Part (15)

2.1K 290 71
                                    

#UNICODE#

Baby Bo
_________

"ကိုကို ဘာပြောနေတာလဲဟင် Bo--- Boလေ ဘာ တစ်ခုမှနားမလည်ဘူး "

" ဘာကိုနားမလည်တာလဲ ငါတို့လမ်းခွဲကြမယ်လို့ ပြောနေတာလေ "

ရိပေါ်အသံက ကတုန်ကယင်ဖြစ်နေသော်လည်း ရှောင်းကျန့်အသံက ပေါ့ပေါ့ပါးပါးပင် ဖြစ်နေကာ အခန်းထဲဝင်ဝင်ချင်း ထိုကောင်ငယ်လေးအား လမ်းခွဲစကား ပြောလိုက်ခြင်းဖြစ်သည်..။ ရိပေါ် မှာ ကိုကိုရောက်လာလို့ ပျော်မလို့ရှိသေးတယ်..။ ကိုကို့ဆီက ရုတ်တရတ် ထွက်လာတဲ့စကားစုက *ကိုယ်တို့ဆတ်ဆံရေးကို ရပ်နားရအောင်*တဲ့..။

နားကြားမှားတယ်အထင်နဲ့ ထပ်မေးမိတော့ ပိုပြီးသေချာအောင် ပြောလာတာက *ငါတို့လမ်းခွဲကြမယ်*တဲ့..။

အသင့်စား Ready made ခေါက်ဆွဲဗူးလေးက ရိပေါ့်လက်ထဲကနေ ကြွေခင်းပေါ်သို့ ခုန်ပေါက်ဆင်းသွားတယ်..။ မီးဖိုချောင်ထဲက ရေနွေးအိုးက တစ်ဗွမ်းဗွမ်းမြည်သံပေး၍ ဆူပွက်နေချေပြီ..။ ဝမ်ရိပေါ်ကတော့ ညစာကို ခေါက်ဆဲွဲပြုတ် မစားလိုက်ရပဲ ရင်ပြည့်နေပုံပင်..။

သူ့ကို မျက်လုံးရွဲကြီးများနှင့် ကြည့်နေသော ဝမ်ရိပေါ်က စိတ်နဲ့ကိုယ်နဲ့ မကပ်တာမို့ ခပ်တိုးတိုးဆဲဆိုလိုက်ရင်း မီးဖိုချောင်ထဲ ပြေးဝင်ရသည်..။

"Shit ချီးလိုပဲ "

ရေနွေးအိုးပလပ်ကို ဆွဲဖြုတ်လိုက်ကာ အပေါ်က ထပ်ဝတ်ထားတဲ့ Log Coatကြီးကို ဆွဲချွတ်ပြီး နံရံဆီ ပစ်ပေါက်လိုက်တယ်..။ ဒီအခန်းထဲရောက်ကတည်းက စိတ်မကြည်တာ ခု ဝမ်ရိပေါ်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ပို၍စိတ်ရှုပ်လာရတယ်..။

" ဝမ်ရိပေါ် "

"ဟင်! "

ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားပြီး အသိဝင်လာသော ဝမ်ရိပေါ် က သူ့ဆီဘောလုံးလေးကို ပြေးဝင်လာကာ ခါးကိုတင်းကျပ်စွာ ဖက်တွယ်လို့လာသည်..။ ပြီးနောက် ရှိုက်သံနင့်နင့် နဲ့အတူ ငိုသံပါတစ်ဆက်တည်း..

"Bo ကိုမထားခဲ့ပါနဲ့ Bo လေ ကိုကို မကြိုက်တာ ဘာများလုပ်မိလို့လဲဟင်! ကိုကိုပြောပြလေ နောက်တစ်ခါ မဖြစ်စေရဘူးလို့ Bo အာမခံတယ်နော် *Sob "

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Where stories live. Discover now