# Unicode #
Baby Bo
_________🗯"[ ဟုတ် Bo အကုန်လုံး အဆင်ပြေတယ် မားးရဲ့ "]
"............."
🗯"[စိတ်မပူပါနဲ့ ဘယ်သူမှ Bo ကို မနှောင့်ယှက်ပါဘူး မာလုပ်ငန်းစုရဲ့ အမွေဆက်ခံသူဖြစ်နေပြီပဲ မားးက ဘာကို စိုးရိမ်နေတာလဲ "]
"..........."
🗯"[အင်းပါ..Bo နားလည်ပါတယ် မားးရယ် မားးသာ ကျန်းမာရေးကို ဂရုစိုက်နော် "]
"............."
🗯"[ဒါဆို Bo ဖုန်းချလိုက်တော့မယ်နော် အရမ်းချစ်တယ် မား "]
ရိပေါ်က တသိမ့်သိမ့်ရယ်မောပြီး ပျော်မြူးနေပုံနှင့် ဖုန်းချလိုက်သည်..။ ပြီးနောက် ဖုန်းကို မှန်တင်ခုံထက် ပစ်တင်လိုက်ပြီး အံဆွဲထဲမှ စီးကရက်ဘူးကို ထုတ်ယူလိုက်တယ်..။
"အဟက်! သူငယ်ချင်းလေးကို လွမ်းနေတာ "
စီးကရက်တစ်လိပ်ကို ညင်သာစွာ ထုတ်ယူရင်း လက်ကြားထဲ အတော်ကြာ လှည့်ပတ်ကစားနေ လိုက်သေးသည်..။ နောက်ဆုံးတွင်တော့ စီးကရက် ဖင်ဆီခံက ရိပေါ့် နှုတ်ခမ်းလွှာကြား ဖိသွင်းခံလိုက်ရကာ "ဂျိ"ခနဲ မီးညှိသံနှင့်အတူ ထွက်ပေါ်လာသော ငွေဖြူရောင် အငွေ့တန်းများ..။
အဆုတ်ထဲသို့ လေ တစ်ရှိုက် ရှူသွင်းပြီး ရိပေါ်က တိုးတိတ်စွာ ညည်းညူသည်..။
"Shit So good "
အိုက်ယား ဆေးလိပ်မသောက်တာ ကြာလို့လားမသိ ဒီတခေါက် Feeling က တငြိမ့်ငြိမ့်နဲ့ Very niceပဲ ။ ရူးသွပ်ပစ်ချင်လိုက်တာ ။
"ဟင်း ....."
ပိတ်ပိတ်မှောင်နေသော အခန်းနှင့် ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ။နံရံမှာ မှီကပ်ကာ ခွေခေါက် ထိုင်နေသော ဝမ်ရိပေါ်က ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်တိုင်း လွန့်လူးစွာပြုံးသည်..။
"ဒေါက် ဒေါက်! "
အချိန်ကိုက် ထွက်လာတဲ့ တံခါးခေါက်သံကြောင့် ရိပေါ့်မျက်လုံး အစုံက သားရဲတစ်ကောင်လို ခက်ထန်လာခဲ့ပြီး နားနှစ်ဖက်ကို လက်နှင့်ပိတ်ကာ..
" ကျစ်! ဘယ်သူလဲ? "
"ကိုယ်ပါ "
"ဟင်! "
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...