##UNICODE ##
Baby Bo
__________ကျောင်းဖယ်ရီ နောက်က ထပ်ကြပ်မကွာ လိုက်လာသော ဆိုင်ကယ်အနက်ရောင်လေးကို ရိပေါ်သတိထားမိနေတာကြာပြီ..။ ကျိန်းသေတာပေါ့ ထိုဆိုင်ကယ်ပိုင်ရှင်က ရှီဖန်းက လွဲပြီးဘယ်သူရှိဦးမှာလဲ..? အဲ့ဒီစီနီယာက သူ့ကိုပြသာနာရှာရမှကို ကျေနပ်တာလားမသိ..။
ဒရိုင်ဘာကြီးက ထုံးစံအတိုင်း Condo ရှေ့မှာ ကားရပ်ပေးသည်..။ Hoddie က ခေါင်းဆောင်းကို မျက်နှာလုံနိုင်သလောက် လုံအောင်ဆွဲဆောင်းလိုက်ပြီး ရိပေါ် က ကားပေါ်ကဆင်းသည်..။ သူများကျောင်းသားတွေလို ပေါ့ပေါ့ပါးပါး မဟုတ်ပဲ ရိပေါ့်လက်ထဲတွင် ထမင်းချိုင့်အိတ်အပြင် ထီးကောက်ကြီးကပါ တွဲလီတွဲလောင်းပါသည်..။
Security ဦးလေးကြီးက သူ့ကိုအနည်းငယ် မျက်မှန်းတန်းမိနေပြီမို့ ပြုံးပြလာတယ်..။ ရိပေါ် က ခေါင်းညိမ့်အသိအမှတ်ပြုပြီး Condo ရှေ့က မြက်ခင်းပြင်ကို ဖြတ်လျောက်ရန်ပြင်သည်..။ သို့ပေမဲ့ နောက်က ဆိုင်ကယ်ဘရိတ်အုပ်သံ ပြင်းပြင်းနဲ့အတူ..
" ဝမ်ရိပေါ် "
"ကျစ်! အန်ကယ် ဒီလူနဲ့ ကျွန်တော်မသိဘူးနော် ကျေးဇူးပြုပြီး Condo ဝန်းထဲ သူ့ကိုမဝင်ခိုင်းပါနဲ့ အန်ကယ့်အတွက်ပြောနေတာပါ ဒီလူက ကျောင်းမှာဆိုရင်လဲ လူရမ်းကားဗျ "
မိမိကို တစ်ချက်တောင် လှည့်မကြည့်ပဲ အချေကောင်လေးက Security ကြီးအား နှုတ်ခမ်းတထော်ထော်နှင့် ထိုသို့တိုင်ပြောထူနေသည်..။ ချစ်ဖို့ကောင်းလိုက်တာဆိုတာ..ရှီဖန်းမှာ စိတ်ဆိုးရမယ့်အစား ပြုံးသာပြုံးနေမိတော့တယ် ဒီကောင်လေး ဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတာကို..။
Rainy Condo ရဲစည်းကမ်းချက်ကို သူသိတာပေါ့ အပြင်လူမဝင်ရတဲ့အပြင် ဧည့်သည်ခေါ်မယ်ဆိုရင် Security အား ကြိုတင်၍ အကြောင်းကြားထားရသည်..။ ဒီ Condo က အတော်ကလေးစျေးမြောက်ကာ idol တွေတောင် နေသည်လေ..။ ထို့ကြောင့် လုံခြုံရေးပိုင်းက အရမ်းကို တင်းကြပ်လှသည်..။
Security ဦးလေးကြီးက ရိပေါ့်ကိုတစ်လှည့် ဆိုင်ကယ်ပေါ်တွင် ခုထိခွထိုင်ဆဲရှိသော ရှီဖန်းကို တစ်လှည့် ကြည့်နေကာ ခေါင်းကိုကုတ်သည်..။ ရိပေါ်မှာ Security ဦးလေးကြီးကိုကြည့်ပြီး စိတ်မရှည်တော့..။ ထို့ကြောင့် စူပုတ်ပုတ်နဲ့ပဲ..
ESTÁS LEYENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...