Part (33)

1.4K 143 38
                                    

## Unicode ##

Baby Bo
__________

" အာ...ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ဘူးလေ ချန်ဖုံးကောရဲ့ "

"______"]🗯

" တကယ်ပါဆို ခုရက်ပိုင်း မအားသေးလို့ "

"_______"]🗯

" ဘယ်ကသာ ကျွန်တော်က အားနာရမှာပါ အင်းး အင်းး တစ်နေ့ပေါ့ သိပါပြီဗျာ သိပါပြီ "

ဝရန်တာမှာ ပြုံးရွှင်စွာနှင့် စကားပြောနေသော ကောင်ငယ်လေးကို နံရံကိုကွယ်ပြီး ကျားချောင်းသလို ချောင်းနေတဲ့ ရှောင်းကျန့်..။ ရယ်သံစွက်သော စကားသံကို နားထောင်ရတာနဲ့တင် သူ့ရင်ဘတ်ကနာသည်..။

လင်းချန်ဖုံး..
မင်း ဘာတွေလုပ်နေတာလဲ?
Bo က ရော ဘာဖြစ်ချင်နေတာလဲ?

ကုရှီဖန်းကို လိုချင်တာလား?
လင်းချန်ဖုံး ကို လိုချင်တာလား?

" ပျော်နေတယ်ပေါ့ "

ရိပေါ်ခန္ဓာကိုယ်က ဆတ်ခနဲတုန်တတ် သွားသော်လည်း ကိုကိုဖြစ်နေတာမို့ ခုနကလို ခြံထဲကိုသာ ငေးမောလို့ နေလိုက်သည်..။ ထိုလူသားဆီက မရဖူးတဲ့ သဝန်တိုမှု၊ ဂရုစိုက်မှုများကို ရိပေါ်လိုချင်ပါသည်..။ သို့ပေမယ့် ချစ်ရသူကတော့ ခပ်သဲ့သဲ့ လှောင်ရယ်လာပြီး..

" လင်းချန်ဖုံး နဲ့ သွားမပတ်သက်နဲ့လို့ ကိုယ်မင်းကို ပြောထားတာ မေ့နေပြီလား? "

" ______"

" သူက ခုချိန်မှာ အိမ်ထောင်နဲ့ဖြစ်နေပြီ လင်းမားမားကလည်း သားအတွက်ဆို အဆိပ်ပြင်းတဲ့ မိန်းမမို့ ရုပ်သေးရုပ်လို လင်းချန်ဖုံးကို ကြိုက်မယ့်အစား ကုရှီဖန်းကို လက်ထပ်တာမှ တော်ဦးမယ် "

ရိပေါ်က ရှောင်းကျန့်အား မှင်သေသေနဲ့ ပြန်ကြည့်ကာ..

" ကျွန်တော့်ဘာသာ ဘယ်သူနဲ့ကြိုက်ကြိုက် ဘယ်သူနဲ့အိပ်အိပ် ခင်ဗျားအပူပါလို့လား "

"Bo..မင်း"

"အင်း ဆက်ပြော "

ဆက်ပြောဆိုပြီး သူ့ဆီတစ်လှမ်းချင်း တိုးကပ်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရင်ဘတ်ကြီးက နိမ့်တုံမြင်တုံ ဖြစ်လာတယ်..။ Bo က ဘာဖြစ်ချင်နေတာလဲ ဒီအတိုင်းဆို သူထိန်းနိုင်မှာ မဟုတ်တော့ဘူး..။

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Where stories live. Discover now