Part (2)

3.3K 344 20
                                    

## UNICODE ##

Baby...Bo
___________

" ကျောင်းဖွင့်တော့မှာဆိုတော့ ပြန်လာဖြစ်မယ်မထင်ဘူး မား ဟုတ်ကဲ့..Bo အဆင်ပြေပါတယ်.."

🗨"_________"

"မားးလည်း ကျန်းမာရေးကို ဂရုစိုက်ပါ ဒါဆိုဖုန်းချလိုက်ပြီနော်.."

Phone ကို မှန်တင်ခုံပေါ် ပစ်တင်ပြီး အမှောင်ကျနေသော အခန်းကို အလင်းရောင် ရစေရန် လိုက်ကာတွေ ဆွဲဖွင့်လိုက်တယ်..။ စူးရှရှ နေရောင်ခြည်ကြောင့် မျက်နှာရှေ့ လက်ဝါးကာရင်း စုတ်သပ်မိသည်..။

ရှန်ဟိုင်း မြို့လယ်မှာ ရှိတဲ့ Condoမို့ နေရာဒေသက အချက်အချာကျလွန်းသည်..။ ရွှေအိုရောင်ဆံပင်ရှည်တို့က ဂုတ်ထောက်နေသည့်အပြင် မဖြီးပဲပစ်ထားသည်မို့ သူ့ပုံစံက ​ညှင်းသိုးသိုး ဖြစ်နေသည်..။

"ခုမှနိုးတာလား..? "

အက်ရှရှအသံက နောက်မှ ထွက်လာမို့ အံသြစွာနှင့် ထိုလူသားအားကြည့်မိရင်း..

"ကိုကို.."

"မျက်နှာက ဖရိုဖရဲနဲ့ ဘာဖြစ်​ေနတာလဲ..? ခုချက်ချင်း ရေသွားချိုးစမ်း စုတ်ပဲ့နေလိုက်တာလွန်ရော "

ထိုသို့စကားလုံး ကြမ်းကြမ်းများက သူ့ကိုမနာကျင်စေနိုင်..။ ကိုကိုက တစ်ခါတစ်လေ နူးညံ့သလို တစ်ခါတစ်လေ ကြမ်းတမ်းသည်..။ဒါပေမဲ့ ဒီနေ့ ကိုကိုရောက်လာတဲ့အတွက် အရမ်းပျော်နေတာကြောင့် ဆံပင်ဘုတ်သိုက်ကိုသာ အကြောင်းမဲ့ ထိုးဖွလိုက်ပြီး..

" အာ..ဒါဆို Bo ရေသွားချိုးလိုက်ဦးမယ် "

" အမြန်သွား အချိန် 5 မိနစ်ပဲရမယ်.."

"ဟုတ်.."

ရေချိုးခန်းထဲ ကသုတ်ကရိုက် ဝင်သွားတဲ့ ကောင်ငယ်လေးကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်ပြီး ကုတင်စွန်းတွင် ဝင်ထိုင်သည်..။ နာရီကိုကြည့်လိုက်မှ ၁၁နာရီထိုးနေပြီမို့..ဖုန်း Contact တစ်ခုကို အလောတကြီး နှိပ်လိုက်ပြီး..Hello ဆိုတဲ့ပြန်ထူးသံလေးကို စောင့်သည်..။

တစ်ကြိမ်နဲ့ မကိုင်တာမို့ နောက်တစ်ကြိမ်ထပ်ခေါ်ခါမှ..ကြားချင်သော အသံကို ကြားရတော့တယ်..။

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Donde viven las historias. Descúbrelo ahora