Part (29)

1.6K 183 13
                                    

## Unicode ##

Baby Bo
_________

" Bo ရေ ကိုယ် ဒီမှာ "

ကား Parking ထဲ ခြေချလိုက်ပြီ ကတည်းက ကိုကို့အား ရိပေါ် တွေ့​သည်..။ ဘာလို့   Driver ကြီးက လာမကြိုတာလဲ မသိဘူး လမ်းလျှောက်နေရင်းနဲ့ Driver ကြီးကို ဖုန်းဆတ်မေးတော့ သခင်လေးရှောင်းကျန့်က သူသွားကြိုပေးမယ်ပြောပြီး ကားကို အတင်းကြီး ယူသွားတာတဲ့လေ..။

" စာမေးပွဲ ဖြေနိုင်ရဲ့လား Bo "

ရှေ့ဘက်ကားတံခါးကို ရှောင်းကျန့်က ဖွင့်ပေးရင်း စကားစ လိုက်သော်လည်း ရိပေါ်က နောက်ခန်းတံခါးကို ဖွင့်ကာ ဝင်ထိုင်တယ်..။ ပြီးနောက်ဖုန်းကို ကြည့်နေပြီး..

" ဒီနားက မြေအောက်Club ကို မောင်းပေး "

ရှောင်းကျန့်: [______]

" အပြန်လာကြိုစရာ မလိုဘူး ကိုယ့်အစီအစဥ်နဲ့ ကိုယ် ပြန်မှာမို့လို့.."

ရှောင်းကျန့်: [________]

ပိရိသေသပ်သော လေယူလေသိမ်းက အမိန့်ပေးနေတာမျိုး မဟုတ်သော်လည်း အထက်စီးဆန်နေသည်..။ ရိပေါ်က သူ့အား Driver တစ်ယောက်လို ဆက်ဆံလိုက်တယ်တဲ့လား..? Back မှန်ကနေ ကြည့်ရတာ အားမရတာမို့ ရှောင်းကျန့်မှာ နောက်ပြန် လှည့်ကြည့်မိရင်း..

" Bo..ကိုယ်လေ "

" နားညီးတယ် ကျေးဇူးပြုပြီး စကားမပြောပါနဲ့ ရှောင်ရှောင်းကျန့် "

"Bo.."

" အဟက်! နားကလော်လိုက်တာ ဘာကို Bo နေတာလဲ အရင်ကလိုပဲ နာမည်သာခေါ်စမ်းပါ "

" ကလေး..ကိုယ်ကလေ "

"အဟား..ကလေးတဲ့ ဟာသတွေ လုပ်နေတယ် !"

တစ်ချိန်က Bo ဆိုတာ သူ အရမ်းမက်မောခဲ့တဲ့ နာမ်စားတစ်ခုပါ။ ခုချိန်မှာတော့ရှောင်းကျန့်ရဲ့ ပြောင်းလဲမှုတိုင်းကို ရိပေါ်က မဲ့ရွဲ့ကာ လှောင်ရယ်နေခဲ့ပြီး..

"ဘာကိုကလေးလဲ..? အရင်ကလို ခင်ဗျားက ကလေးလို့ ခေါ်လိုက်တိုင်း ဒီကောင်က ခြေထောက်တွေကို ကားပေးမယ် ထင်နေတာလား..? အဟက်! အသက်သာ ကြီးလာတယ် အတွေးအခေါ်က ရင့်ကျက်မလာဘူးပဲ အားနေ တဏှာရူးဖို့ပဲ သိတယ် "

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Waar verhalen tot leven komen. Ontdek het nu