## Unicode ##
Baby Bo
_________" ဗိုက်ဆာလိုက်တာ! "
တိုးတိတ်စွာ ညည်းညူရင်း နာရီကိုငဲ့ကြည့်တော့ ည 9 နာရီကျော်နေပြီ..။ ရှောင်းကျန့်တို့က အလုပ်ကိုမလုပ်ရင်လဲ လုံးဝမလုပ်ဘူး လုပ်ရင်လဲ ခုလိုညဥ့်နက်အောင် လုပ်တတ်သည်..။ ဗိုက်ထဲက တစ်ဂြုတ်ဂြုတ်မြည်သံက ပို၍ကျယ်လာတာကြောင့်..
" ဝမ်ရိပေါ့် ကို ညစာလာပို့ခိုင်းမှပဲ "
'Baby Bo'ဟူသော Phone contact ကိုနှိပ်ရန်ပြင်ပြီးမှ မျက်မှောင်ကြုတ်မိကာ ကိုယ့်ခေါင်းကိုပြန်ရိုက်လိုက်ပြီး..
"အိုက်ယား! မေ့တတ်ရန်ကော အဲ့ဒီအရှုပ်ထုပ်နဲ့က မနေ့ကပဲ ပြီးဆုံးသွားပြီလေ ဗိုက်ဆာတာနဲ့ အသိစိတ်တွေ ဝေဝါးကုန်ပြီလား ရှောင်းကျန့်ရ "
ရှက်ရယ်ရယ်ပြီး ခေါင်းကိုတစ်ဗျင်းဗျင်းကုတ်ကာ Food Shop ကို ဖုန်းဆတ်လိုက်တယ်..။ Chocolate Cake နဲ့ Green tea တစ်ခွက်လို့ မှာပြီးမှ Black coffee ကြိုက်တတ်သော ကောင်လေးကို သတိရမိသွားသည်..။
"Bo အတွက် Strawberry Cake နဲ့ Black Cofeeနော် ကိုကို "
အစားအသောက်တွေ မှာစားတိုင်း ဝမ်ရိပေါ်အမြဲလိုလို စားတတ်သောမုန့်များပင်..။ Strawberry လိုချိုသော Cake ကို Black Coffee နဲ့ တွဲစားရင် ကောင်းလားလို့ ကိုယ်က မေးခွန်းထုတ်တိုင်း ထိုကောင်လေးက ခေါင်းသွက်သွက်ညိမ့်ပြီး ကိုကိုမြည်းကြည့်ဆိုပြီး သူ့ရှေ့ကိုမုန့်ပန်းကန်များ တိုးပေးလိမ့်မည်..။
မြည်းစမ်းခဲ့ဖူးပါသည်..။
ဝမ်ရိပေါ့် ပါးစပ်ထဲမှ ထိုအစားအစာနှစ်ခု ရောစပ်ထားသော ခပ်ဆန်းဆန်း အရသာလေးကို..။ Coffee ရဲ့ခါးသက်ခြင်းအား Strawberry ရဲ့ချိုမြခြင်းက အနိုင်ယူသွားသောအခါ..ခါးသက်ပေမဲ့ ချိုအီနေသော ထိုခံစားချက်..။ နှုတ်ခမ်းအိအိလေးနှင့် လျှာဖျား နွေးနွေးလေးပါ ပေါင်းစပ်လိုက်သောအခါ ထိုအရသာက သိပ်ကိုကောင်းသည်ဟု ထောက်ခံခဲ့ဖူးသည်..။ အရမ်းကို သဟဇာတ ဖြစ်သည်ဟု နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်ရင်း သူပြောခဲ့ဖူးသည်..။
ဘယ်အချိန်တွင် မုန့်မှာစားစား ဝမ်ရိပေါ်က ပြီးဆုံးအောင် မစားလိုက်ရပဲ မိမိကသာ အရှိန်ပါပြီး ထိုကောင်လေးအား အားရပါးရစားသောက်ခဲ့တာချည်း..။
STAI LEGGENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...