##UNICODE##
Baby Bo
__________" ထိုင် "
ရိပေါ် က ထိုလူလက်ပြသော ဆိုဖာတွင် ဝင်ထိုင်လိုက်တယ်..။ အခန်းထဲမှာ နှစ်ယောက်တည်းသာ ရှိနေတာမို့ စိတ်လှုပ်ရှားမှုကို ချုပ်ထိန်းရန် ခေါင်းကိုတွင်တွင် ငုံ့ထားပြီး လက်ဖဝါးပြင်ကို ပွတ်ချေနေမိသည်..။ Air-com ခန်းထဲမှာ ချွေးစို့နေတာတော့ အမှန်ပဲ..။
" ရိပေါ် "
"ဗျာ! "
မဝံ့မရဲ မော့ကြည့်မိတော့ မားးကိုယ်တိုင် အတည်ပြုထားတဲ့ မာတုဆိုသော မိမိ၏ အဖေရင်းဆိုသူကို တွေ့လိုက်ရတယ်..။ ဖိအားပါသော အကြည့်စူးစူးများနှင့် လူကို အစုန်အဆန် ကြည့်လာခဲ့ပြီး
" DNA စစ်ကြည့်လို့သာ ယုံရတယ် ငါ့မှာသားတစ်ယောက်ရှိမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး "
မာတု မှာ ကုယန်း ပြောပြတဲ့ သတင်းကြောင့် ရှန်ဟိုင်းကို အလောတကြီး ပြန်လာရသည်လေ..။ အသက် ၅၀ ကျော်မှ မိမိမှာ သားတစ်ယောက် ရှိနေတဲ့အဖြစ်က သူ့လို လူကိုတော့ Shock အကြီးကြီးရစေသည်..။
"_______"
" အဟက်! တကယ့်ကို Surprise အကြီးစားပဲကွာ "
ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်လဲ မသိမပေယ့် ထိုစကားများက ရိပေါ့်နားထဲ ဂလုန်ဆန်၍ ဝင်သွားခဲ့သည်..။ ဘယ်သူကရော သူ့ကို အဖေ တော်ချင်နေလို့လဲ..? မား အတင်းလွှတ်လိုက်လို့သာ ရှန်ဟိုင်းကို ပြန်လိုက်ခဲ့ရတာ..။
" လူလေး နဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြန်အဆင်ပြေသွားပြီလား..? "
"လူလေး___!"
သံယောင်လိုက်ကာ ရေရွတ်ပြီးမှ လူလေးဆိုတာ ကိုကို့ ကိုပြောမှန်း နားလည်သွားသည်..။သူတို့နှစ်ယောက် ကိစ္စတွေကို လူကြီးတွေတောင် သိနေကြပြီတဲ့..။ လူက ထူထူပူပူဖြစ်သွားသော်လည်း ခပ်တည်တည်နဲ့ပင် ခေါင်းခါလိုက်တယ်..။ ချစ်နေသေးပေမယ့် ထို ဇာတ်လမ်းကို ပြတ်ဆက်ဖို့အတွက် ရိပေါ့်မှာ ယုံကြည်ချက် ရှိမနေတော့..။ ထို့ကြောင့်
" ကျွန်တော်တို့ ဆက်ဆံရေးက ပြတ်စဲသွားတာ ကြာပါပြီ "
" သေချာလို့လား..? "
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...