## UNICODE ##
Baby Bo
__________"ကျစ်! ခေါင်းကိုက်လိုက်တာ "
နားထင်နှစ်ဖက်ကို ဖိပြီး ရှီဖန်းက မွေ့ယာထက်တွင် လူးလိမ့်နေသည်..။ ကုတင်အောက်မှာတော့ မနေ့က သူစားသောက်ထားသော အစားအသောက် အကြွင်းအကျန်များနှင့် ဘီယာဘူးများစွာက နံနက်ခင်းကို ရီဝေခြင်းများနှင့် ကြိုဆိုလိုက်သလို..။
မနေ့က ဝမ်ရိပေါ်ကို စနောက်ပြီး အိမ်ကိုမပြန်ချင်တော့တာမို့ Condo ၌သာ ညအိပ်ဖြစ်သွားတယ်..။ Phone screen ကို ဖွင့်ကြည့်တော့ မနက် ၁၀ နာရီစွန်းစွန်းဟု ဖော်ပြနေတာကြောင့် မှေးနေတဲ့မျက်လုံးများက Auto ပင်ပြူးသည်..။
"Shit! "
ကျောင်းပိတ်ရက် ဖြစ်သော်လည်း ဒီနေ့သွားစရာရှိတာမို့ အိပ်ရာထက်မှ ကုန်းရုန်းထလိုက်ပြီး..
"သေစမ်းကွာ! နောက်ကျတော့မှာပဲ "
ရေချိုးခန်းထဲ မဝင်ခင် အလောတကြီး ဖုန်းဆတ်ရသေးသည်..။ တစ်ဖက်က ချက်ချင်းပင် ဖုန်းပြန်ဖြေလာကာ..
"🗨[သခင်လေး ဘာအလိုရှိလို့လဲ..? ]"
တိုနေတဲ့စိတ်က သခင်လေးဆိုတဲ့ နာမ်စားကြောင့် ပို၍အခြေအနေ ဆိုးသွားကာ ကျယ်လောင်စွာပင် ဆဲဆိုတော့သည်..။
" ယီးကို သခင်လေးနေလိုက် ငါ့ကိုအဲ့လိုမခေါ်ဖို့ ပြောထားတယ်လေ မင်းမှာနားပေါက်မပါဘူးလား..? "
တစ်ဖက်က စိတ်ဆိုးဟန်မပြပဲ တည်တည်ကြည်ကြည်ပင် ပြန်ပြောလာတယ်..။
"🗨[မင်း ဘာအလိုရှိလို့လဲ] "
ထိုအခါမှ ရှီဖန်းဒေါသတို့ ပြေပျောက်သွားကာ စကား ကို ဆက်သည်..။
" ဒီနေ့ ကျွန်တော် မားးဆီသွားမှာ အဲ့ဒါ ၁၁ နာရီ သဘောင်္ ကိုမမှီမှာစိုးလို့ လက်မှတ်ဝယ်ပေးဦး ဪ ဒါနဲ့ ဒီကိစ္စကို ဘိုးတော်ကြီးမသိစေနဲ့ ကြားလား "
"🗨[ေကာင်းပြီ သဘောင်္ ဆိပ်ကိုသွားမှာဆိုတော့ လာကြိုပေးဖို့လိုသေးလား ?] "
"လိုတယ် နောက်ပြီး မားကြိုက်တဲ့ အသီးနဲ့ပန်းတွေပါဝယ်ခဲ့ဦး သဘောင်္ လက်မှတ်မရရင် ခင်ဗျားနဲ့ ကျွန်တော်တွေ့မှာနော် "
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...