##UNICODE##
Baby Bo
_________"*Sob "
သဘောင်္ လက်ရန်းကိုမှီနေရင်း ရိပေါ် မှာ တိုးသဲ့စွာရှိုက်ငိုနေသည်..။ အစာရှာထွက်လာသော ပင်လယ်စင်ယော်များကို ကြည့်ရင်း အလွမ်းပိုသင့်လာသလို သဘောင်္ ပေါ်ကအတွဲများကြောင့်လည်း သူ့ရင်ဘတ်ထဲမှ ဒဏ်ရာက ပိုနင့်လာသည်..။ ထို့အတူ ချစ်ရသူကိုပါ တစ်ပြိုင်တည်း သတိရမိသွားတယ်..။
" ကိုကို အဆင်ပြေရဲ့လား..မသိဘူး "
အဆင်ပြေမှာပါလေ..။ စိတ်အနှောင့်အယှက်ပေးတဲ့ ဝမ်ရိပေါ်မရှိတော့လို့ ကိုကိုက ပျော်နေမှာပါ..။ ပင်လယ်လေကြောင့် ဖွာလန်နေသော ဆံပင်များကို သပ်တင်ရင်းနှင့်ပင် ပါးပေါ်က မျက်ရည်စီးကြောင်းကိုပါ သုတ်ပစ်ရသေးသည်..။ ဟွာနောင်းကျွန်း ကို ခပ်ရေးရေး မြင်နေရပြီမဟုတ်လား..? ငိုလို့မဖြစ်တော့..မိမိကိုပညာသင်ဖို့ ရှန်ဟိုင်းမြို့ပေါ်ကို စေလွှတ်လိုက်တဲ့ မိခင်က ခုကိစ္စများကိုသာသိလျှင် ဘယ်လောက်တောင်များ ရင်ကွဲနာကျလိမ့်မလဲ..?
" စိတ်ချပါ Bo က ကိုကို့ဆန္ဒအတိုင်း မဖြစ် ဖြစ်အောင် နေပေးသွားမှာ "
ရိပေါ့်အသံက စိတ်ပိုင်းဖြတ်လိုက်သည့်အလား မာကြောကာ အားမာန်တစ်ချို့တောင် ကပ်ပါနေသည်..။ မီးပုံမှန်းသိရက်နဲ့ အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ မိမိဟာ ပိုးဖလံဖြစ်ခဲ့ဖူးသည်..။ မသေပေမယ့် Bo အတောင်ပံတွေကတော့ မီးကျွမ်းခဲ့ပါတယ်..ကိုကို။
မူးယစ်ဆေးဝါးဆိုတာ လူငယ်တွေအတွက် စူးစမ်းသင့်စရာ မဟုတ်မှန်း Bo သိပြီးသားပါ.. ။ ချစ်ရသူက ကိုယ့်ကိုပျက်စီးစေချင်မှတော့ Bo က ဘာတွေငြင်းပယ်ရဦးမလဲ..? အဲ့လို သိရက်နဲ့ ဝမ်ရိပေါ်က ရူးမိုက်ခဲ့တာပါ..။
အချစ်တွေ ပြန်ရမလားဆိုတဲ့ အတွေးနဲ့ လွတ်လပ်မှုကို နှစ်သက်တဲ့ ဒီကောင်က တိုက်ပိတ်အကျဥ်းချခံပြီး ကိုကို့သဘောအတိုင်း နေခဲ့တယ်..။ ဝါသနာတွေကို စွန့်လွှတ်ပြီး အနာဂတ်ဆိုတာလည်း ရှောင်းကျန့်ပဲ ဖြစ်ခဲ့တယ်..။
ဘယ်အချိန် လာမယ်မှန်းမသိတဲ့ ကိုကို့ကို ညစဥ်ရက်ဆက် အခန်းထဲမှာ Bo စောင့်နေခဲ့ဖူးပါတယ်..။
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...