## UNICODE ##
Baby Bo
__________" Uncleကု က ကျွန်တော်နဲ့အတူ ဟွာနောင်းကျွန်းကို လိုက်မလို့လား..? "
ကုယန်း က စကားကို အထွေအထူးမပြောပဲ ရှောင်းကျန့်လက်ထဲ ဆေးတစ်လုံး ထည့်ပေးလိုက်သလို မိမိပစ္စည်း ပစ္စယများများကို ကားနောက်ခန်းထဲ ထည့်လိုက်ပြီး..
"ဟုတ်တယ် လှိုင်းမူး သက်သာအောင် သောက်ထားလိုက် "
" အမ်! "
" အားနာစရာမလိုဘူး Uncle သားကလည်း ဟွာနောင်းကျွန်းကို ရောက်နေတာမို့လို့ သူ့ကိုပြန်သွားဖို့ခေါ်မှာ "
"ဪ အဲ့ကျွန်းက အလည်အပတ်သွားရအောင်အထိ ဖွံ့ဖြိုးသေးလို့လား..? "
" ဖန်းအာ အမေက ဟွာနောင်းကျွန်းသူလေ အဲ့ကလေးက စိတ်မကြည်ဘူးဆိုရင် ခုလိုထွက်သွားနေကျ "
"အာ ဒီလိုကို "
"အင်း "
ထို့ထက်ပို၍ မမေးဖြစ်တော့..။ ရီဖုပြောလို့ Uncleကုတွင် ပထမအိမ်ထောင်နဲ့ ရသော သားတစ်ယောက် ရှိတယ်လို့တော့ ကြားဖူးသည်..။ ကြည့်ရတာ ခပ်ဆိုးဆိုး Bad Boy လေးဖြစ်ပုံပဲ Uncleကု လိုက်မယ်ဆိုတော့လည်း တစ်မျိုးကောင်းတာပဲ..။ လမ်းခရီးမှာ Family Doctorပါတော့ မိမိအတွက် ပိုပြီးလုံခြုံတာပေါ့..။
__
" ကျစ်! ခေါင်းကိုက်လိုက်တာ "
မျက်လုံးမဖွင့်နိုင်ပဲ ညည်းညူသံက အရင်စသည်..။ ကုတင်ဘေးက စားပွဲခုံကို မမြင်မကမ်း လှမ်းစမ်းရင်း ဖုန်းကိုလိုက်ရှာမိတယ်..။ သို့ပေမဲ့ တစ်ခုခုကိုစမ်းမိသွားတာမို့ ရိပေါ့်မျက်လုံးအစုံက Auto ပင်ပြူးသွားကာ လူကလည်း ငေါက်ခနဲ ထထိုင်ခြင်းဆီသို့..
" စီနီယာ.. "
" အင်း မင်းနိုးလာပြီပဲ "
" ဘာလို့ ကျွန်တော့်အခန်းထဲ ရောက်နေတာလဲ? "
" ငါ ရှန်ဟိုင်း ကို ဒီနေ့ နေ့လည်သဘော်နဲ့ ပြန်တော့မလို့ ကျောင်းသားဥက္ကဠဆိုတော့ စာမေးပွဲ မဖြေလို့ကလည်း မဖြစ်ပြန်ဘူး မင်းမှာ ဘာကိစ္စတွေရှိနေလည်း မသိပေမယ့် ငါတို့ Exam ပြီးရင် မင်းတို့ First year အလှည့်ဆိုတာ သတိရဦး "
VOUS LISEZ
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...