[[ Unicode ]]
Baby Bo
________"ရီဖု သားကို မတားတော့ဘူးလား..? ချန်ဖုံးက လက်ထပ်ပြီးသားနော် နောက်ပြီး လင်းမားမားကလည်း ဒီအတိုင်းငြိမ်နေမယ် မထင်နဲ့ "
မာတုက ရှောင်းကျန့်လာပေးသော ဓာတ်ပုံတစ်ထပ်ကိုကြည့်ပြီး စဥ်းစားခန်း ဝင်နေသည်..။ သူ့လို လူအတွက်တော့ ရိပေါ့် ဘာအကွက်တွေ ရွေ့နေမှန်း ရေးရေးတော့ ခန့်မှန်းမိတယ်..။ လင်းချန်ဖုံး နဲ့ နီးစပ်အောင်လုပ်ပြီး ရှောင်းကျန့်ကို အသဲခွဲမည်..။ ကလေးအကွက်တွေ တကယ့်ကိုကလေးအကွက်တွေပါလား? ဓာတ်ပုံတွေကို စားပွဲပေါ် ပြန်ပစ်တင်လိုက်ပြီး..
" သူပျော်သလို နေပါစေ "
"ရီဖု ! ဒါက မဟုတ်သေးဘူးနော် "
"ဘာကိုမဟုတ်တာလဲ..? "
" အဖေဖြစ်ပြီးတော့ ကိုယ့် သားဘဝကို ပျက်စီးအောင် လုပ်နေတာ "
"ဟားး..ဟားး.."
ဟာသ ကြားလိုက်ရသည်နှယ် မာတုက ဝါးလုံးကွဲအော်ရယ်ပြီး သူ့ကို ပြူးကြည့်နေသော ရှောင်းကျန့်ကို ပြန်ကြည့်ကာ..
" ရိပေါ့်ဘဝက သူချစ်တဲ့ မင်းကြောင့် ပျက်စီးသွားခဲ့တာကြာပြီ မဟုတ်ဘူးလား လူလေး "
ထိုစကားစုကြောင့် ရှောင်းကျန့်မှာ လိပ်ပြာမလုံပဲ မျက်ဝန်းတွေ ဟိုကြည့်ဒီကြည့် ဖြစ်သွားသည်..။ မာတု က မသိကျိုးကျွံ ပြုလိုက်ပြီး
" ဒီတစ်ခါတော့ သူ့လမ်း သူလျှောက်ပါစေ "
"ရီဖု !! "
"သွားတော့ လူလေး ရီဖု နားချင်ပြီ "
ဓာတ်ပုံတစ်ထပ်ကြီးကို ကြည့်ပြီး ရှောင်းကျန့်မှာ သက်ပြင်းချရန်သာ တတ်နိုင်တော့သည်..။ သူတားရင် အရွဲ့တိုက်ပြီး ပိုဆိုးမှာစိုးလို့ ရီဖုကို တားခိုင်းလိုက်မိပါတယ် စစ်ကူမရတဲ့အပြင် ကိုယ်တောင် အနာဟောင်းကို အဆွခံလိုက်ရသေးတယ်..။
ဘယ်လိုများလုပ်ရမလဲ Bo ရယ် ။ ကိုယ့်ဆီကို တိုက်ရိုက်လာပြီး အမုန်းတွေ ဖော်ကျူးလှည့်ပါ ။ ခုလို မဟုတ်တာတွေ မလုပ်ပါနဲ့လားကွာ..။
" ဝူး..ဘွန်းး.."
လီဗာသံက ပြင်းသည်..။ မာတု နဲ့ ရှောင်းကျန့်မှာ မတိုင်ပင်ပဲ ပေါ်တီအောက်သို့ လှမ်းကြည့်မိသည်..။ နောက်ဆုံးပေါ်ဆိုင်ကယ် နှစ်စီးက ဘေးချင်ယှဥ်ရပ်သွားကာ..ရိပေါ်က အစိမ်းရောင် ဆိုင်ကယ်ပေါ်ကနေ လွှားခနဲ ဆင်းလိုက်ပြီး ဘေးဆိုင်ကယ်ပေါ်က လူအား ဆော်ဩလိုက်တယ်..။
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...