Part (21)

2.4K 291 76
                                    

## UNICODE ##

Baby Bo
__________

အချိန်အားဖြင် လူသူအိပ်ချိန်ဖြစ်သော်လည်း ရိပေါ်မှာ မအိပ်ရသေးတဲ့အပြင် နဖူးတွင်လည်း ချွေးစေးများက တွဲလဲခို​ေနသည်..။ သူ့ဘေးနားတွင်တော့ မိန့်မိန့်ကြီး ထိုင်နေသော ရှီဖန်းကလဲ မျက်နှာငယ်လေးနှင့်..။ သို့ပေမဲ့ သေချာကြည့်ရင်တော့ ထိုသူ့ နှုတ်ခမ်းပါးတို့က လွန့်လူးကာ ပြုံးရိပ်ဆင်နေသည်..။

ထိုအခြေအနေကြီးကို အားမာန်အပြည့်နဲ့ အသံတစ်ခု က ဖြိုခွင်းလိုက်တယ်..။

" Bo Bo မားမေးတဲ့မေးခွန်းက အဲ့လောက်ထိ ဖြေရခက်နေလား..? "

ရိပေါ် က ခေါင်းခါသည်..။ ရှီဖန်းက တော့ ဆန့်ကျင်ဖြစ်နေကာ အူမြူးစွာနှင့်..

" ကျွန်တော်ဖြေပါ့မယ် အန်တီ "

"စီနီယာ! "

ရိပေါ့်အသံက ခပ်ဆောင့်ဆောင့် ထွက်လာသော်လည်း အရင်လို ရန်မထောင်နိုင်ပဲ မျက်နှာလေးက ရဲတွတ်လို့နေတယ်..။ မိမိနဲ့စီနီယာတို့ အခန်းထဲမှာ ဖက်နေကြသည်ကို မား က မြင်သွားပြီး အထင်လွဲသွားလေပြီ..။ Gay ဆိုတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင် မားးကို မပြောပြရသေးတာ ခုလိုမထော်မနန်း အခြေအနေကြီးကို ရှင်းပြရမှာ မျက်နှာတော့ပူသည်..။

" တိတ်စမ်း Bo Bo မား ေမးတုန်းကတော့ မဖြေဘူး ခုကျမှ ဘာတွေကာဆီး ကာဆီးလုပ်နေတာလဲ..? "

ဝမ်မားမား အသံက ဒေါသံတို့နှင့် နင့်နေကာ လူကလဲ ရှူးရှူးဒိုင်းဒိုင်းဖြစ်လို့..။ မဖြစ်နိုင်ရိုးလား..? ညစာစားပြီး အသီးစားဖို့ သွားခေါ်မိပါတယ် နှစ်ယောက်သားပူးကပ်နေတာ ကြားလေသွေးလို့တောင် မရဘူးလေ..။ Bo Bo က ဘယ်လိုဖြစ်ပြီး ကုယန်း သားနဲ့ဖြစ်နေရတာတုန်း..! ရှီဖန်း ကို မိမိသူငယ်ချင်း အန်းန က ဝမ်းနဲ့လွယ်ပြီး မွေးခဲ့သော်လည်း ကုယန်း ကိုတော့ အခုထိ အမြင်မကြည်နိုင်သေး..။ အတွေးတွေလွင့်နေတုန်းမှာ ရိပေါ့်အသံက တိုးသဲ့စွာ..

" မားး ဒေါသမထွက်နဲ့နော် Bo ဖြေပါ့မယ် "

ငေါက်ငမ်းခံလိုက်ရမှ ရိပေါ်မှာ တွန့်ဆုတ် တွန့်ဆုတ်နှင့် Sofa ပေါ်ကနေ ကြမ်းခင်းပေါ် ဆင်းထိုင်လိုက်ကာ မိခင်လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း လေချိုသွေးသည်..။

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Donde viven las historias. Descúbrelo ahora