## UNICODE ##
Baby Bo
__________" ဟင်း..! ဒီကလေးနဲ့တော့ ခက်တယ် "
ရှန်ဟိုင်း က လုပ်ငန်းလည်ပတ်ပုံ Graph ကို ကြည့်ပြီး မာတုမှာ သက်ပြင်းချရုံပဲ တတ်နိုင်တော့သည်..။ Share စျေးတွေက ထိုးကျနေကာ အတွင်းလူ သတင်းပေးချက်အရဆို လူလေးက စိတ်လွတ်လက်လွတ် အသဲကွဲနေပုံရသည်..။
" ဖုန်းဆတ်ဦးမှပါ "
ဖုန်း Connection က ဆွဲအားကောင်းသော်လည်း တစ်ဖက်တွင် ပြန်ဖြေမယ့်သူ မရှိတာကြောင့် Operator က ငြင်းဆိုလာတယ်..။ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါတဲ့လေ..။
တစ်ကြိမ်
နှစ်ကြိမ်
သုံးကြိမ်မြောက်တွင်တော့.." **Sob "
ငိုရှိုက်သံကို တနင့်တပိုးက ဖုန်းခွက်ထဲကနေ မာတုနားထဲသို့ စီးဝင်လာတယ်..။ ပြီးနောက် ရှိုက်သံစွက်နေသော ခေါ်သံလေး
" ရီဖု __"( မွေးစားအဖေ)
"လူလေး စိတ်အေးအေးထားစမ်း "
သတိပေးသံကို ရှောင်းကျန့်မကြား..။ စိတ်နဲ့ လူနဲ့မကပ်ပဲ ကလေးတစ်ယောက်လို ငိုရှိုက်ရင်းနဲ့ သူ့အား တိုင်ပြောထူလာသည်..။
" ရီဖု ရေ *Sob ကျွန်တော်သေတော့မယ်ထင်တယ် ရင်ဘတ်ထဲက အရမ်းနာတာပဲ *Sob ရီဖု သားက သေတော့မယ်ထင်တယ် ချွင်း..ဂလွမ်း ခွမ်း "
ဆူညံသံတို့ကြောင့် ဖုန်းပြောရင်းနှင့်ပင် မာတုမှာ ဂနာမငြိမ်နိုင်..။ ထိုင်နေရာမှာ ထရပ်ရင်း ဟိုလျောက် ဒီလျောက်ဖြစ်နေချိန်မှာ
"အားး..!"
"လူလေး! "
အော်သံသဲ့သဲ့နဲ့အတူ ဖုန်း Connection က ပြတ်တောက်သွားခဲ့တယ်..။ ဖုန်းပြန်ခေါ်သော်လည်း စောက်ကလေးက ဖုန်းကိုင်ဖို့ မအားတော့ပုံပင်..။ တစ်ခုခုနဲ့ ခိုက်မိသွားတဲ့ပုံပဲ..။ နောက်ဆုံးတော့ ကုယန်း ဆီ ဖုန်းဆက်လိုက်ရတယ် လူလေးဆီ ခဏသွားကြည့်ပေးဖို့ အကူအညီ တောင်းရမည်လေ..။ ဖုန်းဝင်သွားသော်လည်း ပြန်ထူလာသူမှာ ကုယန်းမဟုတ်ခဲ့..။
" Hello "
တစ်ဖက်က မိန်းမအသံဘောက်ဆတ်ဆတ်ကြောင့် မာတု မျက်ခုံးတန်းတန်းတို့မှာ တွန့်ကွေးကုန်ပြီး မရေမရာ ရေရွတ်လိုက်တယ်.. ။
VOCÊ ESTÁ LENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...