည်..။ ဒီအခြေအနေကြီးက နည်းနည်းတော့ ခြောက်ခြားစရာ ကောင်းလှသည်..။ အခန်းမီးနဲ့ လိုက်ကာစများကို ဆွဲဖွင့်လိုက်ပေမဲ့ တွေ့ချင်သော သူကိုမတွေ့ရပေ..။ ရေချိုးခန်းထဲ မှာလဲ ထိုပုံရိပ်လေး မရှိသောအခါ ရှောင်းကျန့် စိတ်ထဲလှိုင်းထန်လို့လာသည်..။ တစ်ယောက်တည်း ကျောင်းကိုသွားတာများလား..?
" ဒီသောက်ရူးကောင်ကတော့ ဖုန်းလဲမကိုင်ဘူး တောက်! ငါ့ ခွင့်ပြုချက်မပါပဲ ဘယ်မှမသွားရဘူးလို့ ပြောထားရက်သားနဲ့.. "
" ကို..ကို.."
" ဟင်! "
တိုးသဲ့သဲ့အသံလေးနှင့်အတူ ချပ်ခနဲပွင့်သွားသော နံရံကပ်ဗီရိုကြီး ၊ အဝတ်အထည်များကြားတွင် ဝမ်ရိပေါ်က ဒူးနှစ်ဖက်ကို လက်နှင့် ပိုက်ကာ ကွေးကွေးလေး ထိုင်နေသည်..။ မျက်နှာတစ်ပြင်လုံး ရဲတွတ်နေကာ မျက်ဝန်းထဲတွင်လည်း ရီဝေဝေ အခိုးအငွေ့များက ယှက်သန်းလို့..။
" မင်း..အဲ့ထဲဝင်ပြီး ဘာလုပ်နေတာလဲ? "
ရိပေါ် က ဝေဝါးစွာနှင့် လှပ်ခနဲ ပြုံးပြလာကာ မျက်ဝန်းအစုံကလည်း ဆုံချက်ပျောက်နေပြီး..
"အခန်းထဲမှာ တစ်ယောက်ယောက်က Bo ကို စိုက်ကြည့်နေသလိုပဲ Bo ကြောက်တယ် ကိုကို ဟီးးဟီးး ဒါပေမဲ့ တော်သေးတယ် Bo ဆီ ကိုကို ရောက်လာလို့ "
ကောင်ငယ်လေးက ပြောနေရင်းနှင့်ပင် နှာခေါင်းကို လက်နှင့်ဖွဖွပွတ်နေပြီး မီးသေနေတဲ့ စီးကရက်ကို နှုတ်ခမ်းနားတေ့ကာ..
" ဆေးလိပ်သောက်နေရရင် Bo မကြောက်တော့ဘူးလေ "
ဇဝေဇဝါ မျက်လုံးအကြည့်များနှင့် တုန်ရီနေသော လက်ချောင်းများက ဆေးကြောင်ခြင်းရဲ့ အစလား..? ရှောင်းကျန့်မှာ မိမိရှေ့မှမြင်ကွင်းကို ငေးကြောင်ကာ စိုက်ကြည့်နေပြီးမှ ဝမ်ရိပေါ်အား ဗီရိုထဲမှ ပွေ့ထုတ်လိုက်တယ်..။ ဒီမြင်ကွင်းမျိုးကို ပထမဆုံး မြင်ဖူးတာမို့..
VOCÊ ESTÁ LENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...